/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, June 5, 2013

.

တောင်ကြီးမြို့ မောက်စံကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီဝင် ၅၇ ယောက် ကိုယ့်သဘောနှင့်ကိုယ် စုပေါင်းနှုတ်ထွက်


    

ကိုယ့်သဘောနှင့် ကိုယ်စုပေါင်း နုတ်ထွက်ခြင်းကို တောင်ကြီးခရိုင် အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ကိုတင်မောင်တိုးမှ ပအိုဝ်းပြည်သူ့စစ်က ပါတီဝင်တွေကို အတင်းအကျပ် နုတ်ထွက်ခိုင်းလို့ နုတ်ထွက်ကြ တာ ပါဟု စွတ်စွဲပြောဆိုထားပါတယ်။


တောင်ကြီးမြို့ မောက်စံကျေးရွာ အန်အယ်လ်ဒီရုံးကို ပအိုဝ်းပြည်သူ့စစ်က တောင်ကြီးခရိုင် အန်အယ်လ်ဒ ပါတီ ဥက္ကဋ္ဌ ကိုတင်မောင်တိုး စွတ်စွဲပြောဆိုထားသော ကိစ္စနဲ့ ပတ်သက်လို့ ပအိုဝ်းပြည်သူ့ စစ် ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးခွန်လာက ငြင်းဆိုလိုက်ပါတယ်။

အန်အယ်လ်ဒီ ပါတီဝင်တွေကို နုတ်ထွက်ခိုင်းတယ် ဆိုတာ မဟုတ်ဘဲ သူတို့သဘောနဲ့ သူတို့ နုတ်ထွက်တာ လို့ ဒီနေ့ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်မှူးကြီး ခွန်လာက ပြောပါတယ်။

“ အတင်းအကျပ် နုတ်ထွက်ခိုင်းတာ မရှိပါဘူး။ သူ့ဘာသာ နုတ်ထွက်တာပါ။ ကာကယံရှင် ကိုယ်တိုင် ဒီနေ့ ပါပါတယ်၊ ကျေးရွာလူကြီးတွေလည်း ပါတယ်၊ ဒီနေ့ သတင်းထောက်တွေလည်း မေးတယ်။ ”

ဒီကိစ္စနဲ့ပတ်သက်ပြီး ပအိုဝ်းပြည်သူ့စစ်က ရွေးကောက်ပွဲ ကော်မရှင်ကို စာတင်ထားပါတယ်။

Credit : https://www.facebook.com/jaj80?directed_target_id=0

1 comment:

  1. အတွင်းရေးမှူးတစ်ယောက်ငိုနေ တာအရက်မူးလို့ ပေါက်တယ်နော်ထန်းပင်

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။