/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, May 10, 2013

.

အကြောင်းအရာသုံးမျိုးနှင့် တစ်ကိုယ်တော်ဆန္ဒပြ ကျောက်တံတားရဲကထိန်းသိမ်း



ရန်ကုန်မြို့၊ မြို့တော်ခမ်းမ အနီးတွင် အကြောင်း အရာသုံးခုအား တစ်ကိုယ်တော် ဆန္ဒထုတ် ဖော် သော ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့မှ ကိုထင်ကျော် အား ကျောက်တံတား ရဲစခန်းမှ ထိန်သိမ်းလိုက် ကြောင်း သိရ သည်။


ဆန္ဒ ထုတ်ဖော် ရသော အကြောင်း အရင်းများမှာ မိကျောင်းကန် ပြန်လည် ရရှိရေးနှင့် ထို ဆန္ဒပြ မှုတွင် ပါဝင်သော ဆန္ဒပြသူ ဖမ်းဆီး ထားမှုအား အာမခံမဲ့ဖြင့်လွတ်ပေးရန်၊ ၂၀၀၂မှ ၂၀၀၄ ခုနှစ်အတွင်း မရမ်း ကုန်း (၆)ရပ် ကွက်အား တိုင်းတရားသူကြီးမှ ခရိုနီတစ်ဦးအား ရောင်းစားသောကိစ္စအား ပြည်ထဲရေးဝန်ကြီးဌာနမှ ဖြေရှင်းပေးရန်၊ တာဝန်ထမ်း ဆောင်နေသော ယာဉ်ထိမ်းရဲအား ခေါ်၍ ပါးရိုက်သော ဗိုလ်ချုပ်မှူးကြီးဟောင်း၏ မြေးဖြစ်သူအား အရေး ယူပေးရန်စသည့် အချက်များကို တောင်းဆိုခဲ့ခြင်း ဖြစ် ကြောင်း ကိုထင် ကျော်က ပြောကြားသည်။

အဆိုပါအချက်များအား တောင်းဆိုနေစဉ် ကျောက်တံတား ရဲစခန်းမှ စစ်ဆေးလို၍ ခေါ်သွားခြင်း ဖြစ် ကြောင်း မြင်တွေ့ သူတစ်ဦးက ပြောကြားသည်။

ယင်းသည် ထိုသို့ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်မှုဖြင့် ရန်ကုန်းတိုင်းအတွင်း ခြောက်မြို့နယ်တွင် ပုဒ်မ၁၈ ဖြင့် ၇မှု တရား စွဲ ခံထားရကြောင်းလည်း ဆက်လက် သိရသည်။ ၎င်းသည် ထိုကဲ့သို့ တစ်ကိုယ်တော် ဆန္ဒ ထုတ်ဖော် မှုအား ၂၀၁၂ခုနှစ်တွင် သုံးကြိမ်၊ ၂၀၁၃ခုနှစ်တွင် နှစ်ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်သည်။

အောင်သိုက်
ဓာတ်ပုံ သီဟ
From: မြန်မာ့ခေတ် 

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။