/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, May 30, 2013

.

လားရှိုးမြို့တွင် မေ ၂၉ ရက်က ပဋိပက္ခဖြစ်စဉ်များ ဆက်လက်ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ ငါးဦး ဒဏ်ရာရ



လားရှိုးမြို့တွင် မေ ၂၈ ရက် ညနေပိုင်းက အမျိုးသမီးတစ်ဦးအား ဓာတ်ဆီဖြင့်ပက်ပြီး မီးရှို့ခဲ့ရာမှတစ်ဆင့် ဖြစ်ပွားခဲ့သော ပဋိပက္ခသည် မေ ၂၉ ရက်တွင်လည်း နေရာအချို့တွင် ဆက်လက်ဖြစ်ပွားခဲ့သည်။ မေ ၂၉ ရက်တွင် ဆူပူမှု၊ အကြမ်းဖက် ဖျက်ဆီးမှု အချို့ကြောင့် ရုပ်ရှင်ရုံ တစ်ရုံနှင့် ကားတစ်စီး ပျက်စီးခဲ့ပြီး တစ်ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိသူ ငါးဦးရှိခဲ့ကြောင်း တရားဝင် ထုတ်ပြန်ချက်အရ သိရသည်။ မေ ၂၉ ရက် မွန်းလွဲ ၂ နာရီတွင် ဦးရေ ၂၀၀ ခန့်ရှိသော လူများက ဆူပူအကြမ်းဖက်မှု ပြန်လည်ပြုလုပ် ခဲ့ကြခြင်းဖြစ် ကြောင်း သိရသည်။


ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်တွင် သေဆုံးသူမှာ (၇) ရပ်ကွက်တွင် နေထိုင်သူ အသက် ၅၅ နှစ်အရွယ် ဦးမြင့် ၀င်း (ဘ) ဦးစမိုင်ဆိုသူ ဖြစ်ပြီး ဒေါ်ခင်ခင် (၅၂ နှစ်) (ဗုဒ္ဓ)၊ မောင်ဝဏ္ဏ မင်းထိုက် ၃၀ နှစ်(ဗုဒ္ဓ)၊ ဦးအောင် အောင် ၃၈ နှစ်(ဗုဒ္ဓ)၊ ဦးချစ်ကို(ဗုဒ္ဓ)၊ ဦးမြင့်နိုင် ၄၁ နှစ်(ဗုဒ္ဓ)နှင့် DVB သတင်းထောက် ဦးခွန်ဇော်ဦးတို့မှာ ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြကြောင်း သိရသည်။ ထိခိုက်ဒဏ်ရာ ရရှိသူများကို လားရှိုးပြည်သူ့ ဆေးရုံကြီး သို့ ပို့ဆောင်ခဲ့ပြီး မောင်ဝဏ္ဏမင်းထိုက်မှာ ဦးခေါင်းဒဏ်ရာ အပြင်းအထန် ရရှိသဖြင့် ခွဲစိတ်ခန်းသို့ ပို့ဆောင် ကုသ ပေးခဲ့ရကြောင်း၊ ကျန်လူနာများမှာ လက်ရှိတွင် မစိုးရိမ်ရသော အခြေအနေတွင် ရှိကြောင်း သိရ သည်။

သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရှမ်းပြည်နယ် ၀န်ကြီးချုပ်တို့က အကြမ်းဖက် ဆူပူသူများအား မေတ္တာရပ်ခံ ပြောကြားနေသည်ကို မေ ၂၉ ရက် ညနေ ၃ နာရီခွဲက တွေ့ရစဉ် 

ထို့ပြင် ဆူပူ အကြမ်းဖက်မှုများကြောင့် အမှတ် (၂) ရပ်ကွက်ရှိ သီတာအေးရုပ်ရှင်ရုံ အတွင်းပိုင်း မီးလောင် ဖျက်ဆီး ခံခဲ့ရသော်လည်း အချိန်မီ ငြိမ်းသတ်နိုင်ခဲ့သောကြောင့် နောက်တန်းခုံများနှင့် ရုပ်ရှင်ပိတ်ကား တို့သာ ပျက်စီးခဲ့သည်။ ထို့အတူ အမှတ် (၇) ရပ်ကွက်တွင် လူဦးရေ ၃၀ ခန့်က ဆလွန်းကား တစ်စီး ကို လည်း ၀ိုင်းဝန်းဖျက်ဆီးခဲ့သည်။

