/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, June 17, 2013

.

တရားဥပဒေစိုးမိုးရေးကော်မတီ ဥက္ကဌ ဒေါ်စု နေထိုင်ရာ ရန်ကုန်မြို့ မင်္ဂလာဈေး ကားမှတ်တိုင်တွင် စိတ်ကြွဆေးပြားနှင့် ဘိန်းဖြူဖမ်းမိ



လူထု့ဆန္ဒမကောက်ယူပဲ ရွေးချယ်ထားသည့် တရား ဥပဒေစိုးမိုးရေးကော်မတီ ဥက္ကဌ ဒေါ်စု နေထိုင်ရာ ရန်ကုန်မြို့ မင်္ဂလာဈေး ကားမှတ်တိုင်တွင် စိတ်ကြွ ဆေးပြားနှင့် ဘိန်းဖြူဖမ်းမိ ခဲ့ပြီး တရားဥပဒေစိုးမိုးရေး ကော်မတီ ဥက္ကဌကို လူထုကမလေးစား ကြသဖြင့် ရန်ကုန်တွင် ဒုစရိုက်မှု ပိုများလျှက်ရှိကြောင်း သတင်း ရရှိသည်။


ဆေးနှင့်ဆေးပစ္စည်း လက်ကား အရောင်းဆိုင်ကြီးများ တည်ရှိရာ မင်္ဂလာတောင်ညွန့် မြို့နယ် မင်္ဂလာဈေး ကားမှတ်တိုင်တွင် ဇွန်လ ၁၂ ရက် နံနက် ၆ နာရီ ခန့်က အမျိုးသမီးငယ်တစ်ဦး ထံမှ ကျပ်သိန်း ၈၀၀ ကျော် တန်ဖိုးရှိသော စိတ်ကြွဆေးပြား များနှင့် ဘိန်းဖြူတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိ ရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်း မြို့နယ်တွင် နေထိုင်သူအသက် ၂၃ နှစ် အရွယ် ဒေါ်အုတ်ကွန်းသည် ကားမှတ်တိုင်တွင် စောင့်ဆိုင်းနေစဉ် သတင်းရရှိချက်အရ ရှာဖွေခဲ့ရာ ၄င်း၏ ဝမ်းဗိုက်တွင် စည်းနှောင် ထားသည့် အဝါရောင်ကပ်ခွာ အိတ်အတွင်းမှ မူးယစ်ဆေးဝါးများကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း လိုက်လံ စစ်ဆေးခဲ့သည့် ရဲအရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ "အမျိုးသမီးတွေ ကလေးမွေး ပြီးရင် ဗိုက်မှာပတ်တဲ့ဟာ လိုမျိုး အထဲမှာထည့် ထားတာ အပြင်ပန်းက ကြည့်ရင် ပါတယ်လို့တောင် မထင်ရဘူး" ဟု ၄င်းက ထပ်မံ ပြောကြားသည်။

အဆိုပါ ခါးစည်းကပ်ခွာအိတ် အတွင်း WY စာတန်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ် ဆေးပြား ၉၉၈၀ ပြား၊ WY စာတန်းပါ အစိမ်းရောင် စိတ်ကြွဆေးပြား ၈၅ ပြား နှင့် ၉၉၉ စာတန်းပါ ဘိန်းဖြူဟု ယူဆရ သည့် ၃၈၀ ဂရမ် အထုပ်တစ်ထုပ်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိသူ ဒေါ်အုတ်ကွန်းကို ( ပ ) ၁၆/၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သည့် ဆေးဝါးများ တားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ ၁၅/၁၉ ( က ) ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း မင်္ဂလာတောင်ညွန့်ရဲစခန်း ထံမှ စုံစမ်းသိရှိရသည်။

မူးယစ်ဆေးဝါးဖမ်းမိခဲ့သည့် သပြေကုန်း ရပ်ကွက်တွင် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့က ကျပ်သိန်းနှစ်သောင်း ကျော် တန်ဖိုးရှိသည့် စိတ်ကြွဆေးပြား အလုံးရေ ငါးသိန်းခန့်ကို အဆိုပါရပ်ကွက် ၁၂၆ လမ်းရှိ အီလက်ထရွန်နစ်ပစ္စည်းများ ထားသိုသည့် ဂိုဒေါင်တွင် အမြောက်အမြား ဖမ်းဆီးရမိ ခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

