/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Saturday, June 8, 2013

.

ဝန်းသိုမြို့နယ်တွင်တရားမ၀င် ကျွန်းသစ်နှင့်တမလန်းသစ်(၂၀ .၂၂၁၈)တန် ပိုင်ရှင်မဲ့ဖမ်းဆီးရမိ


ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ကသာခရိုင်၊၀န်းသိုမြို့နယ်သစ် တောဦးစီး ဌာနမှ တရားမ၀င်သစ် များရှာဖွေဖမ်းဆီးခြင်းလုပ်ငန်း အား ဖော်ထုတ်ဖမ်းဆီးခဲ့ရာ ကျွန်းသစ်ခွဲသား စုစုပေါင်း(၅၅၆) ချောင်း၊(၉.၇၁၉၆)တန်နှင့် တမ လန်းသစ်လုံး(၃၄)လုံး၊(၄.၃၅၈) တန်၊တမလန်းဓါးရွှေတုံး(၈၅)တုံး (၆.၁၄၄၂)တန်၊စုစုပေါင်း(၂၀. ၂၂၁၈)တန်ကို ပိုင်ရှင်မဲ့ဖမ်းဆီးရ မိခဲ့ကြောင်း သိရသည်။


စစ်ကိုင်းတိုင်းဒေသကြီး၊၀န်း သိုမြို့နယ်၊သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသိန်းသန်းထွန်း ဦးစီး၍ သစ်တောဝန်ထမ်းများမှ တရားမ၀င်သစ်များရှာဖွေဖမ်းဆီး ခြင်းလုပ်ငန်းကို မေလ(၁၀)ရက် နေ့မှ ဇွန်လ(၂)ရက်နေ့အထိစစ် ကြောင်းအသွင်ဖြင့်ဆောင်ရွက်ခဲ့ ရာ မေလ(၁၀)ရက်နေ့တွက် ၀န်း သိုမြို့နယ်၊ နမ်းခမ်းအပတော၊ခန့်မှန်း မြေပုံညွှန်း-83P/16-517846 နေရာမှ ကျွန်းခွဲသား(၂၂၆) ချောင်း၊(၃.၆၈၄၂)တန်၊83P/16- 514845 နေရာမှကျွန်းခွဲသား (၁၄၆)ချောင်း၊(၁.၇၃၇၄)တန်၊83P/16-512845 နေရာမှကျွန်းခွဲ သား(၉၅)ချောင်း၊(၂.၉၉)တန်နှင့် 83P/16-509844 နေရာမှကျွန်းခွဲ သား(၉၅)ချောင်း၊(၁.၃၀၈)တန်၊ မေ(၂၉)ရက်နေ့တွင် တပ်လွင် ကြိုးဝိုင်း အကွက်အမှတ်(၁၄)၊ ခန့်မှန်းမြေပုံညွှန်းGB-997733 နေရာမှ တမလန်းဓါးရွှေတုံး(၅၈) တုံး၊(၃.၉၆၂)တန်၊မေ(၃၀)ရက်နေ့ တွင်တပ်လွင်ကြိုးဝိုင်း ခန့်မှန်း မြေပုံညွှန်းHB-104626 နေရာမှ တမလန်းသစ်လုံး(၂၄)တုံး၊(၃.၀၇၈) တန်၊တမလန်းဓါးရွှေတုံး(၂၃)တုံး၊ (၁.၉၃၆)တန်၊ဇွန်(၂)ရက်နေ့တွင် ပြင်တဲကြိုးဝိုင်း အကွက်အမှတ် (၁၀)၊ခန့်မှန်းမြေပုံညွှန်းHB-028675 နေရာမှ တမလန်း သစ်လုံး (၁၀)တုံး၊(၁.၂၈)တန်နှင့် တမလန်းဓါးရွှေတုံး(၄)တုံး၊(၀.၂၄ ၆)တန်တို့ကို ပိုင်ရှင်မဲ့ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။


Credit : http://www.hotnewsweekly.com/archives/21721

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။