/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, May 30, 2013

.

မြင်နိုင်စွမ်း ၆ဝ ရာခိုင်နှုန်းအထက် ကားမှန်အနက်များ တပ်ဆင်အသုံးပြုခွင့်ပေး

ပြည်ပမှတင်သွင်းလာသော မည်သည့်မော်တော်ကားမဆို မြင်နိုင်စွမ်း ၆ဝ ရာခိုင်နှုန်းနှင့်အထက် ရှိသည့် ကားမှန်အနက်များတပ်ဆင်ထားလျှင်လည်း တင်သွင်းခွင့်ပြုထားပြီးဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ကညန ဦးဌာနခွဲ၏ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းထွဋ် က ပြောသည်။


”တပ်ခွင့်တော့ရှိပါတယ်။ ဒါပေမဲ့ original မှန်မှခွင့်ပြုတာပါ” ဟု ၎င်းကမဇ္ဈိမကို ပြောသည်။ အရောင်ပါသော မှန်များ တပ်ထားသည့်ကားများကို တင်သွင်းလာပါက ကုန်းလမ်းပို့ဆောင်ညွှန်ကြားမှုဌာနက အင်ဂျင်နီယာ များက မြင်နိုင်စွမ်းပမာဏကို တိုင်းတာစစ်ဆေးပြီးမှ ခွင့်ပြုပေးရန် သင့်/မသင့် ဆုံးဖြတ်ကြောင်း၊ လက်ရှိတွင် ခွင့်ပြုထားသည့် အရောင်ပါသောမှန်တပ်ထားသည့် ကားအများစုမှာ မြင်နိုင်စွမ်း ၇ဝ ရာခိုင်နှုန်းအထိ ရှိကြောင်း ၎င်းက ဆက်ရှင်းပြသည်။

စွယ်တော် ကားအရောင်းစင်တာမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးမျိုးဇင်ဝင်းက ”ရှေ့မှန်ကိုတော့ ကာလာမှန် ခွင့်မပြုဘူး။ နောက်မှန်ပဲ ကာလာမှန်ခွင့်ပြုတယ်။ ကားအများစုကတော့ ရှေ့မှန်မှာ ကာလာပါတာ နည်းပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ကားသုံးစွဲသူအများစုသည် အရောင်ပါသည့် မှန် တပ်ထားသောကားကို မှန်ကြည်တပ်ဆင် ထားသည့်ကားထက် လူကြိုက်များသည်ဟုလည်း သူကဆိုသည်။

လူသုံးများပြီး အရောင်ပါသော မှန်တပ်ထားလေ့ရှိသည့်ကားများမှာ ပရိုဗောက်၊ ဟွန်ဒါဖစ်၊ ဒီမီနို၊ ကာကလူဂျာ စသည့်ကားများနှင့် မော်ဒယ်မြင့်ကားအများစုဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

လက်ရှိတွင် ကားမှန်များကို စတေကာအနက်များကပ်ခွင့်ပေးမထားဘဲ ကားမှန်တွင် စတေကာကပ်ပါက ဒဏ်ကြေးငွေ ၁ဝ၁,၅ဝဝ ကျပ် နှင့် မော်တော်ယဉ်လိုင်စင်ပိတ်သိမ်း သည်အထိ အရေးယူကြောင်း ရန်ကုန်တိုင်း ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ ရဲမှူး ဦးသာဌေး က ပြောသည်။ 

Credit : http://www.mizzimaburmese.com/news/breaking-newsbrief/11773-2013-05-29-07-23-56.html

1 comment:

  1. လမ်းပေါ် မှာသွား လာနေတဲ့ ပိန်းပိတ်
    အောင် မှောင်တဲ့ မှန် နက်တွေနဲ့ ကား
    တွေကို ဘယ်သူတွေ စီးနေလဲဗျာ။
    လမ်းရှင်း ယာဉ်တွေ escort ကား
    တွေနဲ့လေ။

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။