/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, June 7, 2013

.

ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌရာထူး မှ ဦးဇင်ဝိုင်း နုတ်ထွက်

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဖြစ်သူ ဦးဇင်ဝိုင်း သည် ကျန်းမာရေး အခြေအနေ ကြောင့် ဥက္ကဋ္ဌ ရာထူး မှ နုတ်ထွက်လိုက်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နာယက ဦးအောင်လွင် က The Messenger ဂျာနယ်သို့ ပြောသည်။

''နေမကောင်းတာ တော်တော်လေး ဖြစ်နေပါတယ်။ နာက်ကျောမှာ အရိုးနာဖြစ်ပြီး အပေါ့အပါးသွားတာ မထိန်းနိုင်ဘူး။ ဦးလူမင်းက ခေတ္တတာဝန်ယူမယ့်ကိစ္စ ကတော့ တရားဝင်ပြောလို့ မရပါဘူး။ ဘာလို့လဲ ဆိုတော့ မနက်ဖြန်မှ သူတို့အဖွဲ့အစည်းတွေ အစည်း အဝေးထိုင်ကြမှာ။ မဆုံးဖြတ်ရသေးဘူး။ နောက်မှပဲ တာဝန်ယူတာတွေ ထုတ်ပြန်ပါ လိမ့်မယ်''ဟု ၎င်းက ပြောသည်။

ဦးဇင်ဝိုင်းသည် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌရာထူးကို ၂ဝ၁၁ ခုနှစ် မေလတွင် စတင် တာဝန် ထမ်းဆောင်ခဲ့သည်။

Messenger News Journal

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။