/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, June 17, 2013

.

ပရိုဘောက်စ်ကားများ မီးသတ်ဆေးဘူး မပါလျှင် မန္တလေးတွင် ယာဉ်မှတ်ပုံတင်ခွင့် ပြုမည်မဟုတ်

ပရိုဘောက်စ်အမျိုးအစား မော်တော်ယာဉ်များ မကြာခဏ မီးလောင်မှုဖြစ်ပွားပြီးနောက် ယင်း မော်တော် ယာဉ် အမျိုးအစားများ မှတ်ပုံတင်ပြုလုပ်ရာတွင် မီးသတ်ဆေးဘူး တပ်ဆင်ထားခြင်းမရှိပါက ယာဉ်မှတ်ပုံ တင်ခွင့် ပြုလုပ်ပေးမည်မဟုတ်တော့ကြောင်း မန္တလေးတိုင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှူးဦးစီးဋ္ဌာန (ကညန) မှ တာဝန်ရှိသူက ပြောသည်။


ပြီးခဲ့သည့် တစ်လဝန်းကျင်အတွင်း ပရိုဘောက်စ်အမျိုးအစား ကားသုံးစီးမီးလောင် ဆုံးရှုံးမှု ဖြစ်ပွားပြီး နောက်တွင် ယင်းအမျိုးအစားယာဉ်များအပေါ် ယခုလို ကန့်သတ်ချက်ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

မန္တလေးတိုင်း ဒေသကြီးကညနမှ ဦးစီးမှူး ဦးသိန်းဦးက ''မီးသတ်ဆေးဘူး ကားမှာ ချိတ်မထားဘူးဆိုရင် ယာဉ် မှတ်ပုံတင် လုပ်မပေးတော့ဘူး။ အခုဖြစ်နေတာတွေက လူသူမနီးတဲ့ ရေနဲ့လည်းမနီးတဲ့ နေရာ တွေမှာ အဖြစ်များပြီး ဆုံးရှုံးမှုတွေဖြစ်နေတော့ တိုင်းဒေသဝန်ကြီးကိုယ်တိုင် စီစဉ်ဆောင် ရွက်ခိုင်းတာ ကြောင့် အခုအကောင်အထည် ဖော်နေပါတယ်'' ဟု မဇ္ဈိမသို့ပြောသည်။

ပရိုဘောက်စ်များ မတော်တဆဖြစ်မှုအပေါ် အဝေးပြေးလိုင်း ယာဉ်ကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူတစ်ဦး ကလည်း ''ဒီကားတွေက အထူးသဖြင့် တောင်တက်တွေမှာ ဖြစ်တာများတယ်။ ကားမောင်းရင်း အပူချိန် တက်လာပြီး မီးလောင်မှုတွေဖြစ်တယ်။ ပြင်ဦးလွင် သွားတဲ့လမ်းပေါ်မှာ အဖြစ်များတယ်။ ဒီကားတွေက အပူချိန် အရမ်းများလို့ မရဘူး၊ မောင်းတဲ့သူက အဲကွန်းဖွင့် မောင်းတော့ အပူချိန်တက်တာမြန်မယ်။ မန္တလေး ရာသီဥတုကလည်း ခန့်မှန်းရခက်တယ်'' ဟု ဖြစ်ပျက်မှုများနှင့် ပတ်သက်၍ ရှင်းပြသည်။

မန္တလေးတိုင်း ကညနအနေဖြင့် မှတ်ပုံတင်ဆိုင်ရာ ကန့်သတ်မှုများ လုပ်ဆောင်ပြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းရေး ကော်မတီမှလည်း စစ်ဆေးဆောင်ရွက်မှုများ လုပ်ဆောင်ဦးမည်ဟုလည်း သိရှိရသည်။

မီးသတ်ဆေးဘူးမပါဘဲမောင်းနှင်ပါက ဒဏ် ကြေးပေးဆောင်ရန် သတ်မှတ်ရန် အစီအစဉ်ရှိကြောင်းနှင့် ဒဏ်ကြေး မည်ရွေ့မည်မျှသတ်မှတ်မည်ကိုမူ မသိရှိရသေးကြောင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကော်မတီ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မန္တလေးမြို့မှ ကားဝယ်ရောင်းတစ်ဦးကမူ ''မီးသတ်ဆေးဘူး မပါရုံနဲ့တော့ အခုလို ကန့်သတ်မှုတွေ လုပ်နေရင် မကောင်းဘူး။ ကျွန်တော်တို့ ဝယ်ရောင်းတွေတော့ကိစ္စ သိပ်မသိသေးဘူး'' ဟု ဝေဖန်ပြောဆို သည်။

''ပရိုဘောက်ကားတွေ က အင်ဂျင်ပါဝါနိမ့်တယ်။ တောင်တက်လမ်းတွေမှာ အင်ဂျင်အပူရှိန်မြင့်တယ်၊ ဖိနင်းရတာ ကြောင့် ဒါကိုသတိထားရမယ်၊ ပြီးတော့ အပူချိန် ၈ဝ ဒီဂရီကျော်မှ သော့ဖွင့်တာနဲ့ ပန်ကာ လည်အောင် လုပ်ထားတော့ပိုဆိုးတယ်။ ဝါယာရှော့ဖြစ်တယ်။ အဓိကကတော့ အပူရှိန်လွန်ပြီး ဝါယာ ရှော့ဖြစ်လို့ လောင်တာများတယ်'' ဟု မဇ္ဈိမသို့ ပြောသည်။

Credit : http://www.mizzimaburmese.com/news/inside-burma/12044-2013-06-14-06-03-06.html

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။