/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, May 30, 2013

.

မွန်ပြည်နယ်တွင် ဖမ်းမိထားသည့် လိုင်စင်မဲ့ကားများ လေလံတင် ရောင်းတော့မည်

ဖမ်းဆီးရမိထားသည့် နယ်စပ်မှတဆင့် တရားမဝင် ခိုသွင်းလာသည့် လိုင်စင်မဲ့ မော်တော်ယာဉ်များကို မွန်ပြည်နယ် အစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် လေလံတင် ရောင်းချတော့မည်ဟု ပြည်နယ်ရဲတပ်ဖွဲ့က ပြောသည်။


ယခုလေလံတင်မည့် ကားများသည် မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူး ဦးဆောင်ပြီး မော်လမြိုင်၊ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်အစရှိသည့် မြန်မာပြည်အထက်ပိုင်း မြို့ကြီးများသို့ သယ်ဆောင်ရောင်းချမည့် လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးခဲ့သည့် ယာဉ်များဖြစ်ကြောင်းလည်း ရဲတပ်ဖွဲ့က ဆိုသည်။

''တရားရုံးက စိစစ်မယ်၊ စိစစ်ပြီးရင်တော့ မကြာခင် လေလံတင်ရောင်းချမယ်။ လေလံလုပ်မှာက ကညန ကနေ လုပ်သွားမယ်၊ သူတို့ကနေပြီးတော့ ဈေးခေါ်ပြီး လေလံတင်မှာ'' ဟု ပြည်နယ် ဒုတိယရဲတပ့်မှူး ဝင်းဗိုလ် က ပြောသည်။

မွန်ပြည်နယ်အတွင်း တရားမဝင် ဝင်ရောက်နေသည့် လိုင်စင်မဲ့မော်တော်ယာဉ်များကို ၂ဝ၁၂ ခုနှစ် အောက်တိုဘာလမှ စတင်ဖမ်းဆီးခဲ့ပြီး ၂ဝ၁၃ မေ ၂၄ ရက်ထိ တရားမဝင် လိုင်စင်မဲ့ မော်တော်ယာဉ် အစီးပေါင်း ၁၄ဝ စီးကျော် ဖမ်းဆီးရမိထားသည်ဟု ရဲတပ်ဖွဲ့၏ မှတ်တမ်းများတွင် တွေ့ရသည်။

ဖမ်းဆီးရမိထားသည့် မော်တော်ယာဉ် အစီး ၁၄ဝ ကျော်အနက် တရားရုံးမှ စီစစ်ပြီး ၉၂ စီးကို မွန်ပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် မကြာမီရက်ပိုင်းအတွင်း လေလံတင် ရောင်းချသွားမည်ဟု ဒုတိယ ရဲတပ်ဖွဲ့မှူး ဝင်းဗိုလ်က ပြောသည်။ကျန်ရှိ မော်တော်ယာဉ်များကိုလည်း တရားရုံးမှ ဆက်လက်စိစစ်သွားမည်ဖြစ်ပြီး စီစစ်ပြီးပါက ဆက်လက်လေလံတင် ရောင်းချသွားမည်ဟု ၎င်းက ပြောသည်။

လေလံတင် ရောင်းချရာမှ ရရှိလာသည့် ငွေကြေးများကို မွန်ပြည်နယ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးပြုသွားမည်ဟု ပြည်နယ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ 

Credit : http://www.mizzimaburmese.com/news/breaking-newsbrief/11775-2013-05-29-07-52-14.html

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။