/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, June 5, 2013

.

ဘင်္ဂါလီများ တစ်အိမ်ထောင် ကလေးနှစ်ဦး ဒေသန္တရအမိန့် ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ပွဲ စစ်တွေမြို့တွင် ပြုလုပ်



ဘူးသီးတောင် မောင်တောဒေသတွင်း ဘင်္ဂါလီ မိသားစုများ တစ်အိမ်ထောင် ကလေးနှစ်ဦး မွေးဖွား ခွင့် ဒေသန္တရ အမိန့်ကို ထောက်ခံကြောင်း လှည့် လည် ဆန္ဒဖော်ထုတ်ပွဲကို စစ်တွေမြို့တွင် ယနေမွန်းလွဲပိုင်းက ပြုလုပ်သည်။


“ကျွန်တော်တို့ ရခိုင်ပြည်နယ်အစိုးရရဲ့ ဘူးသီး တောင် မောင်တောမှာ ထုတ်ပြန်ထားတဲ့ ဘင်္ဂါလီ မိသားစုများ တစ်အိမ်ထောင် ကလေးနှစ်ဦး မွေးဖွား ခွင့် ဒေသန္တရအမိန့်ကို ထောက်ခံကြောင်း သံဃာ တော်အပါး ၃၀၀ လောက်က ဦးဆောင်ပြီး လှည့် လည် ဆန္ဒဖော်ထုတ်တာဖြစ်ပါတယ်။ လူအင်အား ၂၀၀၀ ကျော် ပါဝင်ပါတယ်။ ၀င်္ကဘာလမ်းကနေ စထွက်ပါတယ်။ မင်းဘာကြီးလမ်းကို ၀င်ပြီး မင်းဘာ ကြီးလမ်းကနေ မြောက်ဘက်ကိုသွားပြီး လမ်းမကြီး ကနေပြီးတော့ ၀င်္ကဘာလမ်းကို ပြန်ဝင်ပါမယ်”ဟု လှည့်လည်ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်သူ စစ်တွေ မြို့ခံ တစ်ဦးက ပြောသည်။

ဘူသီးတောင် မောင်တောဒေသတွင် ဘင်္ဂါလီလူဦးရေမှာ ရခိုင်ဒေသခံများထက် အဆပေါင်းများစွာ ပိုမိုနေပြီး လူဦးရေစုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းကျော်ရှိနေကြောင်း၊ ဘင်္ဂါလီမိသားစုများအနေဖြင့် တစ်အိမ် ထောင်လျှင် ကလေးနှစ်ဦးသာမွေးဖွားခွင့် ဒေသန္တရအမိန့်ကို ၁၉၉၅ ခုနှစ်ကပင် စတင်ထုတ်ပြန် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ကြွေးကြော်သံများ 

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။