/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, May 10, 2013

.

မြောက်ဒဂုံ-ဆူးလေ ဘီအမ် ကားမှောက်၊ ၁၀ ဦး ဒဏ်ရာရ



မြောက်ဒဂုံ မှ ဆူးလေသို့ ပြေးဆွဲနေ သော အရှေ့ပိုင်းခရိုင် ၂၅၅ ယာဉ် လိုင်းမှ ခရီးသည်တင် ဘီအမ်ကား တစီး ယနေ့ မွန်းလွဲပိုင်းက အလံပြ ဘုရား လမ်းမပေါ်တွင် တိမ်းမှောက်ပြီး ခရီးသည် ၁၀ ဦး ဒဏ်ရာရှိသွားတယ် လို့ သိရပါတယ်။

ခရီးသည်တင်ကားအချင်းချင်း အပြိုင် အဆိုင်လုမောင်းရာမှ တိမ်းမှောက်တာ ဖြစ်တယ်လို့လည်း သိရပြီး ကားပေါ် တွင် ခရီးသည် ၂၀ ဦးကျော် လိုက်ပါ လာရာ ၁၀ ဦးဒဏ်ရာရသွားပါတယ်တဲ့။ 


ဒဏ်ရာရရှိသူတွေထဲမှာ ၃ ဦးက ဒဏ်ရာ ပြင်းထန်ပြီး ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေက တိမ်းရှောင် သွားကြတယ်လို့ သိရပါတယ်။





Credit : http://blog.irrawaddy.org/2013/05/blog-post_2686.html

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။