/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, May 10, 2013

.

မန္တလေးတွင် ဖွင့်ရန်ပြင်ဆင်ဆဲ KTV မီးလောင်



မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည် မြို့နယ် ၆၀x၆၁ လမ်းနှင့် သိပ္ပံလမ်းအကြားရှိ အိမ်အမှတ် ၆/၁-၂တွင် ဖွင့်လှစ်ရန်အတွက် ပြင်ဆင်နေသော အဆောက်အအုံတစ်ခု မေလ ၈ ရက်နေ့ ညနေ ၄နာရီ ၄၅ မိနစ် တွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။


ဆောက်လျက်စ KTV အတွင်းပိုင်း ပြင်ဆင်မှုပြုလုပ် စဉ် အမိုးမျက်နှာကြက် ဂဟေဆော်ရာမှ မီးပွား လွင့် စင်ပြီး ကြမ်းပြင်မှ ဖော့ပြားနှင့် ဆိုဖာခုံများပေါ် ကူး စက် လောင်ကျွမ်းခြင်းဖြစ်ကြောင်း ယင်းအ ခင်း ဖြစ် ပွား ရာတွင် တာဝန်ထမ်းဆောင်နေ သော မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ယင်းအဆောက်အအုံမှာ အရှေ့မှ အနောက် ပေ၆၀ x ၄၆ပေ တောင်မှမြောက် ၁၈၆ x ၄၆ပေရှိ L ပုံသ ဏ္ဌာန် RC တစ်ထပ် ဖြစ်ပြီး ယင်းမီးလောင်ကျွမ်းမှုမှာ ညနေ ၅ နာရီ ၂၀ မိနစ်တွင် မီးညွှန့် ကျိုး သွား ကြောင်း ၄င်း က ဆိုသည်။

ယင်းမီးလောင်မှုနှင့် ပတ်သက်၍ အမှတ် (၁၁) ရဲစခန်းက ၂၄၇/၂၀၁၃ ပြစ်မှုဆိုင်ရာ ပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူထားကြောင်း ယင်းရဲစခန်းထံမှ သိရှိရသည်။

From: The Voice Weekly

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။