/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, May 3, 2013

.

လွတ်လပ်သော ပုဂ္ဂလိက သတင်းစာများ ထပ်မံစိစစ်၍ တတိယအကြိမ် ခွင့်ပြုပေး

ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် ဖြန့်ချိ ရေးလုပ်ငန်းများ ကြီးကြပ်မှု ဗဟိုအဖွဲ့ အစည်း အဝေး (၄/၂ဝ၁၃)ကို ဧပြီလ ၃ဝ ရက်နေ့ နံနက် ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံး၌ ကျင်းပရာ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ စုံညီစွာတက် ရောက် ပြီး ပုဂ္ဂလိကပိုင် နေ့စဉ်သတင်းစာ လျှောက် ထားမှုများအား စိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ပြန်ကြားရေး ဝန်ကြီးဌာနသည် ပုဂ္ဂလိ က နေ့စဉ်သတင်းစာများအား (၁-၄-၂ဝ၁၃) ရက်နေ့မှစ၍ ထုတ်ဝေ ခွင့်ပြုနိုင်ရေးအတွက် အဆိုပြုလျှောက်လွှာများကို (၁-၂-၂ဝ၁၃) ရက်နေ့မှစ၍ လျှောက်ထားနိုင်ကြောင်း နေ့စဉ်ထုတ် သတင်းစာ များမှ ကြေညာချက် ထုတ်ပြန်ခေါ်ယူခဲ့ပါသည်။


ပုဂ္ဂလိက နေ့စဉ်သတင်းစာ လျှောက်ထားသူ များအနက် (၂၈-၂-၂ဝ၁၃) ရက်နေ့တွင် (၈)စောင်၊ (၂၅-၃-၂ဝ၁၃) ရက်နေ့တွင် (၈) စောင် စုစုပေါင်း (၁၆) စောင်အား ထုတ်ဝေခွင့်ပြုခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ 

ယခုအခါ (၂၉-၄-၂ဝ၁၃) ရက်နေ့အထိ ယခင်လိုအပ်ချက် ရှိသော လျှောက်လွှာများထဲမှ ပြန်လည်ပြင်ဆင် လျှောက်ထားလာ သည့် လျှောက်လွှာ (၁) စောင်၊ ယခင် စိစစ်ဆဲ လျှောက်လွှာ (၃) စောင်၊ ထပ်မံလျှောက်ထားသည့် လျှောက်လွှာ (၇) စောင် စုစုပေါင်း လျှောက် လွှာ (၁၁)စောင်အား ဧပြီလ ၃၀ ရက်နေ့က ပြုလုပ်သော ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် ဖြန့်ချိရေးလုပ်ငန်းများ ကြီးကြပ်မှု ဗဟိုအဖွဲ့ အစည်းအဝေးမှ စိစစ်ပြီး ပုဂ္ဂလိက သတင်းစာ (၁ဝ)စောင်အား ယာယီထုတ်ဝေခွင့် ပြုလိုက်ကြောင်း သတင်းရရှိသည်။

၎င်း (၁၀) စောင်မှာ-

(က) နေရှင်နယ်တိုင်း(မ်) (National Time Daily) (လျှောက်ထားသူ ဒေါက်တာစံပယ်တင်)၊

(ခ) ဒေးလီးအီလဲဗင်းနယူးစ် (Daily Eleven News) (လျှောက်ထားသူ ဒေါ်ယဉ်မော်ဦး)၊

(ဂ) (Myanmar Freedom Daily (အင်္ဂလိပ်ဘာ သာဖြင့် ထုတ်ဝေပါမည်) (လျှောက်ထားသူဦးသီဟ(သီဟစော)၊ 

(ဃ) နဂါးနီနေ့စဉ် (The Nagani Daily) (လျှောက်ထားသူ ဦးသိန်းထွန်း)၊

(င) ဓနစီးပွားရေးနေ့စဉ် (လျှောက်ထားသူ ဦးမောင်မောင်စိန်)၊ 

(စ) ဝရဇိန်နေ့စဉ် (လျှောက်ထားသူ ဦးမောင်မောင်စိန်)၊

(ဆ) စောင့်ကြည့်နေ့စဉ် (Newswatch Daily) (လျှောက်ထားသူ ဦးချစ်မောင်)၊ 

(ဇ) ပြည်မြန်မာနေ့စဉ် (The Pyi Myanmar Daily) (လျှောက်ထားသူ ဒေါက်တာခင်မိုးမိုး)၊ 

(ဈ) မြန်မာပို့စ်နေ့စဉ် (Myanmar Post Daily) (လျှောက်ထားသူ ဦးဝင်းအောင်)၊

(ည) International Herald Tribune (နိုင်ငံခြားမှ ထုတ်ဝေသည့် မူရင်းအတိုင်း Reprint ထုတ်ဝေမည် ဖြစ်ပါသည်) (လျှောက်ထားသူ ဦးမျိုးအောင်) (Success Int.Co.,Ltd) တို့ ဖြစ်ပါသည်။ 

သို့ဖြစ်၍ ယနေ့ အထိ လွတ်လပ်သော ပုဂ္ဂလိကနေ့စဉ်သတင်းစာ မြန်မာဘာသာဖြင့် (၂၄)စောင်၊ အင်္ဂလိပ် ဘာသာဖြင့် (၂)စောင် စုစုပေါင်း(၂၆) စောင် ထုတ်ဝေခွင့်ပြုခဲ့ကြောင်း သိရသည်။ 

အချက်အလက် မပြည့်စုံသဖြင့် ကျန်ရှိသော စစ်ဆေးဆဲလျှောက်လွှာ (၁) စောင်နှင့် ထပ်မံလျှောက်ထား လာမည့် လျှောက်လွှာများ ကိုလည်း ဆက်လက်စိစစ်ပြီး နောင်ကျင်းပမည့် ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် ဖြန့်ချိရေးလုပ် ငန်းများ ကြီးကြပ်မှု ဗဟိုအဖွဲ့ အစည်းအဝေး၌ ဆွေးနွေးဆုံးဖြတ် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် မေလ ၁ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထား ပါသည်။

Khit Lu Nge 

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။