/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Sunday, May 26, 2013

.

စမ်းချောင်းမြို့နယ်အောင်ချမ်းသာရပ်ကွက်တွင် တိုက်ပြို၍ (၃)ဦးသေ (၁)ဦး ဒဏ်ရာရ



၂၅.၅.၂၀၁၃ ရက်နေ့ ၀၉၁၀ အချိန် စမ်းချောင်းမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ ရှင်စောပုလမ်း၊ တိုက်အမှတ်(၁)နေ ကိုဖြိုး ပိုင်ဆိုင်သည့်လုံးချင်း နှစ်ထပ်တိုက်(အိမ်ဟောင်း ဖျက်ခွင့်တင်ထားဆဲ) အား အင်ဂျင်နီယာဦးအေးသိန်းမှ တာဝန်ယူပြီး အလုပ်သမားခေါင်းဆောင် ကိုဝင်းညိုနှင့် အဖွဲ့မှ ဖြိုဖျက်နေစဉ် ဖျက်လက်စတိုက်၏ ဆန်းရှိတ်ပြိုကျရာ ရှိန်းကို (၂၂)နှစ်၊ ပုသိမ်မြို့၊ မိုးကျော်သူ (၁၇)နှစ်၊ ၀ါးခယ်မမြို့၊ ထွန်းလွင်ဖြိုး (၂၂)နှစ်၊ ၀ါးခယ်မမြို့တို့ (၃)ဦး ဒဏ်ရာများရရှိ သေဆုံးပြီး သီဟမျိုး (၂၀)နှစ်၊ ၀ါးခယ်မမြို့နေသူမှာ ဒဏ်ရာ များရရှိသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသထားရှိ ကြောင်းနှင့် အဆိုပါ တိုက်ပြိုကျရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှူး၊ စခန်းမှူးတို့ ရောက်ရှိကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီး ဖြစ်စဉ်အားစုံစမ်း ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

ရဲဇာနည်

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။