/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ
Saturday, May 25, 2013
.
ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအပေါ်အကြံပြုတင်ပြခြင်း
ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအပေါ်အကြံပြုတင်ပြခြင်း
========================================
ဖွဲ့ စည်းပုံအခြေခံဥပဒေကိုပြင်ကြမယ်ဆိုဘာတွေပြင်ကြမှာလည်း?
၁။ ကျနော့်အမြင်ကတော့-
ဒေါ်စုသမ္မတဖြစ်ရေးလည်းမဟုပ်ဘူး။
၂၅%ကိုပြင်ဘို့ လည်းလက်ရှိအခြေအနေအရမပြင်သင့်သေးဘူး။
တကယ်မဖြစ်မနေပြင်သင့်တာက
နောင်ဖြစ်လာမဲ့ အစိုးရအဆက်ဆက်နဲ့ လွှတ်တော်၃ရပ်အတွင်းမှာ
တစ်ပါတီတည်းက အင်အားအလုံးအရင်းဖြင့်လွှမ်းမိုးချူပ်ကိုင်သွားစေမည့်
အချက်အလက်အချို့ နဲ့ ပြည်ထောင်စုကြီးထာဝစဉ်တည်မြဲရေးအတွက်
တိုင်းရင်းသားပေါင်းစုံမှအကျေအလည်သဘောတူလက်ခံသောစစ်မှန်သည့်
ဖက်ဒရယ်ပြည်ထောင်စုကြီး ငြိမ်းချမ်းစွာပေါ်ပေါက်လာရေးတို့ ကိုသာဦးစားပေး
ပြင်ဆင်သင့်သည်ဟုယုံကြည်မိပါသည်။
၂။ ၎င်းအချက်များကိုပြင်ဆင်ပြီး၍ ပြည်ထောင်စုမပြိုကွဲရေးနှင့်အချူပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး
တို့ အတွက် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးကကျေကျေနပ်နပ်သဘောတူထောက်ခံမှုများ
ရရှိပြီးသည့်အချိန်မှသာဒေါ်စုသမ္မတဖြစ်ရေးနှင့်၂၅%ကိုလျှော့ချရေးတို့ ကိုဆက်လက်ပြင်ဆင်ခြင်း
သည်သာတိုင်းပြည်တည်ငြိမ်ရေးနှင့်ဖွံ့ ဖြိုးတိုးတက်ရေး၊တိုင်းရင်းသာည်းလုံးညီညွတ်မှုမပြိုကွဲရေး
တို့ အတွက်အာမခံချက်ရရှိနိုင်မည်ဟုယုံကြည်မိပါသည်။
၃။ မဖြစ်မနေဒေါ်စုကိုသမ္မတဖြစ်ရေးကန့် သတ်ထားသောအချက်အလက်များကိုပြင်ဆင်မည်ဆိုပါ
ကလည်း၂၅%ကို လျှော့ချရေးကိုတော့ တိုင်းရင်းသားများနှင့်နှစ်ဘက်ယုံကြည်မှုခိုင်မာစွာတည်
ဆောက်နိုင်သည့်နိုင်ငံရေးအခင်းအကျင်းတစ်ခုကိုဖန်တီးနိုင်သည့်အချိန်မှသာပြင်ဆင်သင့်သည်
ဟုအကြံပြုလိုပါသည်။
၎။ ယခုလိုတင်ပြ၍ယခုရွေးကောက်ပွဲကော်မရှင်မှပါတီများနှင့်ဆွေးနွေးလျက်ရှိသောအချိုးကျလွှတ်
တော်ကိုယ်စားလှယ်ရွေးချယ်ခံရေးသဘောထား(PR)စံနစ်ကိုထောက်ခံပါသလားဆိုပါကကျနော့်အနေဖြင့်(လုံးဝ)မထောက်ခံပါဟုရှင်းလင်စွာတင်ပြလိုပါသည်။
၅။ အဘယ်ကြောင့်မထောက်ခံရပါသနည်း။ရှင်းပါသည်။ယခုလက်ရှိပါတီများ၏ပြည်သူလူထုနှင့်ထိတွေ့ ဆက်ဆံ၍ပြည်သူ့  အကျိုးပြုလုပ်ငန်းများဆောင်ရွက်နိုင်မှုစွမ်းရည်များအပေါ်အပြည့်အဝကျေနပ်အားရဖွယ်မမြင်သေး
၍ဖြစ်ပါသည်ဟုသာရိုးသားစွာတင်ပြလိုပါသည်။
