/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, May 3, 2013

.

ရခိုင်တွင် ပဋိပက္ခထပ်မဖြစ်ရန် လုံခြုံရေးတိုးရုံနှင့် မလုံလောက်ဟု ကုလ ကိုယ်စားလှယ်ဆို

ရခိုင်ပြည် နယ်တွင် ပဋိပက္ခများ ထပ်မံမဖြစ်ပွားရန် လုံခြုံရေးအင်အား နှစ်ဆတိုးရုံဖြင့် လုံလောက်မှု မရှိနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့် အရေးအထူးကိုယ်စားလှယ် သောမတ်အို ဟေးကင်တားနားက စုံစမ်းစစ်ဆေးရေး ကော်မရှင် ၏ အစီရင်ခံစာကို ယနေ့တုံ့ပြန် ပြောဆိုလိုက်သည်။


အစီရင်ခံစာမှာ အကြံပြုထား သကဲ့သို့ လုံခြုံရေး အင်အားနှစ်ဆတိုးမည် ဆိုသော်လည်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အကြမ်းဖက်မှုများကို လျစ်လျူရှု နေမည် ဆိုပါက ပဋိပက္ခများ ထပ်မံရင်ဆိုင်ကြုံ တွေ့ ရမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် အချိန်မရွေး ပဋိပက္ခထပ်မံဖြစ်ပွားနိုင်ပြီး လုံခြုံရေး အင်အားများကို တိုးမြှင့်ထားရန် အကြံ ပြု ထားကြောင်း ကော်မရှင်ထံမှ သိရှိရသည်။

လုံခြုံရေး အင်အားကို ရုတ်တရက် မလျှော့သင့်သည့်အပြင် လုံခြုံရေးတာဝန် ယူထားသော တပ်မတော်၊ ရဲတပ်ဖွဲ့၊ သတင်း နှင့်ထောက်လှမ်းရေး၊ နယ်စပ်ဒေသလူဝင်မှု စိစစ်ရေးကွပ်ကဲမှု ဌာနချုပ် (နစက) အင်အား တို့ကို နှစ်ဆတိုးမြှင့်ရန် လိုအပ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရိုဟင်ဂျာ (မူရင်းအသုံး) များနှင့် မူဆလင် လူ့အဖွဲ့စည်းများအပေါ် စနစ်တကျ လူ့အခွင့်အရေးချိုးဖောက်မှု များရှိ နေပြီး ယင်းချိုးဖောက်မှု (မတရားသတ်ဖြတ်မှု၊ အဓမ္မပြုကျင့်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှု၊ တစ်ဖက် သတ် ဖမ်း ဆီးမှု၊ နှိပ်စက် ညှဉ်းပန်းမှု၊ အကျဉ်းထောင်တွင်း သတ်ဖြတ်မှု) တို့ကို အစိုးရ အရာရှိ အချို့က လုပ်ဆောင်ခဲ့သည့်အပြင် ဆက်လက်ပြီး လုပ်ဆောင် နေသည့် အထောက် အထား များလည်း ရရှိထားကြောင်း ကင်တားနားက ဝေဖန်ထားသည်။

နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကမူ ယင်းစွပ်စွဲချက်မှာ တစ်ဖက်သတ် သတင်း အချက် အလက် များကို အခြေခံကာ ပြောဆိုနေခြင်းဖြစ်ပြီး အမှန် တကယ်တွင်မူ ပဋိပက္ခဖြစ်ပွားစဉ်က ရခိုင် ပြည်နယ် ရှိ နှစ်ဦးနှစ်ဖက်စလုံးတွင် ထိခိုက် ဒဏ်ရာရမှု၊ သေကျေပျက်စီးမှုများ ရှိခဲ့ကြောင်း၊ ယင်းကိစ္စနှင့် ပတ် သက် ၍ နယ်ပယ် ပေါင်းစုံက လူပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသော ကော်မရှင်ကလည်း ထုတ်ပြန်ပြီးပြီ ဖြစ် ကြောင်း ဆိုသည်။

"တစ်ဖက် ထဲ လူ့အခွင့်ရေး ချိုးဖောက် ခံနေရတယ်ဆိုတာက တစ်ဖက်သတ်နိုင် လွန်းပါတယ်" ဟု ၄င်းက သုံးသပ် သည်။

လူပေါင်း ၂၀၀၀ ကို မေးမြန်း ထား ချက်များ၊ သုတေသနများ၊ ကွင်းဆင်း လေ့လာမှုများကို အခြေခံကာ ရေးသားသည့် ရခိုင်ပြည်နယ် ပဋိပက္ခ အစီရင်ခံစာ တွင် ငြိမ်းချမ်းစွာ အတူနေထိုင်ရေး၊ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ အတိုင်း နိုင်ငံသား ဖြစ်ခွင့်ပေးရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒုက္ခသည်များအရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ ဘာသာရေးစသည့် အကြံပြုချက် များပါဝင်သည့် အစီရင်ခံစာကို နိုင်ငံတော် သမ္မတထံ ဧပြီလ ၂၂ ရက်နေ့တွင် တင်ပြခဲ့ ပြီး ၂၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

The Voice Weekly

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။