/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, June 7, 2013

.

လှေစီး၍ မလေး သွားရန် ကြံစည်သည့် ကုလားများ ဘင်္ဂလာဒေခ်ျ့တွင် အဖမ်းခံရ



လှေစီး၍ မလေးရှားနိုင်ငံသို့ သွားရန် ကြံစည်နေသူ အများအပြားကို ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက ယခုရက်ပိုင်း အတွင်း ဖမ်းဆီးလိုက်သည်။


ဇွန်လ ၅ ရက်နေ့က လူအယောက် ၄၀ ကို ဘင်္ဂလာရဲက မောင်တောမြို့နယ်နှင့် ဆက်စပ် တည်ရှိသော အိုခီးယားမြို့နယ် အတွင်း ဖမ်းဆီး လိုက်သည်ဟု ဒေသထုတ် သတင်းများတွင် ဖေါ်ပြ သည်။ သူတို့ အားလုံးကို မလေးရှားသို့ လှေစီး၍ သွားရန် စီစဉ်နေစဉ် ကော့စ်ဘဇား ခရိုင် အိုခီးယား မြို့နယ် ဘာလုခါလီရွာတွင် ဗုဒ္ဓဟူးနေ့ နေ့လည် (၁) နာရီ အချိန်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးမိသည်ဟု ဆိုသည်။

အလားတူ ဇွန်လ ၄ ရက်နေ့ကလည်း ကား နှစ်စီးနှင့် အတူ မလေးရှားသို့သွားရန် စီစဉ်နေသူ လူ အယောက် ၂၃ ဦး ကို ဘင်္ဂလာနယ်ခြားစောင့်တပ်က ဖမ်းဆီးလိုက်သည်။

ဖမ်းဆီးခံရသူများသည် မိုက်ခရို အမျိုးအစား ကားနှစ်စီးနှင့် အတူ ကော့စ်ဘာဇားမြို့မှ နယ်စပ်မြို့ တက်ကနက်သို့လာရောက်စဉ် ဒုံဒုံမီယာ စစ်ဆေး ရေး ဂိတ်တွင်ဖမ်းဆီးလိုက်သည်။ ၎င်းတို့နှင့် အတူ လူကုန်ကူးသူ ၃ ဦးကိုလည်း ဖမ်းဆီးလိုက်သည်ဟု ဆိုသည်။

ယခု ဖမ်းဆီးခံရသူများ အထဲတွင် မြန်မာနိုင်ငံမှ မွတ်ဆလင်များ ပါဝင်ခြင်း ရှိ မရှိကို သတင်းများတွင် တစ်စုံ တစ်ရာ ဖေါ်ပြထားခြင်း မရှိပါ။

From:နီရစဇရာ 

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။