ကမ္ဘာကျော် Google ကုမ္ပဏီကြီးက သိပ္ပံပညာရှင်တွေဟာ ဟီလီယံဓာတ်ငွေ့တွေ ဖြည့်ထားတဲ့ ဓာတ်ငွေနဲ့ ပျံတဲ့ လေပူဖေါင်း ၃၀ ကို နယူးဇီလန်နိုင်ငံက ကောင်းကင်ကို လွှတ်တင်ခဲ့ကြပါတယ်။
ကမ္ဘာပေါ်တ၀ှမ်း worldwide web လို့ခေါ်တဲ့ အင်တာနက် မရရှိတဲ့ လူ ၅ ဘီလီယံကျော် အင်တာနက် ရရှိနိုင်ဖို့ စိတ် ကူးနဲ့ အဲဒီလို လွှတ်တင်ခဲ့တာဖြစ်ပါတယ်။
Google ကုမ္ပဏီက အဲဒီလို ပူဖေါင်းတွေကို လွှတ်တင်လိုက်တဲ့အချိန်မှာ နယူးဇီလန်နိုင်ငံ Christchurch မြို့က အိမ်ခြေ ၅၀ လောက်ဟာ အဲဒီ ပူဖေါင်းတွေကနေ အင်တာနက် ဆက်သွယ်လို့ရခဲ့ပါတယ်။
လေပေါ်မှာ ကီလိုမီတာ ၂၀ လောက် ပျံသန်းနေတဲ့ အဲဒီ ပူဖေါင်းတွေဟာ လေထဲမှာ ၃ လလောက် တည်ရှိ နိုင်ဖို့အတွက် လုပ်ထားတာဖြစ်ပါတယ်။
Credit : http://burmese.voanews.com/content/google-internet-ballon-06-15-13/1682658.html
No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။