တရားမ၀င်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေး ဥပဒေကို ပြန်လည်ပြင် ဆင် ရေးဆွဲရန် စီစဉ်နေကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန၏ အစည်းအဝေး သတင်းထုတ်ပြန်ချက်များအရ သိရသည်။
အဆိုပါ ဥပဒေမှာ ယခင် စစ်အစိုးရလက်ထက် ဥပဒေအမှတ် (၆/၂၀၀၂)ဖြင့် ၂၀၀၂ ခုနှစ် ဇွန် ၁၇ ရက်က ပြဋ္ဌာန်းထုတ်ပြန်ခဲ့ပြီး ဖြစ်သော်လည်း အသက်ဝင်မှု နည်းပါးနေရုံသာမက အဆိုပါ ဥပဒေ ထုတ်ပြန်ထား
ကြောင်း သိရှိသူပင် နည်းပါးနေသေးကြောင်း ဥပဒေ လေ့လာသူများက ဆိုသည်။
ငွေကြေးခ၀ါချခြင်း၊ ငွေဖြူငွေမည်း ပြဿနာများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံကြသည့် နိုင်ငံ သား ရင်းနှီးမြှုပ်နှံသူ အချို့၏ ရင်းနှီးမြှုပ်နှံသည့် ပမာဏများမှာ အခွန်ပေးဆောင်ထားသည့်ငွေများ ဟုတ်မဟုတ်၊ ၀င်ငွေရ လမ်းပြနိုင်သည့် ငွေများ ဟုတ်မဟုတ်၊ တရားမ၀င် ငွေကြေးများဖြင့် မြှုပ်နှံခြင်း ဟုတ် မဟုတ် စသည့်အကြောင်း အရာများကို စိစစ်ရန် လိုအပ်ကြောင်း မီဒီယာတွင် ဖော်ပြခဲ့ပြီးနောက် တရား မ၀င်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေး ဥပဒေကို ပြင်ဆင်ရေးဆွဲ ရန် စီစဉ်နေသည့် သတင်းပေါ်ထွက်ခဲ့ခြင်း ဖြစ်သည်။
အဂတိ လိုက်စားမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ လက်နက်ခဲယမ်း မီးကျောက်နှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများ တရားမ၀င် ရောင်းဝယ်မှု၊ အခွန်တိမ်းရှောင်မှု၊ လူကုန်ကူးမှု၊ တရားမ၀င် သစ်ခိုးထုတ်မှုများ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပေးသည့် လုပ်ငန်းလိုင်စင် မရှိဘဲ ငွေရေးကြေးရေး အဖွဲ့အစည်း၏ လုပ်ငန်းလုပ်ကိုင်မှု စသည့် ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရာမှ ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများကို တရား ၀င် အသွင်သို့ ရောက်ရှိစေရန် တရားမ၀င်သော နည်းလမ်းဖြင့် ပြောင်းလဲခြင်း၊ လွှဲပြောင်းခြင်း၊ ဖုံးကွယ်
ခြင်း၊ ဖျောက်ဖျက်ခြင်း သို့မဟုတ် အသွင်ပြောင်းလဲခြင်းပြုသည့် ပြစ်မှုများသည် ဤဥပဒေနှင့် သက်ဆိုင်စေ ရမည်ဖြစ်ကြောင်း တရားမ၀င်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေးဥပဒေ ပုဒ်မ ၅(က) တွင် ပြဋ္ဌာန်းထားသည်ဟု သိရသည်။
တရားမ၀င်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများကို ထိန်းချုပ်ပြီး ထိရောက်စွာ အရေး ယူနိုင် ရန်နှင့် ဆင့်ပွားပေါ်ပေါက်နိုင်သည့် ပြစ်မှုများကို ကာကွယ်ဟန့်တားနိုင်ရန်၊ တရားမ၀င်သော နည်း လမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေးအတွက် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ အိမ်နီးချင်း နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် စသည့်ရည်ရွယ်ချက် များဖြင့် တရားမ၀င်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများထိန်းချုပ်ရေး ဥပဒေကို ပြဋ္ဌာန်း ခဲ့ခြင်းဖြစ်ကြောင်း ဥပဒေ ပြဋ္ဌာန်းချက်များအရ သိရသည်။၏
ထို့ပြင် တရားမ၀င်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေး ဥပဒေ၏ ရည်ရွယ် ချက်များထဲတွင် တရားမ၀င်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများကို အသုံးပြု၍ နိုင်ငံ
တော်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍများတွင် ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ရန်ဟူသည့် အချက် ပါဝင်နေသည်ကို တွေ့ရသည်။
Eleven Media Group
အဲဒီဥပဒေကို အကောင်အထည်ဖေါ်ဖို့ ပြည်ထဲရေးရုံးမှာ
ReplyDeleteရဲမှုးကြီအဆင့်လောက်သာရှိတဲ့သူဦးဆောင်တဲ့အဖွဲ့ရှိတယ်
ဌာန ၅ ခုလောက်ပါမယ် ရွှေတော်မျိုးတော်တွေနဲ့စီးပွါးပြိုင်
တဲ့သူတွေကို အဲဒီဥပဒေနဲ့ နှိပ်ကွပ်တာပေါ့
လုပ်သင့်တာကဒီမိုကရေစီစကတည်းကလုပ်ရမှာ
ReplyDeleteပထမဦးဆုံးဦးပိုင်နဲ့ခရိုနီတွေရဲ့ပိုင်ဆိုင်မှူတွေအားလုံးကို
နိုင်ငံတော်ပိုင်အဖြစ်သိမ်းလိုက်ရင်ပြီးပါပြီ