/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Saturday, May 25, 2013

.

မြန်မာနိုင်ငံအပေါ် ဂျီဟတ်စစ်ပွဲဆင်နွှဲမယ်ဆိုသည့်အပေါ် ဦးဝီရသူနှင့်တွေ့ဆုံခြင်း



(အင်ဒိုနီးရှားနိုင်ငံတွင်ရှိသည့် မြန်မာသံရုံးအား မွတ် ဆလင်မ်အကြမ်းဖက်သမားများ၏ ဗုံးဖောက်ခွဲရန် ကြံစည်ခဲ့ပြီးနောက် မြန်မာနိုင်ငံအား မွတ်ဆလင်မ် အကြမ်းဖက်သမားများက ဂျီဟတ်စစ်ပွဲဆင်နွှဲမည် ဆိုသည့် အပေါ် ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေ သည့် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် နာယက ဆရာတော် ဦးဝီရသူနှင့် တွေ့ဆုံမေးမြန်း ခဲ့သည် များကို စာဖက်သူများ သိရှိစေရန် ရေးသားတင်ပြ လိုက်ရပါသည်။)


မေး။ အင်ဒိုနီးရှားမှာ မြန်မာသံရုံး ဗုံးဖောက်ခွဲဖို့ ကြံစည်မှုအပေါ် အရှင်ဘုရားအနေနဲ့ ဘာများ မိန့်ချင် ပါသလဲ ။

ဖြေ။ အစွန်းရောက်တွေရဲ့ လုပ်ဆောင်ချက်တွေ ကြည့်လိုက်ရင် ဘယ်အရာပဲဖြစ်ဖြစ် အကြမ်းဖက်ပြီးတော့ ဖျက်ဆီးတဲ့ အစွန်းရောက်မှုတွေကို ကျင့်သုံးတာ တွေ့ရတယ်။ အဲဒီတော့ ဒီအစွန်းရောက်တွေကြောင့် လူမျိုးတစ်ခုလုံး ဘာသာတစ်ခုလုံး ထိခိုက်နစ်နာတာတွေ မရှိရလေအောင် အစွန်းရောက်တွေ ပေါက်ဖွားရာ အရင်းမြစ်ကို သိအောင်လုပ်ပြီးတော့ အစွန်းရောက် လုံးဝ မပေါက်ဖွားအောင် တားဆီးကြမယ်ဆိုလို့ ရှိရင် ဒီလိုအဓိကရုဏ်းတွေ ဒီလိုသံရုံးကို အကြမ်းဖက်တာမျိုးတွေ မဖြစ်နိုင်ပါဘူး။ 

မေး။ ဒီလိုမြန်မာသံရုံးကို ဗုံးခွဲဖို့ကြံစည်တာဟာ မွတ်ဆလင်နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံအပေါ် ဘာသာရေးစစ် ပွဲဆင်နွှဲတာလို့ ထင်ပါသလား။ ဒီအပေါ်မှာ အရှင်ဘုရားအနေနဲ့ ဘာများ မိန့်ကြား ချင်ပါသလဲ။

ဖြေ။ အဲဒါကတော့ သူတို့က ဒီနိုင်ငံကြီးကို တအားလိုချင်နေတာကိုး။ အဲဒီလို လိုချင်လို့လည်း ငွေကြေး အကူအညီတွေ ပေးတယ်။ လက်နက်အကူအညီတွေ ပေးတယ်။ နည်းပညာတွေ အကူအညီပေးတယ်။ လူအင်အားတွေ အကူအညီပေးခဲ့တယ်ပေါ့။ ဒါပေမယ့် သူတို့ရဲ့ ပထမအကြိမ် ဂျီဟတ်စစ်ပွဲဟာ မအောင်မြင်ခဲ့ဘူး။ မအောင်မြင်ပေမယ့် အဲဒီအပေါ်မှာ ဘင်္ဂလားဒေ့ရှ်ရဲ့ လက်တုံ့ပြန်မှုကို ခံလိုက်ရတယ်။ အဲဒါကို မကျေနပ်လို့ဆိုပြီး ရခိုင်ကို ဒုတိယအကြိမ် ဂျီဟတ်လုပ်တယ်ပေါ့။ နောက်နောင်လည်း သူတို့တွေက လုပ်နေဦးမှာပဲ။ အဲဒီတော့ ဂျီဟတ်ကို ယုံကြည်နေတာတွေ ရှိနေသမျှကာလပတ်လုံး သူတို့ဘာသာနဲ့ လူမျိုးမတူ၊ ဘာသာမတူတဲ့ လူသားတွေအားလုံးကို ဂျီဟတ်လုပ်နေမယ်လို့ ဦးဇင်းအနေနဲ့ မြင်တာပဲ။

