/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, May 3, 2013

.

အမေရိကန် ဖို့ဒ်ကုမ္ပဏီ ကားပြခန်း မကြာမီဖွင့်မည်

အမေရိကန်အခြေစိုက် ကမ္ဘာ့ထိပ်တန်းစာရင်းဝင် ကားကုမ္ပဏီကြီး တစ်ခုဖြစ်သော ဖို့ဒ်ကား ကုမ္ပဏီ သည် မြန်မာနိုင်ငံတွင် အရောင်းပြခန်း လာရောက် ဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်း ကုမ္ပဏီအကြီး အကဲ မစ္စတာ Westernman က ယနေ့ပြုလုပ် သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။


ကမ္ဘာ့အဆင့် ၆ စာရင်းဝင် အဆိုပါ ဖို့ဒ်ကား ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ ကားဈေးကွက်သို့ ဝင်ရောက်ရန် ပထမဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ပြီး အဆိုပါကုမ္ပဏီ ဝင်ရောက်ရန်အတွက် မြန်မာနိုင်ငံမှ Diamond ကုမ္ပဏီအုပ်စု၏ Capital Automotive Ltd မှ မြန်မာပြည်၏ တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် တင်သွင်းဖြန့်ဖြူး ရောင်းချသွားမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီ ဒါရိုက်တာ ဦးခင်ထွန်းက ပြောသည်။

အရောင်းပြခန်းကို လှိုင်မြို့နယ်၊ အင်းစိန်လမ်းမပေါ်တွင် တည်ဆောက်လျက်ရှိပြီး အရောင်းပြခန်းနှင့် ကားအပိုပစ္စည်းများ ရောင်းချပေးသည့် ဝန်ဆောင်မှုကိုပါ တစ်ပါတည်း ဆောင်ရွက်ပေးသွား မည်ဖြစ် ကြောင်း ၎င်းက ပြောသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အပြောင်းအလဲ ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုခြင်းဖြင့် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အမေရိကန် အစိုးရက ယခုကဲ့သို့ ဖို့ဒ်ကား ကုမ္ပဏီကို ရင်းနှီးမြှုပ်နှံခွင့် ပေးလိုက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံအမတ် ဒဲရစ် မစ်ချယ်က ပြောသည်။

ဈေးနှုန်းကတော့ အရမ်းမကြီးနိုင်ပါဘူး။ အခုမြန်မာပြည်ကို သွင်းနေတဲ့ ဂျပန်ကား တွေရဲ့ ဈေးကွက်ကို ယှဉ်နိုင်မှာပါ” ဟု Diamond Star ကုမ္ပဏီ အကြီးအကဲ ဦးကိုကိုကြီးက ပြောကြား သည်။

မြန်မာ့ဈေးကွက်သို့ ဝင်ရောက်မည့် ဖို့ဒ်ကားကုမ္ပဏီမှာ ၁၉၀၃ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု မီချီဂန် ပြည်နယ်၌ စတင်အခြေစိုက် ထုတ်လုပ်ခဲ့သော ကားကုမ္ပဏီဖြစ်ပြီး ၂၀၁၂ ခုနှစ်အတွင်း မော်တော်ယာဉ် ၅ ဒသမ ၅ သန်းကျော် ထုတ်လုပ်ရောင်းချခဲ့ကြောင်း ယင်းကုမ္ပဏီ၏ တရားဝင် ဝက်ဘ်ဆိုက်တွင် ဖော်ပြ ထားခဲ့သည်ဟု ၂၀၁၃ ခုနှစ် မေလ ၂ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြ ထားပါသည်။

Khit Lu Nge 

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။