၆။ ပြည်သူလူထုမှသက်ဆိုင်ရာအရွေးခြယ်ခံကိုယ်စားလှယ်တစ်ဦးခြင်းဆီ၏အရည်အသွေးများကို
တိုက်ရိုက်စိစစ်အကဲဖြက်နိုင်ခြင်းမရှိဘဲပြည်သူလူထုလိုလားသည်ဖြစ်စေ/မလိုလားသည်ဖြစ်စေ
ပါတီတစ်ခုခြင်း၏ဝင်ရောက်ရွေးချယ်ခံခြင်းအရေအတွက်အပေါ်သာမူတည်၍ရွေးကောက်တင်
မြှောက်ခြင်းစံနစ်သည်ပြည်သူလူထု၏စစ်မှန်သောဆန္ဒသဘောထားများကိုမျက်ကွယ်ပြုရာရောက်
သည်ဟုခိုင်မာစွာယုံကြည်မိပါသည်။ပါတီတစ်ခုလုံးတွင်ရှိရှိသမျှသောရွေးခြယ်ခံကိုယ်စားလှယ်များ
၏တစ်ဦးခြင်းအရည်အသွေးကို၏၎င်းပါတီ၏ပုံရိပ်တစ်ခုတည်းဖြင့်သာပြည်သူလူထုမှအကဲဖြက်ရမည်ဆိုပါကလွန်စွာလွဲမှားသောရွေးကောက်တင်မြှောက်မှုများသာဖြစ်လိမ့်မည်ဟုယူဆမိပါသည်။
၇။ နိုင်ငံတော်၏အသက်သွေးကြောဖြစ်သည့်ဥပဒေပြုရေးအာဏာလုပ်ပိုင်ခွင့်ဘောင်အတွင်းသို့ နိုင်ငံတော်အဆင့်အရည်အသွေးမပြည့်မှီသော၊မိမိပါတီ မိမိအဖွဲ့ အစည်း၊မိမိဝန်းကျင်တစ်ခု
တည်း၏အကျိုးကိုသာလိုလားဦးစားပေးဆောင်ရွက်လိုသည့်လွှတ်တော်ကိုယ်စားလှယ်များ၏လွဲမှား
သည့်အမြင်သဘောထားများကြောင့်လွှတ်တော်အတွင်းနိုင်ငံတော်အတွက်အကျိုးရှိသည့်ဥပဒေပြု
ရေးဆိုင်ရာကိစ္စရပ်များ၊နှောင့်နှေးကြန့် ကြာကာ လွှတ်တော်အတွင်းအုပ်စုဖွဲ့ ဂိုဏ်းဂဏဖွဲ့ ၍ သူပြော
ငါဖျက် ငါပြောသူဖျက် အပျက်ပျက်နှင့်နှာခေါင်းသွေးထွက်ရမည့်အခြေအနေမျိုးကိုကျနော့်အနေဖြင့်
လုံးဝမဖြစ်စေလို၍(PR)စံနစ်ကိုကန့် ကွက်ခြင်းသာဖြစ်ပါသည်။
၈။ ဤသို့ ဆိုလျှင်ကျနော်ဘာကိုဆိုလိုခြင်ပါသလည်း။
ယခုအစိုးရသည်နောင်အတိုက်အခံဖြစ်သွားနိုင်သလို ယခုအတိုက်အခံသည်လည်းနောင်အစိုး
ရဖြစ်သွားနိုင်သည်ဟူသောတွေးဆချက်ကိုအခြေခံ၍အဓိပ္ပါယ်ဖွင့်ဆိုရမည်ဆိုပါကတိုင်းပြည်နှင့်လူ
မျိုး၏နောင်မျိုးဆက်သစ်များအတွက်ခိုင်မာ၍ရေရှည်အကျိုးရှိနိုင်သည့်အပြန်အလှန်ရေရှည်နားလည်ယုံကြည်မှုအမွေခံကောင်းများကိုသာလက်ရှိနိုင်ငံရေးလောကအတွင်းကျင်လည်နေကြသော
နိုင်ငံရေးသမားများအနေဖြင့်ဦးစားပေးစဉ်းစားစေလိုသောသဘောကိုဆိုလိုနေခြင်းဖြစ်ပါသည်ခင်ဗျ။
ဤဆိုလိုချက်အပေါ်အကောင်အထည်ဖေါ်ဆောင်ရွက်သင့်သည့်နည်းလမ်းများကိုတွေးဆခြင်း
==============================================================
ကျနော့်အနေဖြင့်လက်ရှိနိုင်ငံရေးဖြစ်စဉ်များအပေါ်လေ့လာမိသ၍ကိုအခြေခံ၍စဉ်းစားကြည့်သော
အခါ ကျနော်တို့ နိုင်ငံအနေဖြင့် ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်များ၌ လက်ရှိအစိုးရအဖွဲ့ နှင့်ပြည်ခိုင်ဖြိုး
ပါတီ၊အတိုက်အခံခေါင်းဆောင်ဒေါ်စုကြည်နှင့်NLDပါတီ၊တပ်မတော်တို့ သည့်တစ်ဦးကိုတစ်ဦး