မေး။ အခု အင်ဒိုနီးရှားမှာ မြန်မာသံရုံးကို ဗုံးဖောက်ခွဲဖို့ ကြံစည်တာဟာ ရိုဟင်ဂျာလူမျိုးကို မြန်မာနိုင်ငံက အသိအမှတ်မပြုလို့ဆိုပြီး သိရပါတယ်။ အဲဒီအပေါ်မှာ အရှင်ဘုရားအနေနဲ့ ဘာများ မိန့်ကြားချင်ပါသလဲ။

ဖြေ။ ရိုဟင်ဂျာလူမျိုးဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ ဟိန္ဒူလူမျိုးတွေက တိုင်းရင်းသားအဖြစ် တောင်းဆို ရင်တောင် ဦးဇင်းတို့က အပြည့်အဝကို သဘောတူမှာပါ။ ဘာကြောင့်လဲဆိုတော့ ဒေသခံတွေနဲ့ မဆန့်ကျင် ဘူး။ လိုက်ရောညီထွေမှု ရှိတယ်။ လူမျိုးရေး ဝါးမျိုးခြင်း မရှိဘူး။ ဘာသာ၊ သာသနာကို ဖျက်ဆီးခြင်း မရှိဘူး။ နိုင်ငံကို သိမ်းပိုက်လိုခြင်း မရှိဘူး။ အခုဟာက သူတို့တွေက လူမျိုးကို ဝါးမျိုချင်တယ်။ ဘာသာကို ဖျက်ဆီးချင်တယ်။ နိုင်ငံကို သိမ်းပိုက်ချင်တယ်။ ဒီရည်ရွယ်ချက်ကြီးတွေနဲ့ လုပ်နေတဲ့အပေါ် ဦးဇင်းတို့က ဘယ်လိုလုပ် တိုင်းရင်းသား လက္ခဏာတွေနဲ့ ပြည့်စုံတဲ့သူတွေလို့ သတ်မှတ်ရမှာလဲ။ ဥပမာ- ဘယ်တိုင်း ရင်းသားပဲဖြစ်ဖြစ် တိုင်းရင်းသား အခွင့်အရေး တောင်းဆိုချင်တယ်ဆိုလို့ရှိရင် အလံကို မီးရှို့တာမရှိဘူး။ ခြေနဲ့နင်းတာမရှိဘူး။ သူတို့က အလံကို မီးရှို့တယ်။ ခြေနဲ့နင်းတယ်။ နောက်ပြီးကျတော့ ဘယ်တိုင်းရင်း သားပဲဖြစ်ဖြစ် တိုင်းရင်းသားတွေကို ပစ်မှတ်ထားပြီး ကိုယ့်အခွင့်အရေးတောင်းဆိုတာ မရှိဘူး။ သူတို့တွေက ရခိုင်ကို ပစ်မှတ်ထားပြီးတော့ သူတို့ တိုင်းရင်းသား အခွင့်အရေးကို တောင်းဆိုနေတယ်။ တိုင်းရင်းသား လက္ခဏာနဲ့ မပြည့်စုံတဲ့သူ မှန်သမျှ တိုင်းရင်းသားလက္ခဏာနဲ့ ဆန့်ကျင်တဲ့သူမှန်သမျှ ဘယ်သောအခါမှ တိုင်းရင်းသား အခွင့်အရေး မရဘူးလို့ ဦးဇင်း ရဲရဲကြီး ပြောရဲတယ်။

မေး။ အခု မြန်မာနိုင်ငံအပေါ် ဂျီဟတ်စစ်ပွဲဆင်နွှဲမယ်လို့ သိရပါတယ်။ အဒီအပေါ်မှာ အရှင်ဘုရားအနေနဲ့ ဘာများ မိန့်ကြားချင်ပါသလဲ။

ဖြေ။ ဂျီဟတ်စစ်ပွဲ ဆင်နွှဲတာ တကယ်တမ်းကျတော့ သူတို့ ဆင်နွှဲလို့ မရပါဘူး။ ဘာကြောင့်လည်း ဆိုလို့ ရှိရင် ကုလသမဂ္ဂဆိုတာ ရှိနေတာပဲ။ ဒါကြောင့်မို့လို့ ဂျီဟတ်စစ်ပွဲ ဆင်နွှဲလို့ မရဘူးလို့ ဦးဇင်း ယုံကြည် တယ်။ 

မေး။ ဒီဂျီဟတ်စစ်ပွဲ ဆင်နွှဲမယ်ဆိုတဲ့အပေါ်မှာ အရှင်ဘုရားတို့အနေနဲ့ သဘောထားကြေညာချက် ထုတ်ပြန် ဖို့ ရှိပါသလား။

