/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, June 17, 2013

.

လမ်းပြောင်းပြန်မောင်း အနှေးယာဉ်များကြောင့် မော်တော်ယာဉ်မောင်းများ အန္တရာယ် ဖြစ်နိုင်



ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့တွင်းပိုင်း မြို့နယ် အချို့တွင် အနှေးယာဉ်များ မောင်းနှင်ခြင်းကို တား မြစ် ထားသော်လည်း ပြေးဆွဲ မောင်းနှင် နေသည့် အနှေးယာဉ် များကို တွေ့မြင် နေရဆဲ ဖြစ်ပြီး တစ်ချို့သော အနှေးယာဉ် များသည် စည်းကမ်းမဲ့ စွာ လမ်းပြောင်းပြန် မောင်းနှင်ခြင်း များကိုပါ ပြုလုပ် တတ်ကြသဖြင့် မော်တော်ကား ယာဉ်မောင်းများ ယာဉ်အန္တရာယ် ကို ဖြစ်စေနိုင်ကြောင်း သိရသည်။


အဆိုပါ အနှေးယာဉ် များနှင့် ပတ်သက်၍ အဓိပတိ ယာဉ်လိုင်းမှ ယာဉ်မောင်း တစ်ဦးမှ " မြို့တွင်းပိုင်းမှာ ဒီ အနှေးယာဉ် တွေ ရှိနေသေးတာ တော်တော် ဆိုးတယ် ၊ ယာဉ်ကြော တွေက ကြပ်ရတဲ့ အထိ သူတို့က လှစ်ခနဲဆို ဟိုကထွက် လာလိုက် ဒီကထွက် လာလိုက် နဲ့ တစ်ခါတလေ လမ်းပြောင်းပြန် မောင်းလာတာက ပါသေးတယ် ၊ တစ်ခါက ဆိုက္ကားတစ်စီး ကားအကွယ် ကနေ ကျွန်တော့် ကားရှေ့ကို ရုတ်တရက် ပေါ်လာတယ် ၊ ကျွန်တော်လည်း ဒက်စတော့ ဖမ်းအုပ်လိုက်တာ ကားပေါ်က ခရီးသည်တွေက မေတ္တာ ပို့ကြတာပါပဲ .... " ဟု ပြောခဲ့သည်။

ထိုကဲ့သို့ မြို့လယ်ပိုင်း၌ အနှေးယာဉ်များ ပြေးဆွဲခြင်း ၊ စည်းကမ်းမဲ့ မောင်းနှင်ခြင်း များကို သက်ဆိုင်ရာ စည်ပင် သာယာရေး ကော်မတီ နှင့် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့အစည်း များက မကြာခဏ အရေးယူ ဆောင်ရွက်ခြင်း ပြုလုပ်လေ့ ရှိသော်လည်း အဆိုပါ အနှေးယာဉ် များကို တွေ့မြင် နေရဆဲပင် ဖြစ်ကြောင်း သိရှိရသည်။

Credit : http://pyichit-thar.blogspot.com/2013/06/blog-post_4792.html

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။