တစ်ဖွဲ့ ကိုတစ်ဖွဲ့ မည်သို့ မျှချန်ထားရစ်ခဲ့ခြင်းငှာမဖြစ်နိုင်ဟုတွေးဆမိပါသည်။
အဘယ့်ကြောင့်ဆိုသော်၎င်းတို့ အနေဖြင့်တစ်ဦးကိုတစ်ဦးတွန်းကန်ခြင်းနိယာမကိုမည်သည့်ဘက်မှ
ဖြစ်စေကျင့်သုံးလိုက်သည်နှင့်တစ်ပြိုင်နက်ဦးစွာတိုင်းပြည်တည်ငြိမ်အေးချမ်းရေးပျက်ပြားရဖွယ်ရှိသည်ဟုယူဆမိသောကြောင့်ဖြစ်ပါသည်။ကျန်တိုင်းရင်းသားအားလုံးသည်လည်းအစိုးရ၊ပြည်ခိုင်ဖြိုး၊
၁၀။ သို့ ဖြစ်၍ အထက်တင်ပြပါနိုင်ငံရေးအင်အားစုများအနေဖြင့်တစ်ဘက်နှင့်တစ်ဘက်အကြွင်းမဲ့
အနိုင်ရရေးလမ်းစဉ်ကိုသာစွဲကိုင်ထားမည်ဆိုပါကမည်သည့်ဘက်ကမျှအကြွင်းမဲ့အနိုင်ရနိုင်မည်
မဟုပ်ဘဲတိုင်းပြည်တည်ငြိမ်အေးခြမ်းရေးသာပျက်ပြာစေနိုင်မည့်အပြင်ဒီမိုကရေစီပြုပြင်ပြောင်းလဲ
ရေးလုပ်ငန်းစဉ်များပေါ်ကြီးမား၍ဆိုးဝါးသောဆိုးကြိုးများသာသက်ရောက်လာစေနိုင်သည်ဟုယုံကြည်မိပါသည်။
၁၁။စုစည်းဆွဲငင်ခြင်းနိယာမသည်သာတိုင်းပြည်အနာဂတ်အတွက်အကျိုးဖြစ်စေမည်။
=======================================================
လိပ်ခဲတည်းလည်းဖြစ်နေသည့်လက်ရှိနိုင်ငံရေးအကျပ်အတည်းများ၏တစ်ခုတည်းသောနိုင်ငံရေး
ထွက်ပေါက်သည်အင်အားစုများအားလုံးစုစည်းဆွဲငင်ခြင်းသာလျင်ဖြစ်သည်ဟုကျနော့်အနေဖြင့်
လေးနက်စွာယုံကြည်မိပါသည်။
ကျနော်၂၀၁၂ခုနှစ်နိုဝင်ဘာလခန့် ကတင်ပြခဲ့ဘူးပါသည်။ပြည်ခိုင်ဖြိုးနှင့်NlDပူးပေါင်းနိုင်ပါသလားဟုတင်ပြရုံဖြင့်ကျနော့်အားဝါဒမတူ၊လူမတူသည့်အတွက်
မည်သို့ မျှမဖြစ်နိုင်ဟုနှစ်ဘက်စလုံးမှပြင်းထန်စွာဝေဖန်ပြစ်တင်မှုများကိုရင်ဆိုင်ခဲ့ရပါသည်။သို့သော်ကျနော်ယခုထပ်မံတင်ပြပါအုံးမည်။
ကောင်းပါပြီ။
ဝါဒမတူ၊လူမတူသည့်အတွက်ပါတီခြင်းပူပေါင်းဆောင်ရွက်မှုများပြုလုပ်သင့်သည့်ဟူသောကျနော့်
အယူအဆသည်စိတ်ကူးယဉ်ဆန်ပြီးဒီမိုကရေစီစံနစ်နှင့်အံချော်နေသည့်လောဘအိမ်မတ်သတ်သတ်သာဖြစ်နေသည်ဆိုပါက ပါတီခြင်းမပူးပေါင်းနိုင်ကြသည်ကိုကျနော်လက်ခံနိုင်ပါသည်။
သို့ သော်-ပြည်သူလူထုမှလွတ်လပ်စွာရွေးကောက်တင်မြှောက်ခြင်းမှတဆင့်ပေါ်ပေါက်လာသော
ကိုယ်စားလှယ်များအနေဖြင့်မူပါတီတစ်ခုကိုကိုစားပြု ခြင်းထက်ပြည်သူလူထုတစ်ရပ်လုံးကိုကိုယ်စား
ပြုသူများသာဖြစ်သည်ကိုအကြွင်းမဲ့နာလည်းယုံကြည်ကြမည်ဆိုပါကအစိုးရအဖွဲ့ ဖွဲ့ ရာ၌ညွန့် 
ပေါင်းအစိုးရဖွဲ့ စည်းခြင်းဖြင့်သော်လည်းကောင်း၊လွှတ်တော်အတွင်း၌ခိုင်မာပြီးအင်အားတောင့်တင်း
သည့်ပြည်သူ့ အသံဟူသမျှကိုယ်စားပြုသည့်ကျီး-ဘုတ်ရိုသေ၊ဘုတ်-ကျီးရိုသေ၊အဓိကအာဏာရနှင့်အတိုက်အခံဟူ၍မခွဲခြားဘဲပြည်သူ့ အကျိုး၊တိုင်းပြည်၏လက်တလောနှင့်ရေ
