/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Saturday, June 8, 2013

.

ဦးအောင်သိန်းလင်းအပါအ၀င် မြေယာကော်မရှင်အဖွဲ့ဝင်အချို့ ကရင်ပြည်နယ်သို့ ကွင်းဆင်း၍ ကူညီပေးရန် ဒေသခံများတောင်းဆို

လယ်မြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်း ရေးကော် မရှင်အဖွဲ့ခွဲ(၁)မှ ဦးအောင်သိန်း လင်း အပါအ၀င် ကော်မရှင်အဖွဲ့ ၀င်များသည် ကရင် ပြည်နယ်တွင်း လယ်မြေသိမ်းဆည်းခံရမှုများ၊ တပ်မြေသိမ်းမှုကြောင့် စားဝတ် နေရေး ထိခိုက် နေသည့် ပြည်သူ များ၏ အခက်အခဲများကို ကွင်းဆင်း စစ်ဆေးပေးပါရန်နှင့် လက်ရှိ ဒေသခံ ကော်မရှင်အဖွဲ့ဝင်ကလည်း ယင်းတို့ အခက်အခဲ များကို တင် ပြရာတွင် အဆင်မပြေဖြစ်နေ ကြောင်း ကရင်ပြည်နယ် ဘားအံ မြို့နှင့် ဆက်စပ်မြို့များမှ လယ်သမား များကဆိုသည်။


““ကျွန်မတို့ ကရင်ပြည်နယ်မှလည်း လွှတ်တော်ကိုယ်စားလှယ် ထဲကနေပြီးတော့ ကော်မရှင်ထဲ ပါတဲ့သူ ရှိပါတယ်။ သူ့ကို ကျွန်မ တို့မြေသိမ်းခံရလို့ အကူအညီ တောင်းတဲ့အခါ အဆင်မပြေတာ မျိုးတွေရှိနေ ပါတယ်။ ပြည်သူ့ ကိုယ်စားလှယ်ဆိုတာ ပြည်သူ တွေရဲ့ဆန္ဒမဲနဲ့ လွှတ်တော်ထဲကို သွားပြီး မဲဆန္ဒရှင်ပြည်သူ တွေ အကျိုးသယ်ပိုးရတာပါ။ 


ပြောရ ရင် ပြည်နယ်ထဲမှာဖြစ်နေတဲ့ မြေ သိမ်းခံရမှုတွေနဲ့ပတ်သက်ပြီး ဒေသခံကော်မရှင်အဖွဲ့ဝင်ရဲ့ ဆောင်ရွက်ချက်ဆိုတာတွေကို လုံးဝအားမရဘူး။ ခုဂျာနယ်တွေ မှာတွေ့ရတယ်။ ကော်မရှင်အဖွဲ့ ခွဲ(၁)က အဘဦးအောင်သိန်းလင်း အပါအ၀င် ဒေါ်ခင်ဝိုင်းကြည်တို့၊ ဦးအောင်ဇင်တို့လုပ်နေတာတွေ အရမ်း အားရဖို့ ကောင်းတယ်။ သူတို့ခမျာ မမောနိုင်မပန်းနိုင် တစ်နေကုန်တစ်နေခမ်းကို လယ် သိမ်းခံရသူတွေ အတွက် လိုက် လုပ်နေတာ။ 

ကျွန်မတို့ ကရင် ပြည်နယ် ဘားအံမြို့နဲ့ဆက်စပ် မြို့နယ်တွေမှာဖြစ်နေတဲ့ မြေသိမ်း မှုတွေ၊ တပ်မြေ သိမ်းမှုတွေကြောင့် ပြည်သူတွေနစ်နာရတာတွေကို လည်း အပြီးကွင်းဆင်းကြည့်ပေး ပါ။ မျှော်လင့်ချက် မဲ့နေတဲ့ လယ် သိမ်းခံတွေ အဘဦးအောင်သိန်း လင်းတို့သာလာမယ်ဆိုရင် ရာ ထောင်ချီပြီး ကြိုဆိုကြမှာပါ””ဟု ဘားအံမြို့နယ်တွင်း လယ်မြေ အသိမ်းခံရသူတစ်ဦးက ကျန် လယ်မြေအသိမ်းခံရသူများ၏ ကိုယ်စား ရင်ဖွင့်ပြောကြားသွား ခဲ့သည်။

ကရင်ပြည်နယ်တွင်း လယ်သမားနစ်နာရသည့် လယ်မြေ သိမ်းဆည်းခံရမှုများအနက် (၂၀၃) ခြေလျင် တပ်ရင်းက သိမ်းဆည်းထားသော လှိုင်းဘွဲ့မြို့ ထီလုံကျေးရွာတွင်းမှ မြေသိမ်းခံ ရမှုများ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်ကတည်းက စတင် သိမ်းဆည်းခံရပြီး ယနေ့ထိ ထူးခြားမှုမရှိဘဲ မြေပြန်လည် ရရှိခြင်း လုံးဝမရှိသေးသည့် ဘားအံမြို့လှောကာကျေးရွာ၊ ဖားပုကွင်းတွင်းမှ မြေယာသိမ်း ဆည်းခံရမှုများမှာ လုံးဝထူးခြား ခြင်းမရှိသေးကြောင်း သိရှိရသည်။

Credit : http://www.hotnewsweekly.com/archives/21677

5 comments:

  1. စစ်ဆေးရေးကော်မရှင်ကူညီရင်တော့ကောင်းတာပေါ့
    ဒါပေမဲ့အောင်သိန်းလင်းကတော့စောက်ကျင့်မကောင်း
    ဘူးသတိထားတောင်ဥက္ကလာကလေးကစားကွင်းကို
    ရောင်းစားတဲ့သူနော်


    သခင်မျိုး

    ReplyDelete
  2. ပြည်နယ် ဝန်ကြီးချုပ်က သူတို့ထက် ပိုဆိုးတယ်

    ReplyDelete
  3. ဟာ ဟ lugyi ဒီတခါဘာလို့ comment မရေးတာလဲ။ခလေးတွေစောင့်နေတယ် lugyi ရှိလားလို့ဝင်ကြည့်တာရှိမှမရှိပဲ။lugyi ပုံမှာပါတယ်ရုပ်ကတော်တော်ဆိုးတယ်နော်။အပြင်မှာရောဟင်?lugyi အခုရေးတာကိုဝင်ကြည့်ဖြစ်အောင်ဝင်ကြည့်နော်။

    ReplyDelete
  4. မြေသိမ်းတဲ့လူ
    မြေသယ်တဲ့သူ
    မြေတူးတဲ့သူအားးလုံး
    ခြံခတ်မထားတဲ့အရာရှိဟောင်း
    တစ်ယောက် ရဲ့လယ်မြေထဲ
    နွားဝင် လို့
    ဂျင်ကလိနဲ့အရာရှိဟောင်းက
    ဝင် တဲ့နွားကိုပစ်သတဲ့
    က လေးရေ

    ReplyDelete
  5. လူဆိုးကောင်။

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။