၂၀၁၃ ခုနှစ် မေလအတွင်း မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးဖမ်းဆီးမှု စုစုပေါင်း ၃၉၇ မှု ရှိရာ ဘိန်းဖြူအများဆုံး ဖြစ်ပြီး ၁၅၁ မှု၊ အလေးချိန် ၂ ဒသမ ၈၁၁၄ ကီလို ၊ စိတ်ကြွဆေးပြား ဖမ်းဆီးရမိမှုမှာ ဒုတိယအများဆုံး ဖြစ်ပြီး ၁၀၅ မှုရှိကာ ၃၂၀,၇၁၈ ပြား ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်ထံမှ သိရှိရသည်။

.. www.MyanmarExpress.net

10 comments:

  1. ဟုတ်တယ် တရားဥပဒေ စိုးမိုးရေးဥက္ကဌ
    နေထိုင်တဲ့ ရန်ကုန်မြို့မှာ လူသတ်မှုတွေ
    လုယက်မှုတွေ ရန်ဖြစ်မှုတွေ မုဒိန်းမှုတွေ
    ( မုဒိန်းမှုတွေမှာ နှစ်မှုဖြစ်တိုင်း တမှုက ၁၀ နှစ်အောက်
    ကလေးတွေ)
    မူးယစ်ဆေးဝါးမှုတွေ တော်တော်ဖြစ်နေတယ်
    အဲဒါကို သူမ လည်း မတတ်နိုင်ပါ
    လူတွေဟာတော်တော် ပျက်စည်းနေပြီ
    လူတွေကို လွယ်လွယ်
    နဲ့ ပျက်စီးစေမဲ့ အရက်တို့ ဘိန်းအပါအဝင်
    မူးယစ်ဆေးဝါးတွေ ဟာ လက်တကမ်း
    အကွာမှာပါ အရက်ပုန်းဆိုင်တွေဟာ လက်ညှိုးထိုး
    မလွဲဘူး နောက် KTVတွေ massage တွေ
    မှာ လူငယ်တွေ အတတ်ကောင်းတွေ သင်နေကြတယ်
    လူငယ်လူရွယ်တွေအတွက် ရင်လေးစရာပါ
    လောင်းကစားတွေဟာလည်း လူတွေအတွက်
    စီးပွားရေး ချွတ်ခြုံ ကြစေနေသည်။
    ဒီလိုစါရိတ္တတွေ ပျက်ပြားနေရင် ဘာသာရေးဘက်အရမ်း
    အားနည်းပြီပေါ့။ ဒီတော့ အမျိုး ဘာသာ သာသနာကို
    ထိန်းသိမ်းစောင့်ရှောက်မယ် ဆိုတဲ့ ၉၆၉မှာ
    လုံးဝ တာဝန်ရှိနေပြီ ဒေါ်စုမနိုင်တဲ့ ကိစ္စ တွေကို
    လုပ်ပြစမ်းပါ အဲဒီလို လူတွေကို စါရိတ္တပျက်ပြားစေမဲ့
    အရာင်္တွေကို ရောင်းဝယ်ဖေါက်ကားနေတဲ့ သူတွေကို
    ရပ်တန်းကရပ်ဖို့ ရာဇသံပေး မလိုက်နာရင်
    အဲဒီ့ အရက်ဆိုင်တွေလိုက်ဖျက် နှစ်လုံးသုံးလုံး
    ရောင်းတဲ့ သူတွေ မူးယစ်ဆေးရောင်းတဲ့သူတွေကို
    လိုက်ဖမ်း မုဒိန်းသမားတွေကိုသတ်ပစ်
    KTV တွေ massage တွေကိုလိုက်ဖျက်
    အမျိုးကောင်းသမီးတွေကို ကယ်တင်ကြ
    myanmar express ကလည်း ကိုယ့်ဆိုဒ်ထဲမှာ
    တာဝန်ယူပြီး အဲလိုဖြစ်အောင် လှုံ့ဆော်
    အဲဒီလို အသီးသီး တာဝန်ယူလိုက်ကြရင်
    အရမ်း ငြိမ်းချမ်းတဲ့ ရန်ကုန်မြို့ ကြီး
    ဖြစ်သွားလိမ့်မယ်။
    ၉၆၉ နဲ့ myanmar express တို့လည်း
    တကယ့် တိုင်းပြည်ရဲ့ ကယ်တင်ရှင်ကြီးတွေ
    ဖြစ်လာကြလိမ့်မယ်။
    ဘယ်လိုလဲ။
    လုပ်ကြမလား????