ရှည်အကျိုးစီးပွားအတွက်ဆောင်ရွက်နိုင်မည့်စုစည်းဆွဲငင်ခြင်းနိယာမကိုကျင့်သုံးခြင်းဖြင့်ပြည်သူ့ 
တစ်မျက်နှာတည်းကိုသာကြည့်သောအစိုးရအဖွဲ့ /လွှတ်တော်များအဖြစ်ပူပေါင်းဆောင်ရွက်သင့်
သည်ဟုထပ်မံတင်ပြမည်ဆိုပါကစာဖက်သူမိတ်ဆွေများအနေဖြင့်မည်သို့ ထင်မြင်ယူဆ
ကြပါသနည်းဟုအမျိုးသားသွေးစည်းညီညွတ်ရေးကိုဦးတည်၍ကျနော်မေးခွန်းထုတ်လိုပါသည်။
၁၂။ အချူပ်အားဖြင့်တင်ပြလိုသည်မှာငြိမ်းချမ်းသာယာသောမြန်မာ့လူဘောင်တည်ဆောက်နိုင်ရေး
တွင်လက်ရှိနိုင်ငံရေးပါတီအားလုံးနှင့်တပ်မတော်၊တိုင်းရင်းသားအဖွဲ့ အစည်းအသီးသီးတို့  သည်
တူရာတွေကိုပေါင်းလုပ်နိုင်ရမည့်အပြင်အမျိုးသားအကျိုးစီးပွားနှင့်အမျိုးသားသွေးစည်းညီညွတ်ရေး
အတွက်ဆိုပါကမတူတာတွေကိုဘေးဖယ်ထားမည့်အစားတူလာအောင်ညှိနှိုင်း၍ဆွဲငင်ခြင်းနိယာမကိုသာပြည်သူ့ မျက်နှာကြည့်၍ဆောင်ရွက်ကြစေလိုပါသည်။နိုင်ငံ့ဦးဆောင်အဖွဲ့အစည်းများနှင့်
တိုင်းရင်းသားဦးဆောင်အဖွဲ့ အစည်းများအခြင်းခြင်းဝါဒသဘောတရားများဝိဝါဒကွဲပြားနေခြင်းသည်
ကျနော်တို့ ၏မြန်မာလူ့ ဘောင်းအေးချမ်းသာယာရေးကိုမည်သို့ မျှအကျိုးမပြုနိုင်သည့်အပြင်၊ပြည်
သူလူထုကိုဆင်းရဲမွဲတေပြီးအသိဥာဏ်ပညာအဆင့်အတန်းနိမ်းပါးစေသည့်လုပ်ရပ်များသာဖြစ်၍
ဘယ်သောအခါမှစုစည်းညီညွတ်ပြီးအင်အားတောင့်တင်းခေတ်မှီဖွံ့ ဖြိုးသည့်နိုင်ငံတော်တစ်ရပ်အ
ဖြစ်ရောက်ရှိနိုင်မည်မဟုပ်ပါ။
အစိုးရလည်းပြည်သူ၊ပြည်သူလည်းအစိုးရ။ပါတီလည်းပြည်သူ၊ပြည်သူလည်းပါတီ။တိုင်းရင်းသား
လည်းပြည်သူ၊ပြည်သူလည်းတိုင်းရင်းသားများသာဖြစ်၍လက်ရှိကျနော်တို့ ဆောင်ရွက်ခဲ့သမျှသော
ဆောင်ရွက်မှုများကို ခင်ဗျားတို့ ကျနော်တို့ နောက်မျိုးဆက်များအနေဖြင့်တစ်ယောက်မကျန်ခံစား/
စံစားကြရမည်သာဖြစ်၍နောက်မျိုးဆက်သစ်များအတွင်စုစည်းဆွဲငင်ခြင်းလက်ဆင့်ကမ်းအမွေပေး
နိုင်ရေးကိုသာအထောက်အကူဖြစ်စေမည့်အခြေခံဥပဒေပြင်ဆင်ခြင်းများကိုသာဆောင်ရွက်သင့်ပါ
သည်။
တပ်မတော်အခန်းကဏ္ဍအနေဖြင့်လည်းတစ်နိုင်ငံ-တပ်မတော်တစ်ခုတည်းဖြစ်သည့်အချိန်အထိ
မှုများကိုရပ်တန့် သင်ပါသည်။
တပ်မတော်သည်၎င်းတို့ အနေဖြင့်Professionalတပ်မတော်အဖြစ်နိုင်ငံတကာတပ်မတော်များနည်း
တူရပ်တည်သွားနိုင်ရေးကိုတပ်မတော်သားများကိုယ်တိုင်ကလိုလိုလားလားလက်ခံယုံကြည်လာစေ
ရေးကိုသာနိုင်ငံရေးခေါင်းဆောင်များအနေဖြင့်အပြုသဘောချဉ်းကပ်ဆောင်ရွက်သင့်ပါကြောင်း
အကြံပြုတင်ပြရင်းနိဂုံးချူပ်အပ်ပါသည်။
ငြိမ်းချမ်းလူ
၂၅-၅-၂၀၁၃
နေ့ လည် ၁နာရီ ၄၂မိနစ်
ရန်ကုန်မြို့ ။
ဖွဲ့ စည်းပုံအခြေခံဥပဒေကိုပြင်ကြမယ်ဆို ဘာ တွေ ပြင်ကြမှာလဲ?
