/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, May 10, 2013

.

KIA တပ်ဖွဲ့မှ အိန္ဒိယတွင် အဆင့်မြင့်စစ်ပညာများကိုသင်ကြားရန်စေလွှတ်



KIA အရာရှိငယ်များကို အိန္ဒိယ နိုင်ငံ တွင် အဆင်မြင့်စစ်ပညာကို သင်ယူ ရန်အတွက် တရုတ်နိုင်ငံမှ တဆင့် စေ လွှတ် သွားမည် ဖြစ်ကြောင်း သိရှိ ရ ပါသည်။


KIA ဗိုလ်သင်တန်း (၅)မှ ဆင်းသော အရာရှိငယ် ၁၄ ယောက်အား အိန္ဒိယ အစိုးရကို ဆန့်ကျင်နေသော မူဆလင် အဖွဲ့များထံမှ အဆင့်မြင့်စစ်ပညာများနှင့် အခြားသော စစ်နှင့်ဆိုင်သော ပညာရပ်များကို သင်ယူရန်အတွက် ဒီလ ၇ ရက်နေ့ မှစပြီး ၂ယောက်တစ်တွဲဖြင့် တရုတ်နိုင်ငံမှတဆင့်ဖြင့် ဆဒုံး- ကန်ပိုက်တီးလမ်း ကြောင်းမှ တဆင့် အရပ်သားအသွင်ဖြင့် သွားပြီး KIA ရော်ကာအိုင်စခန်း မှတဆင့် အိန္ဒိယနိုင်ငံ အာချေးပြည်နယ်သို့ သွားရောက်မည်ဖြစ်ကြောင်း ဌာနချုပ်ရှိ အရာရှိ တစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

“ ငါ့ဆရာက ငါ့ကိုပြောပြတာ ဟိုတလောက သင်တန်းဆင်းတဲ့ ငါတို့ အရာရှိငယ်တွေကို အိန္ဒိယကို လွှတ်ပြီး စစ်ပညာ သင်ဖို့ လွှတ်တာရှိတယ်၊ အဲဒီအဖွဲ့တွေက ၈ လလောက်ကြတဲ့ ငြိမ်းချမ်းရေးဆွေးနွေးတယ်ကို အကြောင်းပြပြီး ငါတို့ ခေါင်းဆောင်က စစ်အင်အားနဲ့ ဒီထက်ကျွမ်းကျင်တဲ့ တပ်ဖွဲ့ဝင်တွေနဲ့ အစိုးရကို ပြန်တိုက် မှာလို့ပြောတာဘဲ၊ ငါတို့ အောက်ကောင် တွေတော့မတိုက်ချင်တော့ပါဘူး တိုက်ရင်လဲ ငါတို့ဘဲ ထိခိုက် ဒဏ်ရာရ သေတာများတာ၊ ငါတို့က မတိုက်ချင်ဘူးလေ ဒါပေမယ့် ငါ့မိဘတွေကို ဒုက္ခသည်စခန်းမှာ သူတို့ စုထားတာလေ သူတို့တိုက်ခိုင်းရင် ငါတို့ ကတော့တိုက်ရမှာလို့” ဌာနချုပ်ရှိ အရာရှိ ကိုဘရန်ခေါင်မှ ပြောပြခဲ့ ပါသည်။

အစိုးရနှင့် KIA တို့ ဒီလထဲမှာ ငြိမ်းချမ်းရေးဆွေးနွေးမည်ဟု သိရှိရသော်လည်း KIA ခေါင်းဆောင်ပိုင်း အနေဖြင့် စစ်ရေးပြင်ဆင်မှုများကို ပြုလုပ်ခိုင်းခြင်း ရိက္ခာစုဆောင်းခိုင်းခြင်း လက်နက်အင်အားဖြည့် ဆည်းခိုင်း ခြင်းများကို ပြုလုပ်ခိုင်းနေ ကြောင်းသိရှိ ရပါသည်။ KIA နှင့် အစိုးရတို့ တရုတ်နိုင်ငံတွင် ၂ကြိမ် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ပြုလုပ်ပြီးသော်လည် အလက်ရှိအချိန်အထိ KIA နှင့် အစိုးရတပ်တို့အကြား တိုက်ပွဲတွေဖြစ်ပွား နေကြောင်းသိရှိရပါသည်။

Credit : http://www.kachindailynews.com/2013/05/kia.html

1 comment:

  1. လုပ်ပါစေKIAကအရာရှိတွေ..ခင်ဗျားတို့လက်နက်တွေကတော်တော်ကောင်းပ....ခင်များတို့တင်တဲဗွီဒီယိုထဲမှာမောင်းပြန်သေနတ်က..၃ချက်ပစ်မောင်းတခါတင်နဲ့....အောက်ခြေKIAရဲဘော်တွေတော့ရင်လေးစရာဗျာ...သတင်းကောင်းပြောပါရစေ...အချက်၄၀ ပစ်ဒုံးတွေတင်တဲ့ကား၅ စီးလယ်ဂျားယန်းနားမှာထားတာတဲ့..တကယ်သတင်းနော်...မြေပြင်ကို၅ စီးပစ်ရင်အလုံး၂၀၀ ပါ၃ခါပစ်ပြီးမှခြေလျှင်တပ်တွေတက်ရှင်းရင်ဘယ်သူကျန်အုန်းမှာလည်းဗျာ........စွတ်မလုပ်ပါနဲ့စိတ်လျှောလိုက်ပါဗျာ...တော်ကြာ....KIAကိုပုံပြင်အဖြစ်မှတ်ပြီးကျန်ခဲ့ပါအုန်းမယ်.....

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။