/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, July 15, 2013

.

ဘာကြောင့်အမြတ်ပြပြီး ပြန်ဆောင်သလဲ။

နှစ်စဉ် လုပ်ငန်းအရှုံးပြကာ အခွန်ကြေညာလွှာများ လိမ်လည်တင်ကာ အခွန်တိမ်းရှောင်နေသည့် လုပ်ငန်း များအား အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့မှ စစ်ဆေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားချက် များအရ သိရသည်။


မြန်မာနိုင်ငံတွင် အမြတ်အစွန်း ကြီးမားသည့် သစ်အလုံးလိုက် ပြည်ပတင်ပို့မှု၊ နိုင်ငံပိုင် လုပ်ငန်းများအား BOT စနစ်ဖြင့် ရယူကာ လုပ်ကိုင်မှု၊ စက်သုံးဆီ ပြည်ပမှ တင်သွင်းဖြန်ြ့ဖူး ရောင်းချမှု၊ အိမ်ခြံမြေ တိုက်တာ ဆောက်လုပ် ရောင်းချမှု၊ ရှော့ပင်းမောလ်နှင့် ကွန်ဒိုများ ဆောက်လုပ်ရောင်းချမှုကဲ့သို့ လုပ်ငန်းပေါင်း များစွာ လုပ်ကိုင်နေသည့် နာမည်ကျော် ကုမ္ပဏီကြီးအချို့မှာ လုပ်ငန်းအရှုံးပြကာ အခွန်တိမ်းရှောင်လျက် ရှိနေဆဲဖြစ်ကြောင်း၊ အခွန်ပေးဆောင်ထားသည့် အခွန်ထမ်း စာရင်းများတွင် ပါဝင်ခြင်း မရှိကြောင်းလည်း သိရသည်။

အစိုးရသစ်လက်ထက် ၂၀၁၂-၂၀၁၃ အခွန်စည်းကြပ်နှစ်အထိပင် အဆိုပါ လုပ်ငန်းများ လုပ်ကိုင်နေသည့် ကုမ္ပဏီကြီးအချို့ အပါအ၀င် ကုမ္ပဏီပေါင်းများစွာသည် ရဲတင်းစွာဖြင့် အခွန်လိမ်လည် တိမ်းရှောင်လျက် ရှိနေဆဲဖြစ်ပြီး ယနေ့အချိန်အထိလည်း အရေးယူမှု တစ်စုံတစ်ရာ ခံရခြင်း မရှိကြောင်းလည်း သိရသည်။

အစိုးရသစ် ပထမဆုံးလက်ထက် ၂၀၁၁- ၂၀၁၂ စည်းကြပ်နှစ်ကလည်း နာမည်ကြီး ကုမ္ပဏီကြီးများမှာ အခွန်ကြေညာလွှာပင် လာရောက်မတင်ခြင်း၊ အခွန်ကြေညာလွှာ တင်ရာတွင်လည်း လုပ်ငန်းအရှုံးပြ တင်ကာ အခွန်ရှောင်တိမ်းခဲ့သည်။

ကုမ္ပဏီတစ်ခုဆိုရင် အရှုံးလာပြတယ်။ ဌာနတာဝန်ရှိသူတွေက စစ်ပြီးတော့ မရှုံးမှန်းသိလို့ ဆောင်ဖို့ ပြောတယ်။ အဲဒီတော့မှ အမြတ်ပြပြီး နည်းနည်းလာဆောင်တယ်။ တကယ်တမ်းရှုံးတာမှန်ရင် ကျွန်တော် တို့က ဆောင်ခိုင်းတာကို မကျေနပ်ရင် အခွန်အယူခံ ၀င်ခွင့်ရှိတယ်။ ၀င်လို့ရတယ်၊ ဘာကြောင့်မ၀င်ဘဲနဲ့ အမြတ်ပြပြီး ပြန်ဆောင်သလဲ။ အစကတည်းက စာရင်းလိမ်ပြီး အရှုံးပြလို့ဆိုတာ ရှင်းနေပြီလေ                 

ယခု အစိုးရသစ်လက်ထက် ဒုတိယနှစ် ၂၀၁၂-၂၀၁၃ အခွန်စည်းကြပ်နှစ်အတွက် အခွန်ထမ်းစာရင်း ပြုစုထားပြီးသည့်နောက်ဆုံး စာရင်းများ၌လည်း ထိုသို့ နှစ်စဉ်ရှောင်တိမ်းနေသည့် ကုမ္ပဏီများမှာ ပါဝင် လာခြင်း မရှိဘဲ ဆက်လက်တိမ်းရှောင်နေဆဲဖြစ်ကြောင်း သိရသည်။

