/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Sunday, May 26, 2013

.

အာဇာနည်ဗိမာန် သီလ၀ါဆိပ်ကမ်း သန်လျင်ကျောင်းနှင့် ရှင်ဇိုအာဘေး



၃၆နှစ်အတွင်း မြန်မာနိုင်ငံကို ဂျပန်ဝန်ကြီးချုပ် အနေနဲ့ ပထမဆုံး အကြိမရောက်ရှိနေတဲ့ ရှင်ဇို အာဘေး ဟာ သူ့ရဲ့ ခရီးစဉ် ပထမနေ့ ( မေလ ၂၅ ရက်နေ့) မနက်မှာ အာဇာနည်ဗိမာန်ကို သွား ရောက်ပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်ကြီးများကို လွမ်းသူပန်းခွေချ ဂါရ၀ပြု ခဲ့ပါတယ်။


အဲဒီ့နောက် သီလ၀ါဆိပ်ကမ်းကို သွားရောက်ကြည့် ရှုပြီး ဂျပန်-မြန်မာ အကျိုးတူ ပူးပေါင်းရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးမှု အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ ဂျပန် ကုမ္ဗဏီ ၃ခုနဲ့ မြန်မာ ကုမ္မဏီ ၉ ခု အကျိုးတူစာချုပ် ရေးထိုးခဲ့ပါတယ်။ ဂျပန် ၀န်ကြီးချုပ် ရှင်ဇိုအာဘေးဟာ သန်လျင်က မူလတန်းကျောင်းကိုလည်း ၀င်ရောက်လည်ပတ်သွားပါတယ်။


ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ မေလ ၂၅ ရက်နေ့ ညနေပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်မြို့ ချက်ထရီယမ် ဟိုတယ်မှာ တွေ့ဆုံပြီး မေလ ၂၆ ရက်နေ့ကျရင် မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော် မှာ တွေ့ဆုံဖို့ ရှိနေပါတယ်။









Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။