/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, May 3, 2013

.

နာဂစ်အထိမ်းအမှတ်ရုပ်တု

ရုပ်တုကို နာဂစ်မုန်တိုင်းဒဏ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့ မိသားစုပုံနဲ့ ထုလုပ်ထားပြီး ရေပန်းဖြင့် အလှဆင်ထားပါသည်။ အရှေ့မျက်နှာစာတွင် ဘိုကလေးမြို့နယ်အတွင်း နာဂစ်မုန်တိုင်းကြောင့် ပျက်စီး ဆုံးရှုံးခဲ့တဲ့ အချက်အလက်တွေကို မြန်မာစာ၊ အင်္ဂလိပ်စာဖြင့်လည်းကောင်းရေးထွင်းထားပါတယ်။

ရုပ်တု၏လက်ဝဲဘက်မှာ မုန်တိုင်းတိုက်ခတ်နေတဲ့ ပုံစံရုပ်ကြွပန်းချီကားဖြင့်လည်းကောင်း၊ ရုပ်တု၏ လက်ယာဘက်တွင် မုန်တိုင်းတိုက်ခတ်ပြီးသည့်အခြေအနေကိုဖော်ပြထားသည့် ရုပ်ကြွပန်းချီဖြင့် လည်း ကောင်း တပ်ဆင်ထားရှိပါသည်။

နာဂစ်မုန်တိုင်းဟာ မိမိတို့မြန်မာ့သွေးချင်းတို့ရဲ့ အသက်၊ အိုးအိမ် တို့ပျက်စီးစေခဲ့ပါတယ်။ ထိုသို့သော ဘေးအန္တရာယ်မျိုးမှ နောက်နောင် မြန်မာပြည်သူပြည်သားများ ပယ်ရှားကင်းဝေးပါစေကြောင်း ဆုတောင်း လျက် အတိတ်ဆီမှ Htoo Foundation နှင့် Air Bagan တို့၏ ပုံရိပ်များကို နာဂစ်မုန်တိုင်း၏ ၅ နှစ်ပြည့် အနေဖြင့်ဖော်ပြအပ်ပါတယ်။ မိမိအနေနဲ့ မြန်မာလူမျိုး၊ မြန်မာနိုင်ငံသား တစ်ဦးအနေနဲ့ တိုင်းပြည်လူမျိုး အတွက် ဦးတည်ဆောင်ရွက်ရင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို မိမိတတ်စွမ်းသမျှ အရှိန်အဟုန်မပြတ် ကြိုးပမ်းဆောင်ရွက်သွားပါမည်။


ဓါတ်ပုံများကို အောက်တွင်ကြည့်ရှုနိုင်ပါတယ်။







Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။