၁။ ကျနော့်အမြင်ကတော့- ဒေါ်စုသမ္မတဖြစ်ရေးလည်း မဟုတ်ဘူး။ ၂၅%ကိုပြင်ဘို့ လည်းလက်ရှိအခြေအနေအရ မပြင်သင့်သေးဘူး။ တကယ်မဖြစ်မနေပြင်သင့်တာက နောင်ဖြစ်လာမဲ့ အစိုးရအဆက်ဆက်နဲ့ လွှတ်တော် ၃ ရပ် အတွင်းမှာ တစ်ပါတီတည်းက အင်အားအလုံးအရင်းဖြင့် လွှမ်းမိုးချူပ်ကိုင်သွားစေမည့် အချက်အလက် အချို့ နဲ့ ပြည်ထောင်စုကြီး ထာဝစဉ်တည်မြဲရေးအတွက် တိုင်းရင်း သားပေါင်းစုံမှ အကျေအလည် သဘောတူလက်ခံသော စစ်မှန်သည့်ဖက်ဒရယ်ပြည်ထောင်စုကြီး ငြိမ်းချမ်းစွာ ပေါ်ပေါက်လာရေး တို့ ကိုသာဦးစားပေးပြင်ဆင်သင့်သည်ဟု ယုံကြည်မိပါသည်။
၂။ ၎င်းအချက်များကိုပြင်ဆင်ပြီး၍ ပြည်ထောင်စုမပြိုကွဲရေးနှင့်အချူပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး တို့ အတွက် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးကကျေကျေနပ်နပ်သဘောတူထောက်ခံမှုများ ရရှိပြီးသည့် အချိန်မှသာဒေါ်စုသမ္မတဖြစ်ရေးနှင့်၂၅%ကိုလျှော့ချရေးတို့ ကိုဆက်လက်ပြင်ဆင်ခြင်း သည်သာ တိုင်းပြည်တည်ငြိမ်ရေးနှင့်ဖွံ့ ဖြိုးတိုးတက်ရေး၊တိုင်းရင်းသာည်းလုံးညီညွတ်မှုမပြိုကွဲရေး တို့ အတွက် အာမခံချက်ရရှိနိုင်မည်ဟုယုံကြည်မိပါသည်။
၃။ မဖြစ်မနေဒေါ်စုကိုသမ္မတဖြစ်ရေးကန့် သတ်ထားသောအချက်အလက်များကိုပြင်ဆင်မည်ဆိုပါ ကလည်း၂၅%ကို လျှော့ချရေးကိုတော့ တိုင်းရင်းသားများနှင့်နှစ်ဘက်ယုံကြည်မှုခိုင်မာစွာတည် ဆောက် နိုင်သည့်နိုင်ငံရေးအခင်းအကျင်းတစ်ခုကိုဖန်တီးနိုင်သည့်အချိန်မှသာပြင်ဆင်သင့်သည် ဟု အကြံပြုလိုပါသည်။
၎။ ယခုလိုတင်ပြ၍ယခုရွေးကောက်ပွဲကော်မရှင်မှပါတီများနှင့်ဆွေးနွေးလျက်ရှိသောအချိုးကျလွှတ် တော်ကိုယ်စားလှယ်ရွေးချယ်ခံရေးသဘောထား(PR)စံနစ်ကိုထောက်ခံပါသလားဆိုပါက ကျနော့်အနေဖြင့်(လုံးဝ)မထောက်ခံပါဟုရှင်းလင်စွာတင်ပြလိုပါသည်။
၅။ အဘယ်ကြောင့်မထောက်ခံရပါသနည်း။ရှင်းပါသည်။ယခုလက်ရှိပါတီများ၏ပြည်သူလူထုနှင့်ထိတွေ့ ဆက်ဆံ၍ပြည်သူ့  အကျိုးပြုလုပ်ငန်းများဆောင်ရွက်နိုင်မှု စွမ်းရည်များအပေါ် အပြည့်အဝကျေနပ် အားရ ဖွယ်မမြင်သေး ၍ဖြစ်ပါသည်ဟုသာရိုးသားစွာတင်ပြလိုပါသည်။
၆။ ပြည်သူလူထုမှသက်ဆိုင်ရာ အရွေးခြယ်ခံကိုယ်စားလှယ်တစ်ဦးခြင်းဆီ၏ အရည်အသွေးများကို တိုက်ရိုက် စိစစ်အကဲဖြက်နိုင်ခြင်းမရှိဘဲ ပြည်သူလူထုလိုလားသည်ဖြစ်စေ/ မလိုလားသည်ဖြစ်စေ ပါတီ တစ်ခုခြင်း ၏ဝင်ရောက်ရွေးချယ်ခံခြင်းအရေအတွက်အပေါ်သာမူတည်၍ရွေးကောက်တင် မြှောက်ခြင်း စံနစ်သည်ပြည်သူလူထု၏ စစ်မှန်သောဆန္ဒသဘောထားများကို မျက်ကွယ်ပြုရာရောက် သည်ဟု ခိုင်မာစွာ ယုံကြည်မိပါသည်။ ပါတီတစ်ခုလုံးတွင်ရှိရှိသမျှသော ရွေးခြယ်ခံကိုယ်စားလှယ်များ ၏တစ်ဦးခြင်း အရည် အသွေးကို၏၎င်းပါတီ၏ ပုံရိပ်တစ်ခုတည်းဖြင့်သာ ပြည်သူလူထုမှအကဲဖြက်ရမည်ဆိုပါက လွန်စွာလွဲမှား သောရွေးကောက်တင်မြှောက်မှုများသာဖြစ်လိမ့်မည်ဟုယူဆမိပါသည်။
