/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Saturday, June 8, 2013

.

အစိုးရတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနေပြည်တော် နှင့်ရန်ကုန်တို့တွင်ဇူလိုင်လအတွင်းတွေ့ဆုံမည်။

မြန်မာနိုင်ငံ တစ်နိုင်ငံလုံး အတိုင်းအတာအဖြစ် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးနိုင်ရန် အစိုးရ နှင့်ကချင်၊ကရင်၊ရှမ်းလက်နက် ကိုင်အဖွဲ့များ နေပြည်တော်နှင့် ရန်ကုန်မြို့၌ ဇူလိုင်လအတွင်း တွေ့ ဆုံသွားမည်ဖြစ်ကြောင်းသိရသည်။


ယင်းအပြင်မေလအတွင်း တွေ့ဆုံရန် စီစဉ်ထား သည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များစုပေါင်း ဖွဲ့စည်းထားသောညီညွှတ်သော တိုင်းရင်းသား လူမျိုးရေးဖက်ဒရယ်ကောင်စီ(UNFC)အဖွဲ့နှင့်ပါယခု လအတွင်း၌ပင်တွေ့ဆုံရန်စီစဉ် နေကြောင်း သိရ သည်။

ပြည်ထောင်စုအဆင့်ငြိမ်းချမ်း ရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် KIO ငြိမ်းချမ်းရေး ကိုယ်စား လှယ်အဖွဲ့တို့သည်မေလ ကုန်ပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌သုံးရက်ကြာတွေ့ ဆုံခဲ့ပြီး ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များ ညှိုနှိုင်းဆောင်ရွက်ရန်အလုပ်အဖွဲ့ များဖွဲ့စည်းရေးနှင့်ပတ်သက်ပြီး သဘောတူညီမှု ရရှိခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့၁၄ဖွဲ့အပါအ၀င်လက်နက် ကိုင်အဖွဲ့များအားလုံးပါဝင်သည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ဆဲရေး ကိုပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့အနေဖြင့် ဇူလိုင်လလယ် ၀န်းကျင်တွင်ပြုလုပ် နိုင်ရန်စီစဉ်လျက်ရှိကြောင်းသိရ သည်။

မြန်မာနိုင်ငံသည်နှစ်ပေါင်း ၅၀ကျော်ဖြစ်ပွားခဲ့သည့်လက်နက် ကိုင်ပဋိပက္ခများကြောင့်နိုင်ငံရေး စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်ကဏ္ဍများတွင်အိမ်နီးချင်းများ ထက်များစွာနောက်ကျခဲ့ရပြီးယင်း ပဋိပက္ခများ ကြောင့်ပြည်သူများစွာ ဆင်းရဲဒုက္ခရောက်နေရကြောင်း သိရသည်။

Credit : http://www.hotnewsweekly.com/archives/21710

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။