၂၀၁၁-၂၀၁၂ အခွန်စည်းကြပ်နှစ်က မြန်မာနိုင်ငံ အနေဖြင့် ပြည်တွင်းအခွန်ဦးစီးဌာနမှ ကောက်ခံသည့် အခွန်အရပ်ရပ် စုစုပေါင်း ကျပ်ဘီလျံ ၁၅၀၀ ကျော်သာ ရရှိပြီး ၂၀၁၂-၂၀၁၃ စည်းကြပ်နှစ်တွင် အခွန် အရပ်ရပ် ကျပ်ဘီလျံ ၂၅၀၀ ကျော်အထိ ရရှိခဲ့ကြောင်း၊ တစ်နှစ်အတွင်း၌ပင် ပြည်တွင်းအခွန် ဦးစီးဌာနမှ ကျပ်ဘီလျံ ၁၀၀၀ နီးပါးအထိ တိုးတက်ကောက်ခံ ပေးနိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ အခွန်ပိုမိုရရှိမှုမှာ အခွန်တိမ်းရှောင်နေသည့် ကုမ္ပဏီများ အခွန်ထမ်းဆောင်လာခြင်းကြောင့် မဟုတ်ဘဲ နှစ်စဉ်အခွန်ထမ်းဆောင်နေကြ ကုမ္ပဏီများနှင့် အများပြည်သူမှ ပိုမိုပေးဆောင် လာခဲ့ခြင်း ကြောင့် လည်းကောင်း၊ ထိပ်ဆုံးအခွန်ထမ်း စာရင်းများ ထုတ်ပြန်ကာ အခွန်မည်သူ တိမ်းရှောင်နေသည်၊ မည်သူက ပေးဆောင်နေသည်ကို သိရှိမည့်စနစ်ကို ပြောင်းလဲလိုက်သည့်အတွက် လည်းကောင်း၊ အခွန် ပေးဆောင်သည့် နှုန်းထားများအား လျှော့ချပြင်ဆင် ကောက်ခံလိုက်သည့်အတွက် လည်းကောင်း၊ နိုင်ငံ တကာ စီးပွားရေး လုပ်ငန်းများ ၀င်ရောက်ချိန်တွင် နိုင်ငံတကာမှ အခွန်တာဝန် ကျေပွန်စွာ ထမ်းဆောင် သည့် ကုမ္ပဏီများကိုသာ လက်ခံလုပ်ကိုင်သည့်အတွက် လည်းကောင်း ယခုကဲ့သို့ ပိုမိုရရှိလာခြင်းဟု သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် လုပ်ငန်းအရှုံးပြကာ အခွန်မဆောင်သည့် လုပ်ငန်းရှင်ကြီးများထဲတွင် လက်ရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် UMFCCI တွင် ထိပ်ပိုင်းတာဝန် ယူထားသည့် လုပ်ငန်းရှင်ကြီးများကိုယ်တိုင် ပါဝင်နေပြီး နှစ်စဉ်ကျပ်သိန်းပေါင်း ထောင်သောင်းချီကာ အရှုံးပြပြီး အခွန်ဥပဒေပါ အချက်များအား လက်တစ်လုံးခြားပြုကာ အခွန်ရှောင်တိမ်းနေခြင်းဟု သိရသည်။

"အခွန်စိစစ် ကြပ်မတ်ရေး ဘုတ်အဖွဲ့က အရှုံးပြပြီးတင်တဲ့ လုပ်ငန်းတွေကို စစ်တော့မယ်။ လုပ်ငန်းတချို့က စာရင်းလိမ်ပြီး အရှုံးပြတာ။ ဥပမာ-ကုမ္ပဏီတစ်ခုဆိုရင် အရှုံးလာပြတယ်။ ဌာနတာဝန်ရှိသူတွေက စစ်ပြီးတော့ မရှုံးမှန်းသိလို့ ဆောင်ဖို့ပြောတယ်။ အဲဒီတော့မှ အမြတ်ပြပြီး နည်းနည်းလာဆောင်တယ်။ တကယ်တမ်းရှုံးတာမှန်ရင် ကျွန်တော်တို့က ဆောင်ခိုင်းတာကို မကျေနပ်ရင် အခွန်အယူခံ ၀င်ခွင့်ရှိတယ်။ ၀င်လို့ရတယ်၊ ဘာကြောင့်မ၀င်ဘဲနဲ့ အမြတ်ပြပြီး ပြန်ဆောင်သလဲ။ အစကတည်းက စာရင်းလိမ်ပြီး အရှုံးပြလို့ဆိုတာ ရှင်းနေပြီလေ" ဟု ပြည်တွင်းအခွန် ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

Credit : first-11.com

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။