၇။ နိုင်ငံတော်၏အသက်သွေးကြောဖြစ်သည့် ဥပဒေပြုရေးအာဏာလုပ်ပိုင်ခွင့် ဘောင်အတွင်းသို့ နိုင်ငံ တော်အဆင့်အရည်အသွေးမပြည့်မှီသော၊မိမိပါတီ မိမိအဖွဲ့ အစည်း၊မိမိဝန်းကျင်တစ်ခု တည်း၏အကျိုးကို သာလိုလားဦးစားပေးဆောင်ရွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ လွဲမှား သည့်အမြင်သဘော ထား များကြောင့်လွှတ်တော်အတွင်းနိုင်ငံတော်အတွက် အကျိုးရှိသည့်ဥပဒေပြု ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှောင့်နှေးကြန့် ကြာကာ လွှတ်တော်အတွင်းအုပ်စုဖွဲ့ ဂိုဏ်းဂဏဖွဲ့ ၍ သူပြော ငါဖျက် ငါပြောသူဖျက် အပျက်ပျက်နှင့်နှာခေါင်းသွေးထွက်ရမည့်အခြေအနေမျိုးကိုကျနော့်အနေဖြင့် လုံးဝမဖြစ်စေလို၍(PR)စံနစ်ကိုကန့် ကွက်ခြင်းသာဖြစ်ပါသည်။
၈။ ဤသို့ ဆိုလျှင်ကျနော်ဘာကိုဆိုလိုခြင်ပါသလည်း။ ယခုအစိုးရသည်နောင်အတိုက်အခံဖြစ်သွားနိုင်သလို ယခုအတိုက်အခံသည်လည်း နောင်အစိုးရ ဖြစ်သွားနိုင်သည်ဟူသော တွေးဆချက်ကို အခြေခံ၍ အဓိပ္ပါယ်ဖွင့်ဆိုရမည်ဆိုပါက တိုင်းပြည်နှင့်လူ မျိုး၏နောင်မျိုးဆက်သစ်များအတွက် ခိုင်မာ၍ ရေရှည်အကျိုးရှိနိုင်သည့်အပြန်အလှန် ရေရှည်နားလည်ယုံကြည်မှုအမွေခံကောင်းများကိုသာ လက်ရှိ နိုင်ငံရေး လောကအတွင်း ကျင်လည်နေကြသော နိုင်ငံရေးသမားများအနေဖြင့် ဦးစားပေးစဉ်းစား စေလို သော သဘောကိုဆိုလိုနေခြင်းဖြစ်ပါသည်ခင်ဗျ။
ဤဆိုလိုချက်အပေါ်အကောင်အထည်ဖေါ်ဆောင်ရွက်သင့်သည့်နည်းလမ်းများကိုတွေးဆခြင်း
===================================================
၉။ အထက်စာပိုဒ်(၈)ပါ ကျနော်ဆိုလိုချက်ကို အနည်းအငယ်အကျယ်ချဲ့ ၍တင်ပြလိုပါသည်။ ကျနော့် အနေဖြင့်လက်ရှိနိုင်ငံရေးဖြစ်စဉ်များအပေါ် လေ့လာမိသ၍ကိုအခြေခံ၍စဉ်းစားကြည့်သော အခါ ကျ နော်တို့ နိုင်ငံအနေဖြင့် ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်များ၌ လက်ရှိအစိုးရအဖွဲ့ နှင့်ပြည်ခိုင်ဖြိုး ပါတီ၊ အတိုက် အခံခေါင်းဆောင်ဒေါ်စုကြည်နှင့်NLDပါတီ၊တပ်မတော်တို့ သည့်တစ်ဦးကိုတစ်ဦး တစ်ဖွဲ့ ကိုတစ်ဖွဲ့ မည်သို့ မျှ ချန်ထားရစ်ခဲ့ခြင်းငှာမဖြစ်နိုင်ဟုတွေးဆမိပါသည်။
အဘယ့်ကြောင့်ဆိုသော်၎င်းတို့ အနေဖြင့်တစ်ဦးကိုတစ်ဦးတွန်းကန်ခြင်းနိယာမကို မည်သည့်ဘက်မှ ဖြစ်စေ ကျင့်သုံးလိုက်သည်နှင့်တစ်ပြိုင်နက် ဦးစွာတိုင်းပြည်တည်ငြိမ်အေးချမ်းရေး ပျက်ပြား ရဖွယ်ရှိ သည်ဟု ယူဆမိသောကြောင့်ဖြစ်ပါသည်။ကျန်တိုင်းရင်းသားအားလုံးသည်လည်းအစိုးရ၊ပြည်ခိုင်ဖြိုး၊ ဒေါ်စုနှင့်NLD၊ တပ်မတော်တို့ ၏ ဆက်ဆံရေးအခြေအနေကိုသာစောင့်ကြည့် အကဲခတ်၍သာ ၎င်းတို့ ၏ ရှေ့ လုပ်ငန်းစဉ်များကိုစီမံနေကြသည်ဟုယုံကြည်မိပါသည်။