ဖြေ။ သဘောထားကြေညာချက်ကတော့ သူတို့ရဲ့လုပ်ဆောင်ချက်တွေကို ဦးဇင်း အများကြီး လေ့လာရဦး မှာပါ။ ရမ်းပြီး ကြေညာချက် ထုတ်လို့ မရပါဘူး။

မေး။ အရှင်ဘုရားတို့အနေနဲ့ အခုဆိုရင် ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးဆိုပြီး ဆွေးနွေးပွဲတွေ လုပ်နေပေမယ့်လည်း ဒီလို မွတ်ဆလင်နိုင်ငံတွေက အကြမ်းဖက်လာတဲ့အပေါ်မှာ အရှင် ဘုရားအနေနဲ့ ဘာများ မိန့်ကြားချင်ပါသလဲ။

ဖြေ။ မွတ်ဆလင်တွေက အကြမ်းဖက်တဲ့အပေါ်မှာ အတော့်ကို နေသားကျနေကြပြီပေါ့နော်။ ဒီလို အကြမ်းဖက်ပြီး ဖြေရှင်းနေသမျှ ကာလပတ်လုံး ပြည်တွင်းမှာ ရှိတဲ့ အေးအေးလူလူနေချင်တဲ့ ငြိမ်းငြိမ်း ချမ်းချမ်းနေချင်တဲ့ လူကောင်းသူကောင်း မွတ်ဆလင်တွေ ထိခိုက်နိုင်တယ်ဆိုတာကို တွေးပေးကြပါ။ အဲဒီလို အေးအေးလူလူ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ချင်တဲ့ လူကောင်းသူကောင်း မွတ်ဆလင်တွေ ဒုက္ခ မရောက်အောင် ကာကွယ်ပေးကြပါ။ အဲဒီလို ကာကွယ်ပေးဖို့ဆိုတာ အကြမ်းမဖက်ဖို့က နံပါတ်တစ်ပါပဲလို့ ပြောချင်ပါတယ်။

မေး။ ဒီလို ဂျီဟတ်စစ်ပွဲ မဖြစ်ပေါ်ရအောင် မြန်မာပြည်သူ ပြည်သားတွေအနေနဲ့ ဘယ်လိုနေထိုင်သင့်တယ်၊ ဘယ်လိုကာကွယ်သင့်တယ် ဆိုတာကို အရှင်ဘုရားအနေနဲ့ ဘာများ မိန့်ကြားချင်ပါသလဲ။

ဖြေ။ ဂျီဟတ်စစ်ပွဲမဖြစ်ပေါ်ဖို့အတွက် မွတ်ဆလင်လူဦးရေ တိုးပွားမှုကို ထိန်းနိုင်မှ ရမယ်။ မွတ်ဆ လင်လူဦးရေ တိုးပွားလာတာနဲ့အမျှ ဂျီဟတ်ယုံကြည်တဲ့ လူတွေက သွေးထိုးလှုံဆော်လိုက်လို့ရှိရင် ရခိုင်လို ဖြစ်သွားနိုင်တယ်။ ရခိုင်ကလည်းပဲ သူ့ဘာသာသူ အေးအေးဆေးဆေးနေလိုတဲ့သူတွေက အများစုပဲ။ အဲဒါကို RSOဆိုတဲ့ လူတွေက ဝင်လာပြီး သွေးထိုးလိုက်မှ ဒီလိုတွေ ဖြစ်ပေါ်လာတာပေါ့။ ဒါကြောင့် မွတ်ဆလင် လူဦးရေတိုးပွားမှုကို ထိန်းနိုင်ရမယ်။ မြန်မာသမီးပျိုလေးတွေ ကိုယ့်လူမျိုး ကိုယ့်သာသာ အပေါ်မှာ သစ္စာစောင့်သိရမယ်။ ပြီးတော့ မြန်မာအချင်းချင်း ရိုင်းပင်းကူညီပြီးတော့ မြန်မာဗုဒ္ဓဘာသာဝင် လူဦးရေ မလျော့ပါးအောင်၊ မြန်မာဗုဒ္ဓဘာသာဝင် အိမ်ခြေတွေ မလျော့ပါးအောင်၊ မြန်မာဗုဒ္ဓဘာသာဝင် နယ်မြေတွေ မလျော့ပါးအောင် ကာကွယ်စောင့်ရှောက်ရမယ်။ အဲဒါဆိုရင်တော့ ဦးဇင်းတို့ မြန်မာပြည်မှာ ဘယ်တော့မှ ဂျီဟတ်စစ်ပွဲ ဆင်နွှဲလို့ မရပါဘူး။

မေးသူ…… အခုလို ပြည့်ပြည့်စုံစုံ မိန့်ကြားပေးတာကို ကျေးဇူးတင်ပါတယ် ဘုရား။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။