/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, May 3, 2013

.

မီးသတ်ကား အစီးရေ ၁၀၀ ထပ်မံ ၀ယ်ယူ သွားရန်ရှိ


မီးဘေး အန္တရာယ် ကာကွယ်ရာမှာ ပိုမို ထိရောက်စွာ ပြုလုပ်ဖို့ အတွက် မီးသတ် ကားများကို ထပ်မံ ၀ယ်ယူ သွားဖို့ စီစဉ် လျက် ရှိတယ်လို့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။ အဆိုပါ မီးသတ် ကားများ ကိုတော့ အစီးရေ ၁၀၀ ထပ်မံ ၀ယ်ယူ သွားမှာ ဖြစ်တဲ့အပြင် မီးသတ်ကားနဲ့ ဆက်စပ် ပစ္စည်းများကိုလည်း ၀ယ်ယူ သွားမှာ ဖြစ်ပါတယ်။


အဲ့ဒီလို ၀ယ်ယူဖို့ အတွက် ဘက်ဂျက် ခွင့်ပြုချက် များလည်း ရရှိပြီး ဖြစ်ပါတယ်။


ယခု လက်ရှိ မီးသတ် တပ်ဖွဲ့ အနေနဲ့ တပ်ဖွဲ့ဝင် ၇၁၆၇ ဦး ခွင့်ပြုပေး ထားပြီး ၀န်ထမ်းခန့်ထားမှု မှာတော့ ၄၀၄၃ ဦး ရှိတာဖြစ်ပြီး မီးငြိမ်းသတ် ယာဉ် ၁၀၄၉ စီး၊ မီးသတ်ရေသယ် ယာဉ် ၂၀၄ စီး၊ မီးသတ် စက်ယာဉ် ၁၄၄ စီးနဲ့ မီးသတ် အထောက်အကူပြု ယာဉ် ၆၂ စီး၊ စုစုပေါင်း ၁၅၁၉ စီး ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီလို ယာဉ်အစီးအရေ ၁၅၁၉ စီး အပြင် ယာဉ်အစီးရေများ တိုးချဲ့ ၀ယ်ယူရခြင်းဟာ မီးလောင်မှု ဖြစ်ပွားရာမှာ အချိန်မီငြှိမ်းသတ် နိုင်ဖို့ အတွက် ဖြစ်သလို ပြည်သူများ အနေနဲ့လည်း ပေါ့ဆမီး များကို သတိပြုမှု များလည်း ပြုလုပ် သွားပါက ပိုမို ထိရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဓါတ်ပုံ - Internet

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။