၁၀။ သို့ ဖြစ်၍ အထက်တင်ပြပါနိုင်ငံရေးအင်အားစုများအနေဖြင့် တစ်ဘက်နှင့်တစ်ဘက်အကြွင်းမဲ့ အနိုင်ရ ရေးလမ်းစဉ်ကိုသာစွဲကိုင်ထားမည်ဆိုပါက မည်သည့်ဘက်ကမျှအကြွင်းမဲ့အနိုင်ရနိုင်မည် မဟုပ်ဘဲ တိုင်းပြည် တည်ငြိမ်အေးခြမ်းရေးသာ ပျက်ပြာစေနိုင်မည့်အပြင် ဒီမိုကရေစီပြုပြင်ပြောင်းလဲ ရေးလုပ်ငန်း စဉ်များပေါ်ကြီးမား၍ဆိုးဝါးသောဆိုးကြိုးများသာသက်ရောက်လာစေနိုင်သည်ဟုယုံကြည်မိပါသည်။
၁၁။စုစည်းဆွဲငင်ခြင်းနိယာမသည်သာတိုင်းပြည်အနာဂတ်အတွက်အကျိုးဖြစ်စေမည်။
================================================
လိပ်ခဲတည်းလည်းဖြစ်နေသည့် လက်ရှိနိုင်ငံရေးအကျပ်အတည်းများ၏ တစ်ခုတည်းသောနိုင်ငံရေး ထွက် ပေါက်သည် အင်အားစုများအားလုံးစုစည်းဆွဲငင်ခြင်းသာလျင်ဖြစ်သည်ဟု ကျနော့်အနေဖြင့် လေးနက်စွာ ယုံကြည်မိပါသည်။
ကျနော်၂၀၁၂ခုနှစ်နိုဝင်ဘာလခန့် ကတင်ပြခဲ့ဘူးပါသည်။ ပြည်ခိုင်ဖြိုးနှင့်NlD ပူးပေါင်းနိုင်ပါသလားဟု တင်ပြရုံဖြင့် ကျနော့်အားဝါဒမတူ၊ လူမတူသည့်အတွက် မည်သို့ မျှမဖြစ်နိုင်ဟု နှစ်ဘက်စလုံးမှ ပြင်းထန်စွာ ဝေဖန်ပြစ်တင်မှုများကိုရင်ဆိုင်ခဲ့ရပါသည်။ သို့သော်ကျနော်ယခုထပ်မံတင်ပြပါအုံးမည်။ ကောင်းပါပြီ။ ဝါဒမတူ၊ လူမတူသည့်အတွက် ပါတီခြင်းပူပေါင်းဆောင်ရွက်မှုများ ပြုလုပ်သင့်သည့်ဟူသော ကျနော့် အယူ အဆသည်စိတ်ကူးယဉ်ဆန်ပြီး ဒီမိုကရေစီစံနစ်နှင့်အံချော်နေသည့် လောဘအိမ်မတ်သတ်သတ်သာ ဖြစ်နေသည် ဆိုပါက ပါတီခြင်းမပူးပေါင်းနိုင်ကြသည်ကိုကျနော်လက်ခံနိုင်ပါသည်။
သို့ သော်-ပြည်သူလူထုမှလွတ်လပ်စွာရွေးကောက်တင်မြှောက်ခြင်းမှတဆင့်ပေါ်ပေါက်လာသော ကိုယ်စား လှယ်များအနေဖြင့်မူပါတီတစ်ခုကိုကိုစားပြု ခြင်းထက်ပြည်သူလူထုတစ်ရပ်လုံးကိုကိုယ်စား ပြုသူများသာဖြစ် သည်ကိုအကြွင်းမဲ့နာလည်းယုံကြည်ကြမည်ဆိုပါကအစိုးရအဖွဲ့ ဖွဲ့ ရာ၌ညွန့်  ပေါင်း အစိုးရဖွဲ့ စည်းခြင်းဖြင့်သော်လည်းကောင်း၊ လွှတ်တော်အတွင်း၌ခိုင်မာပြီး အင်အားတောင့်တင်း သည့် ပြည်သူ့ အသံဟူသမျှကိုယ်စားပြုသည့်ကျီး-ဘုတ်ရိုသေ၊ဘုတ်-ကျီးရိုသေ၊ အဓိကအာဏာရနှင့် အတိုက်အခံ ဟူ၍မခွဲခြားဘဲပြည်သူ့ အကျိုး၊တိုင်းပြည်၏လက်တလောနှင့်ရေ ရှည်အကျိုး စီးပွားအတွက် ဆောင်ရွက်နိုင် မည့်စုစည်းဆွဲငင်ခြင်းနိယာမကိုကျင့်သုံးခြင်းဖြင့်ပြည်သူ့  တစ်မျက်နှာတည်းကိုသာကြည့်သောအစိုးရအဖွဲ့ /လွှတ်တော်များ အဖြစ်ပူပေါင်းဆောင်ရွက်သင့် သည်ဟုထပ်မံတင်ပြမည်ဆိုပါက စာဖက်သူ မိတ်ဆွေများအနေဖြင့် မည်သို့ ထင်မြင်ယူဆ ကြပါသနည်းဟု အမျိုးသားသွေးစည်းညီညွတ်ရေးကို ဦးတည် ၍ ကျနော်မေးခွန်းထုတ်လိုပါသည်။
