/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Saturday, June 8, 2013

.

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဖက်ဒရယ်မူ မပါဝင်ဟုဆို

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ဖက်ဒရယ်မူ မပါဝင်ကြောင်း ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဝုကျင့် ရှင်းထန်ကပြော သည်။ဇွန်(၂)ရက်ကတောင်ဝင် နှင်းဆီတွင်ကျင်းပပြုလုပ်သော ၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆွေးနွေးပွဲတွင် ၎င်းကအထက်ပါ အတိုင်းပြောကြားခဲ့ခြင်းဖြစ် သည်။


““၂၀၀၈ဖွဲ့စည်းပုံအခြေခံဥ ပဒေမှာ ပြောစရာတွေအများ ကြီးရှိပါတယ်။ဒီ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ကျွန်တော်တို့ ဖက်ဒရယ်မူဆိုတာတော့ဘာမှ မဆိုင်ဘူး။ဘာကြောင့်လဲဆိုတော့ ၂၀၀၈အခြေခံဥပဒေကို ဖတ်ကြ မယ်ဆိုရင်အဓိကစုများဆိုတဲ့နေ ရာမှာ ဖက်ဒရယ်စုလုံးဝမပါဘူး။ တိုင်းရင်းသားတွေအမြင်နဲ့ခင်ဗျား တို့ဖက်ဒရယ်စုက ဒီထဲမှာပါလား ဆိုရင်လုံးဝမပါပါဘူး””ဟုဦးစုကျင့် ရှင်းထန်ကပြောသည်။

၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ပြည်သူလူထုကိုအား ကိုးပြီးရေးဆွဲခဲ့ခြင်းမဟုတ် ကြောင်း၊ပင်လုံစိတ် ဓာတ်နှင့်လုပ် ထားသည့်ဖက်ဒရယ်ဆိုသည်မှာ ယခုအချိန်ထိပြည်စုံမှုမရှိသေး ကြောင်း၊တိုင်းပြည်တွင်အေး ချမ်း စွာအတူနေထိုင်နိုင်ရန်နှင့်ဒီမိုကရေ စီစနစ်အရနေထိုင်ကြရန်ဆိုသည် မှာဖက်ဒရယ်စနစ်ကိုသာ အား လုံး ကမြင်ကြောင်း၎င်းကပြောသည်။ ““လက်ရှိအခြေခံဥပဒေမှာဖက်ဒ ရယ်ဆိုတာလုံးဝမပါဘူး။ဘာဖြစ် လို့လဲဆိုတော့ ၁၉၆၂မှာအာဏာ သိမ်းခဲ့တဲ့ဗိုလ်ချုပ်နေ၀င်းက စပြီး ဒီအမွေကိုဆက်ခံတဲ့အဖွဲ့တွေက ဒီ တိုင်း ပဲဆက်ခံတဲ့သဘောရှိလို့ မပါတာပါ””ဟုဦးစုကျင့်ရှင်းထန် ကပြောသည်။

၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးဆွဲပွဲဆွေးနွေး ပွဲများကိုနိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့ က ဦးဆောင် ကျင်းပနေခြင်းဖြစ်ပြီးယခုအကြိမ်မှာ ဆဋ္ဌမအကြိမ်မြောက်ဆွေးနွေးပွဲ ဖြစ်ကြောင်းသိရသည်။

Hot News Weekly

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။