/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Sunday, May 26, 2013

.

အခြေခံပညာ အဋ္ဌမတန်းအောင်မြင်သူများ အစိုးရနည်းပညာအထက်တန်းကျောင်းများ တက်ရောက်နိုင်

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစိုးရနည်းပာာအထက်တန်းကျောင်းများကို ယခုနှစ်ပညာသင်နှစ်တွင် ဖွင့် လှစ် မည်ဖြစ်ပြီး အဆိုပါ သင်တန်းကို(၂၀၁၃)ခုနှစ် အခြေခံပညာအဋ္ဌမတန်းအောင်မြင်ပြီး အသက် (၁၇ )နှစ်ေ အာက် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်လျှောက်ထားနိုင်ကြောင်း သိပ္ပံ နှင့်နည်း ပညာဝန်ကြီးဌာနတွင် ထုတ်ပြန်ကြေငြာထားသည်။

အဆိုပါ သင်တန်းကာလတွင် (၂)နှစ်ဖြစ်၍ထူးချွန်စွာအောင်မြင်သူ ကျောင်းသား ကျောင်းသူများမှာ GTI ပထ မနှစ် သို့ တိုက်ရိုက်တက်ရောက်ခွင့်ရှိပြီးဖွင့်လှစ်မည့်သင်တန်းတွင် အဆောက်အအုံ နည်းပညာ သင် တန်း၊ အီလတ်ထရွန်နစ် နည်းပညာသင်တန်း၊ လျှပ်စစ်နည်းပညာသင်တန်း၊ မော်တော်ယာဉ် နည်းပညာ သင် တန်း၊ စသော အင်ဂျင်နီယာဘာသာရပ်များအပြင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေ ဒ၊ ဘောဂဗေဒ၊ အထူးပြုဘာသာရပ်နှင့် ပုံဆွဲဘာသာရပ်များကို သင်ကြားပေးသွားမည်ဟု သိရသည်။

SkyNet TV Browser

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။