/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, May 10, 2013

.

ပြည်တွင်းထုတ် ဆူဇူကီးပစ်ကပ်များ ဇွန်လစရောင်းမည်



ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ် ထား သည့် ဆူဇူကီးပစ်ကပ်များကို ဇွန်လ တွင် စတင်ရောင်းချရန် စီစဉ်ထား ကြောင်း Myanmar Suzuki Motor Co.,Ltd အုပ်ချုပ်မှုမန်နေဂျာ ဦးရဲထွန်းဦးက ပြောကြားခဲ့သည်။ ယခု လကုန်တွင် တပ်ဆင်ထုတ်လုပ်မည် ဖြစ်သော်လည်း ရောင်းချမည့် အစီ အစဉ်နှင့် ဈေးနှုန်းသတ်မှတ်ရန် ဈေး ကွက် စစ်တမ်းကောက်ခြင်းများ ပြုလုပ်ရမည် ဖြစ်သောကြောင့် ဇွန်လတွင်မှ စတင် ရောင်းချရန် စီစဉ် ခြင်းဖြစ်ကြောင်း ၄င်းကရှင်းပြသည်။


“ထုတ်လုပ်ပြီးတာနဲ့ တန်းရောင်းမှာပါ။ ဈေး ကတော့ အခုပြောလို့ မရသေးဘူး။ ဈေးကွက် အနေ အထား ကြည့်ပြီးမှ သတ်မှတ်ရမှာမို့ပါ” ဟု ဦးရဲထွန်းဦး က ဆိုသည်။ 

လောလောဆယ် ဆူဇူကီး ပစ်ကပ် များကိုသာ ထုတ်လုပ်ရောင်းချသွားမည် ဖြစ်ပြီး လစဉ်ထုတ် လုပ် မည့် အရေအတွက်မှာလည်း ဈေးကွက်အနေအထားကိုမူတည်၍ ထုတ်လုပ်သွားမည်ဟု ၄င်းက ပြော ဆိုသည်။ 

လက်ရှိ ပြင်ပမော်တော်ယာဉ် ဝယ်ရောင်းဈေးကွက်တွင် ဆူဇူကီးပစ်ကပ်များနှင့် အလားသဏ္ဍာန် တူသည့် ဂျပန်တစ်ပတ်ရစ် ကားတစ်စီးလျှင် ကျပ်သိန်း ၇၀ ခန့်ဖြင့် အရောင်းအဝယ် ပြုလုပ်လျက်ရှိကြောင်း အဆိုပါ ဈေးကွက် အတွင်း မှ စုံစမ်းသိရှိရသည်။ 

ဆူဇူကီးကုမ္ပဏီသည် မြန်မာနိုင်ငံ၌ ဆူဇူကီးပစ်ကပ်နှင့် Wagon (R+) မော်တော်ယာဉ်များနှင့် မော်တော် ဆိုင်ကယ်များ ရောင်းချခဲ့ဖူးသည်။

the voice

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။