/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, June 7, 2013

.

နေရောင်ခြည်အားကိုးတဲ့ မန္တလေးတိုင်းအစိုးရ



မန္တလေးတိုင်း ဒေသကြီးအစိုးရက လျှပ်စစ်မီးကို အသေရရ အရှင်ရရ လိုချင်နေပုံပါပဲ။

မနှစ်တုန်းဆီက မန္တလေး မြို့ခံတွေ ဖယောင်းတိုင် ထွန်းပြီး ဆန္ဒပြခဲ့တာကြောင့် လျှပ်စစ်စွမ်းအင် ပိုမို ရရှိရေးအတွက် နည်းလမ်းပေါင်းစုံ သုံးပြီး ကြိုးစား ဆောင်ရွက်နေတာလို့ ယူဆရပါတယ်။


အခု နောက်ဆုံး သိရတာကတော့ တိုင်းအစိုးရက ဒေသတွင်း လျှပ်စစ်မီးစီမံကိန်းတွေအတွက် အကျိုးတူ ပူးပေါင်း လုပ်ဆောင်မယ့် ဆိုလာ ကုမ္ပဏီတွေကို မြေနေရာ ရရှိအောင် ဆောင်ရွက်ပေးသွားမယ်လို့ ကြေညာထားတယ် ဆိုတာပါပဲ။

အမေရိကန် ပြည်ထောင်စု ACO (Investment Group)နဲ့ နားလည်မှု စာချွန်လွှာ ရေးထိုးပြီး ဖြစ်တဲ့ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်းကို ဆောင်ရွက်နေပြီ လို့ သိပါတယ်။

လောလောဆယ်တော့ ကျောက်ဆည်ခရိုင် သီးပင်ကျေးရွာမှာ ဆိုလာစနစ်နဲ့ မီးလင်းစေဖို့အတွက် ဆိုလာပြားတွေ ချပေးထားပါတယ် တဲ့။

ချပေးထားတာတွေကတော့ အိမ်ထောင်စုပေါင်း ၁၇၀ ကျော်အတွက် တန်ဖိုးငွေကျပ် ၃သိန်းနီးပါး ရှိ ဆိုလာပြား နဲ့ ဆက်စပ်ပစ္စည်းတွေဖြစ်တဲ့ LED မီးလုံး၊ ဘက်ထရီအိုး၊ ကြိုး၊ ကွန်ထိုလာ (မီးဖြတ်စက်)တွေ ဖြစ်ပါတယ်။

ကျေးရွာအများအပြားကတော့ သူတို့ဆီ လျှပ်စစ်မီးကြိုး သွယ်တန်း မရောက်ရှိနိုင်သေးခင်တော့ ဆိုလာ စနစ်ကို အားကိုးနေရသေးတယ်လို့ ကြားသိရပါတယ်။

မဂါဝပ် ၇၈၀ ထွက်တဲ့ ရဲရွာရေအားလျှပ်စစ်စီမံကိန်းက တရုတ်နဲ့ နှစ် ၃၀ စာ စာချုပ် ချုပ်ထားတာကြောင့် ရဲရွာလျှပ်စစ်က ဒေသခံတွေအတွက် မဟုတ်သေးပါဘူး၊ တရုတ်ပြည်ကိုပဲ အများဆုံး အိတ်စပို့ လုပ်နေ ပါတယ် တဲ့။

အခုတော့ တိုင်းအစိုးရက လျှပ်စစ်ဓာတ်အားတွေ ထုတ်လုပ်ဖို့ နေရောင်ခြည်ကို အားကိုးနေပါပြီ။ 

မန္တလေးပြည်သူအများကတော့ တိုင်းအစိုးရအဖွဲ့ ဘယ်လိုနည်းနဲ့ပဲ လျှပ်စစ်ကို ရအောင်လုပ်လုပ် စောင့်မျှော် ကြိုဆိုနေတယ်လို့ သိရပါတယ်။

Credit : http://blog.irrawaddy.org/2013/06/blog-post_7.html

1 comment:

  1. အထက်လူကြီးများကသာလျှပ်စစ်ကိုနည်းမျိုးစုံဖြင့်လုပ်နေကျတာအောက်ခြေမှာကမီးလင်ရေးကော်မတီမျာကလှူငွေ၃သိန်းထည်ပြီးအလှူငွေထည့်ပြီးပြေစာပါမှမြို့နယ်လျှပ်စစ် ရုံမှာမီတာလျှေက်ထာနိုင် ပါသည် ယခုကျွန်တော်ရွာဂွေးကြီးကုန်းရွာမှာမီးလင်းနေပါပြီအလှူငွေမကောက်ခံသင့်တောပါ ထိုကြောင့်အထက်လူကြီးများလျှပ်စစ်နည်းမျိုးစုံဖြင့်ရှာရကျိုးနပ်စေချင် ပါသည်မဖြစ်သင့်တောပါ
    အလှူငွေစနစ် ပပျောက်ချင် သူ

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။