/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, June 5, 2013

.

ရန်ကုန်မြို့ရှိ မီးပွိုင့်များ ပြုပြင်ရန် ကျပ်သိန်း ၁၅၀၀ ကျော် အသုံးပြုမည်



မြန်မာနိုင်ငံ၏ ယာဉ်ကြော ပိတ်ဆို့မှု အများဆုံး ဖြစ်သော ရန်ကုန်မြို့တော်ရှိ လမ်းဆုံများတွင် တပ်ဆင် ထားသည့် မီးပွိုင့်များကို ပြင်ဆင် ထိန်း သိမ်းရန် ကျပ် သိန်း ၁၅၀၀ ကျော် အသုံးပြုမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား) မှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။


ရန်ကုန်မြို့တွင် မီးပွိုင့် ထက်ဝက်ခန့် သည် ပျက်စီး မှုများ ဖြစ်ပွားနေပြီး ပြင်ဆင် ထိန်းသိမ်းရန် အတွက် တစ်နှစ်လျှင် ကျပ်သိန်း ၁၅၀၀ ကျော်ခန့် အသုံးပြုမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“မီးပွိုင့်တွေက မိုးရာသီမှာ ရေဝင် လို့ပျက်တာ အများဆုံးပဲ။ မီးကြိုး ပြတ်တာ၊ ရှော့ခ် ဖြစ်တာကြောင့် ပျက်တာလည်း ရှိတယ်”ဟု ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တော်ရှိ မီးပွိုင့်များကို ပြင်ဆင် ထိန်းသိမ်း ရာတွင် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်က ကျပ်သိန်း ၁၅၀၀ ကျော် အသုံးပြု ခဲ့ပြီး ယခုနှစ် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် တွင်လည်း ကျပ်သိန်း ၁၅၀၀ကျော် အသုံးပြုမည်ဟု အင်ဂျင်နီယာဌာန (လမ်း နှင့်တံတား) ထံမှ သိရှိရသည်။

ရန်ကုန်မြို့တော်တွင် ယာဉ်ကြော ရှုပ်ထွေးမှုကို ဖြေရှင်းရန် လမ်းဆုံ လမ်းခွများတွင် မီးပွိုင့်ပေါင်း ၁၅၁ ခု ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ စာရင်းများအရ သိရှိရသည်။

The Voice Weekly

1 comment:

  1. မကုန်ပါဘူးမယားကြီးရွှေကွပ်ဖို့ပါထဲ့တွက်ထား

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။