၁၂။ အချူပ်အားဖြင့်တင်ပြလိုသည်မှာ ငြိမ်းချမ်းသာယာသောမြန်မာ့လူဘောင်တည်ဆောက်နိုင်ရေး တွင် လက်ရှိနိုင်ငံရေးပါတီအားလုံးနှင့် တပ်မတော်၊တိုင်းရင်းသားအဖွဲ့ အစည်းအသီးသီးတို့ သည် တူရာတွေကို ပေါင်းလုပ်နိုင်ရမည့်အပြင် အမျိုးသားအကျိုးစီးပွားနှင့်အမျိုးသား သွေးစည်းညီညွတ်ရေး အတွက်ဆိုပါက မတူတာတွေကိုဘေးဖယ်ထားမည့်အစား တူလာအောင်ညှိနှိုင်း၍ဆွဲငင်ခြင်း နိယာမကိုသာ ပြည်သူ့ မျက်နှာ ကြည့်၍ဆောင်ရွက်ကြစေလိုပါသည်။ နိုင်ငံ့ဦးဆောင်အဖွဲ့အစည်းများနှင့် တိုင်းရင်းသားဦးဆောင်အဖွဲ့ အစည်းများ အခြင်းခြင်းဝါဒသဘောတရားများ ဝိဝါဒကွဲပြားနေခြင်းသည် ကျနော်တို့ ၏မြန်မာလူ့ ဘောင် အေးချမ်းသာယာရေးကိုမည်သို့ မျှအကျိုးမပြုနိုင်သည့်အပြင်၊ ပြည် သူလူထုကိုဆင်းရဲမွဲတေပြီး အသိဥာဏ်ပညာအဆင့်အတန်းနိမ်းပါးစေသည့် လုပ်ရပ်များသာဖြစ်၍ ဘယ်သောအခါမှ စုစည်းညီညွတ်ပြီး အင်အားတောင့်တင်းခေတ်မှီဖွံ့ ဖြိုးသည့်နိုင်ငံတော်တစ်ရပ်အ ဖြစ်ရောက်ရှိနိုင်မည်မဟုပ်ပါ။
အစိုးရလည်းပြည်သူ၊ ပြည်သူလည်းအစိုးရ။ ပါတီလည်းပြည်သူ၊ ပြည်သူလည်းပါတီ။တိုင်းရင်းသား လည်းပြည်သူ၊ ပြည်သူလည်းတိုင်းရင်းသားများသာဖြစ်၍ လက်ရှိကျနော်တို့ ဆောင်ရွက်ခဲ့သမျှသော ဆောင်ရွက်မှုများကို ခင်ဗျားတို့ ကျနော်တို့ နောက်မျိုးဆက်များအနေဖြင့်တစ်ယောက်မကျန်ခံစား/ စံစားကြရမည်သာဖြစ်၍ နောက်မျိုးဆက်သစ်များအတွင် စုစည်းဆွဲငင်ခြင်းလက်ဆင့်ကမ်းအမွေပေး နိုင်ရေး ကိုသာအထောက်အကူဖြစ်စေမည့်အခြေခံဥပဒေပြင်ဆင်ခြင်းများကိုသာဆောင်ရွက်သင့်ပါ သည်။
တပ်မတော်အခန်းကဏ္ဍအနေဖြင့်လည်း တစ်နိုင်ငံ-တပ်မတော်တစ်ခုတည်းဖြစ်သည့် အချိန်အထိ လွှတ်တော် အတွင်း၂၅%ပါဝင်နေမှုကို ဆက်လက်တည်ရှိနေရန်လိုအပ်သည်ဟု တိုင်းပြည် တည်ငြိမ် အေးချမ်းရေးကိုရှေ့ ရှုသည်အမြင်သဘောထားများထာရှိပြီး အတင်းအကျပ်ပြုပြင်ရန် တောင်းဆိုနေ မှုများကို ရပ်တန့် သင်ပါသည်။
တပ်မတော်သည်၎င်းတို့ အနေဖြင့် Professional တပ်မတော်အဖြစ် နိုင်ငံတကာတပ်မတော်များနည်း တူ ရပ်တည်သွားနိုင်ရေးကို တပ်မတော်သားများကိုယ်တိုင်က လိုလိုလားလားလက်ခံယုံကြည်လာစေ ရေး ကိုသာ နိုင်ငံရေးခေါင်းဆောင်များအနေဖြင့် အပြုသဘော ချဉ်းကပ်ဆောင်ရွက်သင့်ပါကြောင်း အကြံပြု တင်ပြရင်း နိဂုံးချူပ်အပ်ပါသည်။
ငြိမ်းချမ်းလူ
၂၅-၅-၂၀၁၃
နေ့ လည် ၁နာရီ ၄၂မိနစ်
ရန်ကုန်မြို့ ။
No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။