/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Saturday, June 8, 2013

.

ဌာန၀င်ငွေဖြင့် ရေရှည်ရပ်တည်နိုင်ရန် ရေကြောင်းပို့ဆောင်ရေးမှ ရေယာဉ်စီးခတိုးမြင့်ကောက်ခံမည်

အများပြည်သူသယ်ယူပို့ ဆောင်ရေးပြည်တွင်းမြစ်ဝကျွန်း ပေါ်ဒေသများသို့ ပြေးဆွဲပေးနေသောရေကြောင်း ပို့ဆောင်ရေး နှုန်းထားများအားတိုးမြှင့်ကောက် ခံတော့မည်ဖြစ်ကြောင်းသိရသည်။


မြစ်ဝကျွန်းပေါ်ဒေသ ရေ ကြောင်းပို့ဆောင်ရေးနှုန်းထားများ အား တိုးမြှင့်ကောက်ခံရခြင်းမှာ ပြည်တွင်းရေ ကြောင်းပို့ဆောင် ရေးအနေဖြင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်ဘဏ္ဍာ ငွေအား ခွဲတမ်းရ ယူခြင်း မရှိဘဲ ကုန်ကျငွေများကို ဌာန၀င်ငွေ များဖြင့် ရေရှည်လုပ်ကိုင်နိုင်ရန် အတွက်ဖြစ်ကြောင်း သိရသည်။

““ကျွန်တော်တို့ အခုတိုးမြှင့် ကောက်ခံမယ့်နှုန်းထားတွေက ပုဂ္ဂလိကနဲ့ယှဉ်ရင် ကျွန်တော်တို့ က ကောက် တာ နည်းပါတယ်။ ခရီးသည်တွေအနေနဲ့ ပေးနိုင်တဲ့ အနေအထားပါ။ နောက်ပြီးတော့ ဒီလိုတိုးမြှင့်ကောက် ခံ တဲ့နေရာမှာ လည်း ခရီးသည်တွေဘက်ကို ကွင်းဆင်းလေ့လာပြီးတော့မှ ကောက်ခံတာပါ””ဟု ရေကြောင်း ပို့ဆောင်ရေးမှတာဝန်ရှိသူတစ်ဦး ကပြောသည်။

မြစ်ဝကျွန်းပေါ်ဒေသများ တိုးမြှင့်ကောက်ခံမည့်နှုန်းထား များမှာ ရန်ကုန်-မော်ကျွန်း၊ ယခင် ၁၄၀၀၊ ယခု ၂၀၀၀ ရန်ကုန်- ဘိုကလေး ယခင် ၁၂၂၀၊ ယခု ၁၇၅၀၊ ရန်ကုန်-ဖျာပုံ ယခင် ၁၀၀၀၊ ယခု ၁၅၀၀၊ ရန်ကုန် -ကျုံမငေး၊ ယခင် ၁၄၂၀၊ ယခု ၂၀၀၀ ရန်ကုန်-လပွတ္တာ ယခင် ၂၈၀၀၊ ယခု ၃၅၀၀ တို့ဖြစ်ကြောင်းသိရ သည်။

Hot News Weekly

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။