/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, May 30, 2013

.

မန္တလေးတွင် သာသနာညှိုးနွမ်းအောင် ပြုလုပ်သူတစ်ဦးကို တွေ့ရှိအရေးယူ

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းအေးသာဇံမြို့နယ် လမ်း၈၀×၈၁လမ်းနှင့်၂၇လမ်းအနီးတစ်ဝိုက် ၌ မေ ၂၉ ရက် ညနေ ၅ နာရီအချိန်က မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လဝီ အဖွဲ့ချုပ် အမှတ်စဉ်ကဒ်ပြား တစ်ခုကိုအသုံးပြု၍သာသနာညှိုး နွမ်းအောင်ပြုလုပ်သူတစ်ဦး ကို တွေ့ရှိရသဖြင့် ချမ်းအေးသာဇံအရှေ့ရပ် ကွက်၊ အကွက်မှူးမှ ယင်းမြို့နယ် မြို့မရဲစခန်း အမှတ်(၈)ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှသိရသည်။


“သူကဘာသာရေး ဝတ်စုံတွေလည်း ဝတ်လာတယ်၊ နောက်ပြီး ကျမ်းစာအုပ်တွေလည်းပါ လာတယ်။အဲ့နား (လမ်း၈၀×၈၁လမ်းနှင့်၂၇လမ်း )ကဗလီ ထဲဝင်လာပြီးမသင်္ကာတဲ့ပုံစံနဲ့မို့ မေးသင့်မေးထိုက်တာမေးတယ်၊ အထောက်ထားလည်းမပြနိုင်ဘူး၊တခြားသူတွေ ဒုက္ခမရောက်အောင်တာဝန်ရှိသူတွေကပို့လိုက်တာပါ”ဟု ဗလီ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

သာသနာညှိုးနွမ်းအောင်ပြုလုပ်သူဟု စွပ်စွဲခံရသူမှာ မကွေးတိုင်း ဒေသကြီးချမ်းမြသာယာကျေးရွာတွင်နေ ထိုင် သူဖြစ်ကြောင်း၊ချမ်းအေးသာဇံမြို့နယ်၊ မြို့မရဲစခန်းအမှတ်၉မှ မေလ ၂၉ ရက် နေ့ညနေ ၆ နာရီတွင် ရဲအရေးမပိုင်မှု အမှတ်စဥ်၁၆/၂၀၁၃ ပြစ်မှုပုဒ်မ ၂၉၅(က)နှင့်အရေးယူထာပြီး မေလ ၃ဝ ရက်နေ့တွင် တရားစွဲဆိုသွားမည်ဖြစ်ကြောင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။