/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, May 10, 2013

.

စစ်ထောက်ချုပ်ရုံးအား ရွှေတောင်ကုမ္ပဏီ၊ စစ်သမိုင်းပြတိုက်အား ၀ိတိုရိယဆေးရုံကို အဓိကပိုင်ဆိုင်သူ ဦးဇော်ဝင်းရှိန်၏ ကုမ္ပဏီတို့က လုပ်ကိုင်ခွင့်ရရှိ

စစ်ထောက်ချုပ်ရုံးအား ရွှေတောင်ကုမ္ပဏီမှ စီးပွားဖြစ် လုပ်ငန်းအဖြစ် ပြောင်းလဲလုပ်ကိုင်ခွင့် ရရှိခဲ့ပြီး ကျပ် သန်းပေါင်း ၆၇၀၀၀ ကျော် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်သွားရန်အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံ မှု ကော်မရှင် သို့ တင်ပြထားကြောင်း သတင်းရရှိပါသည်။


စစ်ထောက်ချုပ်ရုံး ဧရိယာ အတွင်းအပိုင်းလိုက်ခွဲ၍ တင်ဒါခေါ်ရာတွင် ရွှေတောင်ကုမ္ပဏီ အပြင် ကမ္ဘောဇ ကုမ္ပဏီမှလည်း မော်တော်ယာဉ်ရုံးဝန်း နေရာအား လုပ်ကိုင်ခွင့် ရရှိထားကြောင်း သိရသည်။ ရွှေတောင် ကုမ္ပဏီသည် ယခုအစိုးရသစ် လက်ထက်အတွင်း လှည်းတန်းခုံးကျော် စီမံကိန်းကဲ့သို့ စီမံကိန်းများအပြင် ရန်ကုန်မြို့ရှိ အချက်အခြာကျ နေရာများရှိ မြေကွက်အများအပြား ရရှိကာ စီးပွားဖြစ် အဆောက်အအုံ ဆောက်လုပ်ခွင့်များ ရရှိထားသည့် ကုမ္ပဏီဖြစ်ပြီး ယခုအခါ ရန်ကုန်မြို့လယ်ရှိ စစ်ထောက်ချုပ်ရုံး နေရာ အား လုပ်ကိုင်ခွင့် ထပ်မံရရှိခြင်းဖြစ်သည်။

စစ်သမိုင်း ပြတိုက်အား နှစ်ရှည်ငှားရမ်း၍ စီးပွားဖြစ် လုပ်ကိုင်ခွင့်ကို့ Yangon Technical and Trading Co.,Ltd မှ လုပ်ကိုင်ခွင့်ရရှိပြီး ကျပ်သန်းပေါင်း ၇၄၀၀၀ ကျော် မြှုပ်နှံကာ လုပ်ကိုင်မည့် စီမံကိန်းအား MIC သို့ တင်ပြထားကြောင်း သိရသည်။

Yangon Technical and Trading Co.,Ltd မှာ ၀ိတိုရိယဆေးရုံ၏ အဓိကပိုင်ရှင်၊ နာမည်ကျော် လူငယ်လုပ်ငန်းရှင် ဦးဇော်ဝင်းရှိန် ပိုင်ဆိုင်သည့် ရွှေဟင်္သာ ကုမ္ပဏီအုပ်စု အောက်တွင်ပါဝင်သည့် ကုမ္ပဏီဖြစ်သည်။ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက ''စစ်ရုံးဟောင်းကိုတော့ ရွှေတောင်ကုမ္ပဏီက လုပ်ကိုင်ဖို့ MIC ကိုတင်ထားတယ်။ ခွင့်ပြုမိန့် မရသေးဘူး။ ကမ္ဘောဇကတော့ ခုထိ စီမံကိန်းကို MIC တင်ပြထားတာ မရှိသေးဘူး။ စစ်သမိုင်း ပြတိုက်ကိုတော့ ကျပ် သန်းပေါင်း ၇၄၀၀၀ ကျော် မြှုပ်နှံပြီး လုပ်ကိုင်မယ်လို့Yangon Technical and Trading Co.,Ltd က တင်ပြထားပြီးပြီ'' ဟု ပြောကြားခဲ့သည်။

ရွှေတောင်ကုမ္ပဏီ အနေဖြင့် ကျပ်သန်းပေါင်း ၆၇၀၀၀ ကျော်အထိ မြှုပ်နှံမည့် အစီအစဉ်အား MIC သို့ တင်ပြထားပြီး ဖြစ်သော်လည်း ကမ္ဘောဇကုမ္ပဏီ အနေဖြင့်မူ မေ ၉ ရက် အထိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ တင်ပြနိုင်ခြင်း မရှိသေးကြောင်း သိရသည်။ ကမ္ဘောဇ ကုမ္ပဏီအုပ်စု၏ တာဝန်ရှိသူ တစ်ဦး က ''ကျွန်တော်တို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တောင် မတင်ရသေးပါဘူး။ ကမ္ဘောဇအနေနဲ့ မဟုတ်ဘဲ အခြားကုမ္ပဏီခွဲတစ်ခု အမည်နဲ့ လုပ်ကိုင်တာပါ'' ဟု ပြောပြခဲ့သည်။

Eleven Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။