    ReplyDelete
  2. စကားပုံတောင်ရှိသေးတာဘဲ။ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတာ။ NLD က အဲ့ဒီအတိုင်းဖြစ်နေတာလေ။ဒုက္ခတွေ ပင်လယ်ဝေ နေရင် ဒင်းကမရှိတော့ဘူး။ ဘာမှ မသိသလိုလိုနဲ့ ကမ္ဘာပတ်လေ့လာနေတာ။

    ReplyDelete
  3. အပေါ်ကရေးတဲလူပြောတာမှန်တယ် Myanmar Express က ဒေါ်စုမကောင်တာနဲ ကုလားမကောင်တာနဲပြီးနေတာ ကျန်တာ ဗဟုသုတမပါဘူး

    ReplyDelete
    Replies
    1. အဲဒါတော့သဘောတူသဗျာ။myanmar express မှာေ၇းတဲ့
      သူတွေ။(တချို့) အင်္ကျီတောင် မ၀တ်တဲ့ တုံးလုံးတွေလားဗျာ။
      ၇ိုင်းစိုင်းပြီး အဆဲကသန်။ညစ်တီးညစ်ပတ်တွေေ၇း။ထည့်ပေးတဲ့
      Website ကိုလည်းအံ့သြတယ်။ချီးထုပ်website ဘဲ။ဘောလုံး
      ကွင်းထဲမှာ လိုင်စင်၇သလိုဆဲနေကြတာ။

      Delete
  4. ရေးစရာမှမရှိတာ ရှိတာလေးပဲရေးနေရတာပေါ့နော်

    ReplyDelete
    Replies
    1.ေ၇းစ၇ာမ၇ှိ၇င် ၇ီးစာစာေ၇း။တွေ့တဲ့ဆော်တွေလိုက်ပေး။
      အစဉ်ပြေ၇င်လည်းပြေပေါ့။မပြေ၇င်လည်းအချုပ်ထဲဝင်။ဒါဘဲပေါ့
      ဒါဘဲလေ။

      Delete
  5. သူများကိုလက်ညှိုးထိုးတာလွယ် ဟုတ် မိမိဘလော့ဘာများတာဝန်ကျေဘူးလဲ။

    ReplyDelete
  6. ၈၈ မျိုးဆက်အိုများ
    ကမ္ဘ္ဘာပတ်
    ဈေးဝယ်အလှူခံထွက်
    ထောင် ထွက် မှ
    ဆန်းပွင့် ၄၀ကျော်မှအလုပ်ဖြစ်
    ထောင် ဆိုတာနိုင် ငံရေးသိပံ္ပကျောင်းလား
    တွေးအထင် မှား
    NLDအပျိုမ
    ပန်း ပန်လျှက်ခင် ဗျ
    အုပ်ချုပ်သူလူကြီးများ
    ဥပ ဒေကင်း စေလား
    မေ မေစု ကသမ္မတဖြစ်
    မြန်မာပြည်ကြီး သူ့ကျွန်ဖြစိ
    ကျေးဇူးတင် ပါသည် ခွှင့်လွှတ်ပါ ။ ။

    ReplyDelete
    Replies
    1. သူများမကောင်းကြောင်းပြောတဲ့သူတောင်းစား။၈၈ ကကောင်
      တွေကအသက်နဲ့၇င်ပြီးလုပ်၇တာ။အေ၇းအခင်းတုံးက မင်းတို့
      ကောင်တွေဘယ်သွားအိပ်နေလဲ။ဒေါ်စု ကသူ့ဖါသာသူနေမယ်
      ဆို၇င် ၁၀ သက်စားမကုန်ဘူး။မင်းလိုအကြွေးပတ်ချာဝိုင်းနေတာမဟုတ်ဘူး။စိတ်ယုတ်မာ
      ၇ှိတဲ့မင်းလိုကောင်မျိုးချီးကားတိုက်ပြီးသေလိမ့်မယ်။

      Delete
  7. မင်းတို့မလဲ ထစ်ကနဲ၇ှိ ဒေါ်စု နဲ့၈၈ ဘဲဖဲ့နေတာဘဲ။အမွှေ လုဖက်တွေ
    လားကွာ။ဒါမှမဟုတ် နောက်ပြန်ဆွဲ တွေ၇ဲ့ နေ့စား တွေလား။(ဘယ်လို
    ၇ှင်းပေးလဲ။များများေ၇း၇င်လား။အဆဲသန်၇င်လား။)

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။