/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, May 3, 2013

.

အင်ဒိုနီးရှားရှိ မြန်မာသံရုံး ဗုံးခွဲရန် ကြံစဉ်သူ ၂ ဦးကို ဖမ်းမိ

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ရှိတဲ့ မြန်မာ သံရုံးကို ဗုံးခွဲ တိုက်ခိုက်ရန် ကြံစဉ်တဲ့ အကြမ်းဖက် သမား ၂ ဦးကို အင်ဒိုနီးးရှား အမျိုးသားရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ သတင်းရရှိပါတယ်။


အင်ဒိုနီးရှားရှိ မြန်မာသံရုံးရှေ့မြင်ကွင်တခု ၊ ဓာတ်ပုံ- demotix.com

သူတို့ ဟာ မြန်မာနိုင်ငံက ဘင်္ဂလီ မွတ်ဆလင်တွေအပေါ် မြန်မာအစိုးရရဲ့ ဖိနှိပ်ခွဲခြားမှု၊ လုပ်ကိုင် ဆောင်ရွက်မှုတွေကို မကြေနပ်လို့ လက်စား ချေဖို့ အခုလို လုပ်ဖို့ဖြစ် တယ်လို့ ပြောဆိုတာကို ဂျာကာတာ ပို့စ် သတင်း တပုဒ်မှာ ဖော်ပြထား ပါတယ်။


ဒီကနေ့ သောကြာနေ့ နံနက်စောစောပိုင်းက Members of Densus 88 ဆိုတဲ့ အဖွဲ့က အိမ်လုပ် ဗုံးရဲ့ စနက်တံ ဖြုတ်နိုင်ခဲ့တာဖြစ်တယ်လို့ အဆိုပါသတင်းက ဆိုပါတယ်။ 

ဒီလို ဗုံးခွဲဖို့ ကြံစဉ်တယ်လို့ သံသယဖြစ်သူ ၂ ဦးလုံးကို သူတို့ရဲ့ ကျောပိုးအိတ်ထဲမှာ ရေပိုက်ဗုံးအဖြစ် အသုံးပြု မယ့် ဗုံး ၅ ခုနဲ့အတူ အ၀တ် အစားတွေ၊ ၀ါယာ ကြိုးနဲ့ပါ ဆိုင်ကယ် တစီးပေါ်မှာ ဖမ်းဆီး ရမိလိုက် တာဖြစ် တယ်လို့ သိရပါတယ်။ 

အခုတော့ အင်ဒိုနီးရှားက မြန်မာသံရုံးကို အင်ဒို လုံခြုံရေး တပ်ဖွဲ့တွေ ဒါဇင်နဲ့ချီပြီး လုံခြုံရေး ယူထားပေး တယ်လို့ သိရပါတယ်။ 

From: ဧရာဝတီ 

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။