အကြမ်းဖက်လူတစ်စုမှ လားရှိုးမြို့နယ် (၃) ရပ်ကွက် ဈေးအနီးရှိ ဗလီတစ်ခုအား မီးရှို့ဖျက်ဆီးမှုကြောင့် အမှတ် (၁) ရဲစခန်းက (ပ) ၂၅၈/၂၀၁၃ ပြစ်မှုဆိုင်ရာပုဒ်မ ၄၃၆/၄၂၇/၄၅၂၊ အစ္စလာမ်မိဘမဲ့ ဂေဟာအား မီးရှို့ဖျက်ဆီးမှုကြောင့် အမှတ် (၁) ရဲစခန်း (ပ) ၂၅၉/၂၀၁၃ ပြစ်မှုဆိုင်ရာပုဒ်မ ၄၃၆/၄၂၇/၄၅၂၊ ရပ်ကွက် (၉) ရှိ အစ္စလာမ် စာသင်ကျောင်း တစ်ခုအား ဖျက်ဆီးမှုကြောင့် လားရှိုးမြို့နယ် နယ်မြေရဲစခန်း (ပ) ၆၃/ ၂၀၁၃ ပြစ်မှုဆိုင်ရာပုဒ်မ ၄၅၂/၄၂၇/၃၄ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဆူပူ အကြမ်းဖက်မှုတွင် ပါဝင်သူအချို့ကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးနေစဉ် 

တုတ်၊ ဓားလက်နက် ကိုင်ဆောင်ထားသော လူအုပ်စုတစ်စုကို မေ ၂၉ ရက် ညနေပိုင်းက တွေ့ရစဉ် 

မေ ၂၉ ရက်ည နိုင်ငံပိုင် ရုပ်သံသတင်း ကြေညာချက်တွင် မွန်းလွဲ ၁ နာရီ မိနစ် ၄၀ ခန့်က ရပ်ကွက် ၂၊ ရပ်ကွက် ၃၊ ရပ်ကွက် ၇ နှင့် ရပ်ကွက် ၈ တို့မှာ အပြန်အလှန် တိုက်ခိုက်မှုများ စတင်ဖြစ်ပွားခဲ့ရာ ယင်းနေ့ ညနေ ၅ နာရီခန့်အထိ တိုက်ခိုက် မီးရှို့ဖျက်ဆီးမှု ခုနစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ မေ ၂၈ ရက်မှ ၂၉ ရက် အထိ အပြန်အလှန် တိုက်ခိုက်မှုများကြောင့် လူနေအိမ် ငါးလုံး၊ ဘာသာရေး အဆောက်အအုံ သုံးလုံး၊ ရုပ်ရှင် ရုံ တစ်ရုံ၊ ဂိုဒေါင် လေးလုံး၊ ဆိုင်ခန်း ၃၁ ခန်း၊ မော်တော်ယာဉ် နှစ်စီး၊ ဆိုင်ကယ် ၁၁ စီး မီးလောင် ပျက်စီးခဲ့ကြောင်း၊ တစ်ဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့က ပြစ်မှုကျူးလွန်ခဲ့သော တရားခံဖြစ်သူသည် မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ပြစ်မှုကျူး လွန်ြ ခြင်းဖြစ်ပြီး ဘာသာရေး၊ လူမှုရေး ကိစ္စများနှင့် ပတ်သက်ခြင်း မရှိကြောင်း၊ ယင်းပြစ်မှုကို အကြောင်းပြုပြီး ဘာသာရေး ပဋိပက္ခအသွင် ဖော်ဆောင်ခြင်း မပြုရန်အတွက် ဘာသာရေး အဖွဲ့အစည်းများ၊ လူမှုရေး အဖွဲ့အစည်းများနှင့် ပြည်သူများက ၀ိုင်းဝန်းကူညီ ဆောင်ရွက်ကြရန် သက်ဆိုင်ရာ တာဝန်ရှိသူများက မေတ္တာရပ်ခံထားကြောင်း ထုတ်ပြန်ကြေညာ သွားခဲ့သည်ဟု သိရသည်။

တုတ်၊ ဓားလက်နက် ကိုင်ဆောင်ထားသော လူအုပ်စုနှင့် ဖျက်ဆီးခံထားရသော မော်တော်ယာဉ် တစ်စီးအား မေ ၂၉ ရက် ညနေပိုင်းတွင် တွေ့ရစဉ် 

မေ ၂၉ ရက် မွန်းလွဲ ၃ နာရီတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်၊ သာသနာရေး ၀န်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးဆန်းဆင့်၊ ရှမ်းပြည်နယ် ကာ/လုံဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ၊ မန်ဆူရှမ်းကျောင်း ဆရာတော်တို့ ဦးဆောင်သော အဖွဲ့က ပဋိပက္ခများ ဖြစ်ပွားနေသည့် လားရှိုးမြို့ အမှတ်(၇) ရပ်ကွက်အ တွင်း လှည့်လည်၍ အကြမ်းဖက်မှုများ ဆက်လက်မဖြစ်ပွားရန် တားမြစ်ခဲ့ပြီး ယင်းဆူပူ အကြမ်းဖက်မှုတွင် ပါဝင်သူများကို ရဲတပ်ဖွဲ့မှ ထိန်းသိမ်းခဲ့ကြောင်း သိရသည်။

လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူးက "အခုလက်ရှိ လားရှိုးမြို့မှာ အကြမ်းဖက်မှု ဖြစ်စဉ်တွေ အများစုကို ထိန်းချုပ် နိုင်ပါပြီ။ ဒါပေမဲ့ လားရှိုးမြို့ရဲ့ ဆင်ခြေဖုံး ရပ်ကွက်တွေမှာ နေထိုင်တဲ့ လူတစ်စုက အစ္စလာမ်ဘာသာ ၀င် တွေ နေထိုင်တဲ့ မြို့ပေါ်ရပ်ကွက်တွေကို လာရောက်ပြီး အကြမ်းဖက် ဖျက်ဆီးမှုတွေ ရှိနေသေးတဲ့အတွက် ဒါတွေကို အမြန်ဆုံး ထိန်းသိမ်းနိုင်ဖို့ လုံခြုံရေးအင်အား ၅၀၀ ကျော်နဲ့ ဆောင်ရွက်နေပါတယ်" ဟု မေ ၂၉ ရက် ညနေပိုင်းတွင် ပြောကြားထားသည်။

မေ ၂၉ ညပိုင်းတွင် လုံခြုံရေး ပိုမိုတင်းကျပ်စွာ ဆောင်ရွက်လျက်ရှိပြီး တားမြစ်နေရာများသို့ မည်သူ့ကိုမှ သွားလာခွင့် မပြုကြောင်း သိရသည်။

တုတ်၊ ဓားလက်နက်များ ကိုင်ဆောင်ထားသူများကို ရဲတပ်ဖွဲ့ဝင်များက လူစုခွဲရန် ဖျောင်းဖျနေစဉ် 

ထို့ပြင် မေ ၂၉ ရက် ညပိုင်းတွင် တပ်မတော်၊ ရဲတပ်ဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ သာသနာရေး ၀န်ကြီးဌာနတို့မှ တာဝန်ရှိသူများနှင့် ဆရာတော် သံဃာတော်ကြီးများ ပါဝင်သော အဖွဲ့ငါးဖွဲ့က မြို့တွင်း လှည့်လည်၍ လုံခြုံရေး ကိစ္စများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မေ ၂၈ ရက်နေ့က ဓာတ်ဆီနှင့်ပက်၍ မီးရှို့ခံရသော မအေးအေးဝင်းသည် လားရှိုး ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တက်ရောက်ကုသလျက်ရှိပြီး လက်ရှိတွင် အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေ အနေ မရှိကြောင်း သိရသည်။

Eleven Media Group

4 comments:

  1. ၂၀၁၅မှာကုလားနဲ့ငါးအရုပ်ရေးရှာ

    ReplyDelete
  2. ၂၀၁၅မှာမွတ်ကုလားနဲ့ငါးအရုပ်ရေးရှာ

    ReplyDelete
    Replies
    1. အပေါ်က ချစ်ဆွေ က ဘယ်လို သဘော
      ဆောင်ပြီး တော့ ကုလား နဲ့ ငါး လို့ တွဲသုံး တာလဲ
      တော့ မသိဖူး။ ခရစ်တော် မပေါ်ခင်ကာလ တုံးက
      ခရစ်ယာန်ဘာသာ သင်္ကေတ အနေ နဲ့
      ငါးရုပ်(ငါးရဲ့ ပုံ) ကို သတ်မှတ် ခဲ့ကြပြီး
      အချင်းချင်း လျို့ ဝှက်သုံးဆွဲ ဆက်သွယ်ခဲ့ ကြတယ်။
      ဘာလို့လဲဆိုတော့
      အဲဒီအချိန် အဲဒီ ကာလတုံး က ခရစ်ယာန် ဆိုရင်
      အရမ်း ဖိနှိပ်ကြတာလေ။
      လက်ဝါးကားတိုင်ပေါ်မှာ ခရစ်တော် အသေခံခဲ့ပြီး
      နောက်မှ လက်ဝါးကားတိုင် ဟာ ခရစ်ယာန်တွေ
      ရဲ့အထိမ်းအမှတ် ဖြစ်လာခဲ့တယ်။
      ငါး လဲအရုပ် ရေးရတော့ မယ် ဆိုတော့
      ကျွန်တော် လဲ ကြောက်လါပြီ။
      ဒီလို စကား တွေမှာ အဓိပ္ပါယ် တွေဟာ
      နက်နက်ရှိုင်းရှိုင်း ရှိတတ်ကြတယ် ဆိုတာကို
      ချစ်ဆွေ ကို သိစေချင်တယ်။

      Delete
  3. ကျွန်တော်ပြောတဲ့ငါးက သတ္တဝါငါး(ဧရာဝတီမြစ်ထဲကငါး)၂၀၁၅ရွေးကောက်ပွဲဦးသိန်းစိန်မနိုင်ရင် မြစ်ဆုံစီမံကိန်းပြန်စနိုင်တယ် ဒါ့ကြောင့်မြစ်ထဲကငါး ကုလားကလွဲလို့  မှားတာပါသွားတယ်ဆိုရင်တောင်းပန်ပါတယ် ကျေးဇူးပါ

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။