/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Sunday, May 26, 2013

.

ရခိုင်ပါတီနှစ်ခု ပေါင်းစည်းရန် အစီအစဉ်ရှိကြောင်းနှင့် လိုအပ်သော သဘောတူညီမှုများ ရရှိပါက ပေါင်းစည်းနိုင်မည်ဟု ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်မှ တာဝန်ရှိသူ ပြောကြား

ရခိုင်ပါတီနှစ်ခု ပေါင်းစည်းရန် အစီအစဉ် ရှိကြောင်းနှင့် လိုအပ်သော သဘောတူညီမှုများ ရရှိပါက ပေါင်း စည်းနိုင်မည်ဟု ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားလိုက်သည်။


ရခိုင်ပါတီကြီး နှစ်ခုဖြစ်သော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရပါတီတစ်ခု ဖြစ်ခဲ့သော်လည်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခဲ့ခြင်း မရှိသော်လည်း ယခုအခါတွင် ပြန်လည်မှတ်ပုံတင်ကာ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင် လျက်ရှိသည်။ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်သည် ၁၉၉၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ အဓိက အနိုင် ရရှိခဲ့သော ပါတီဖြစ်သည်။

ကျွန်တော်တို့ပုံစံက ပါတီနှစ်ခုလုံးကိုဖျက်ပြီး တစ်ခုပြန်ဖွဲ့မယ်။ အဲဒါကို တခြားပါတီဘက်ကလည်း လက်ခံမယ်ဆိုရင် လုပ်လို့ရတယ်။ အာမခံချက်တွေပေးဖို့ လိုတယ်။ တခြားပါတီတွေ ခွဲထွက်မလာဖို့ ပါတီဝင်တွေ၊ တာဝန်ရှိသူတွေက စည်းကမ်းစည်းမျဉ်းထားပြီး လုပ်ဖို့လိုတယ်။ ခွဲထွက်တာမျိုး ရှိလာရင် အလကား ဖြစ်သွားတယ်။ ပြည်သူတွေကလည်း ပေါင်းစည်းဖို့ ဆန္ဒရှိသလို ကျွန်တော်တို့ဘက်ကလည်း ပေါင်းဖို့ဆန္ဒ ရှိပါတယ် . . . . .

ထို့ကြောင့် ရခိုင်ပြည်သူများက ပါတီနှစ်ခု ပေါင်းစည်းရေးကို လိုလားလျက်ရှိရာ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ပါတီနှစ်ခုအား တစ်ခုဖြစ်အောင် ပေါင်းစည်းသွား န်ရှိကြောင်း မေ ၂၅ ရက်တွင် စစ်တွေမြို့၌ ကျင်းပသော ဗဟိုအလုပ်အမှုဆောင် ကော်မတီအဖွဲ့နှင့် တွေ့ဆုံရှင်းလင်းပွဲတွင် အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးထွန်းညိုက ပြောကြားသည်။

"ပါတီနှစ်ခုပေါင်းဖို့ အစီအစဉ် ရှိပါတယ်။ ကျွန်တော်တို့ပုံစံက ပါတီနှစ်ခုလုံးကိုဖျက်ပြီး တစ်ခုပြန်ဖွဲ့မယ်။ အဲဒါကို တခြားပါတီဘက်ကလည်း လက်ခံမယ်ဆိုရင် လုပ်လို့ရတယ်။ အာမခံချက်တွေပေးဖို့ လိုတယ်။ တခြားပါတီတွေ ခွဲထွက်မလာဖို့ ပါတီဝင်တွေ၊ တာဝန်ရှိသူတွေက စည်းကမ်းစည်းမျဉ်းထားပြီး လုပ်ဖို့ လိုတယ်။ ခွဲထွက်တာမျိုး ရှိလာရင် အလကား ဖြစ်သွားတယ်။ ပြည်သူတွေကလည်း ပေါင်းစည်းဖို့ ဆန္ဒရှိ သလို ကျွန်တော်တို့ဘက်ကလည်း ပေါင်းဖို့ဆန္ဒ ရှိပါတယ်" ဟု ဗဟိုအလုပ်အမှုဆောင် ကော်မတီအဖွဲ့ဝင် ဦးထွန်းညိုက ပြောကြားသည်။

လက်ရှိအနေအထားတွင် ပြည်သူများ အနေဖြင့် ပါတီနှစ်ခု ပေါင်းစည်းရေးကို လိုလားလျက် ရှိသော်လည်း တချို့ေ သာ ပြည်သူများက ပါတီနှစ်ခုရှိမှသာ လွတ်လပ်စွာ ခွဲခြားဆုံးဖြတ် မဲထည့် ည်ဖြစ်ကြောင်းလည်း ပြောဆိုသည်များ ရှိနေသည်။

ယင်းအတွက် ရခိုင်တိုင်းရင်းသားများ၏ သဘောဆန္ဒကိုလည်း သိရှိရန် လိုအပ်ကြောင်းနှင့် ပေါင်းစည်းမှု အတွက် ညှိနှိုင်းမှုများကိုလည်း ပြုလုပ်ရန် လိုအပ်ကြောင်း ဒေသခံများက ဆိုသည်။

ယင်းနှင့်ပတ်သက်ပြီး ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က "ပါတီနှစ်ခု ပေါင်းစည်းရေးနဲ့ ပတ်သက်ပြီး မကြာခင် ရက်ပိုင်းမှာ ကျင်းပမယ့် ပါတီ ညီလာခံ အပြီးမှာတော့ အဖြေတစ်ခု ထွက်လာမှာပါ။

လောလောဆယ်တော့ တစ်ဖက်ပါတီကလည်း တရားဝင် ကမ်းလှမ်းထားတာမျိုး မရှိသေးပါဘူး။ ဆွေးနွေးမှု တွေတော့ ဖြစ်လာမယ်ထင်တယ်။ ကျွန်တော်တို့ ပါတီရဲ့ ဗဟိုညီလာခံမှာတော့ အဲဒီကိစ္စကို ဆွေးနွေးသွားဖို့ ရှိပါတယ်" ဟု ပြောကြားသည်။

Credit : http://arakanpress.blogspot.com/2013/05/blog-post_26.html

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။