/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Sunday, May 26, 2013

.

ရန်ကုန် ယာဉ်ထိန်းရဲ Nissa Fair Lady ပြိုင်ကား သုံးပြီ



နာမည်ကြီး Nissan Fair Lady ပြိုင်ကားတစီးကို အခု မေလ ထဲမှာပဲ ဂျပန်နိုင်ငံက လှူဒါန်းလာ တာကြောင့် ဒီကားကို ယာဉ်ထိန်းရဲကား အဖြစ် နဲ့လည်း အသုံးလိုနေတာကြောင့် ဒီပြိုင်ကားဟာ ပထမဆုံး ယာဉ်ထိန်းရဲ ပြိုင် ကား ဖြစ်လာမှာပါ။


အခုလို ပြိုင်ကား အကောင်းစားတစီးကို ယာဉ်ထိန်း ရဲကားအဖြစ်နဲ့ အသုံးပြုရတာဟာ ညဖက်တွေမှာ အရှိန်ပြင်း မောင်းနှင်တဲ့ ကားတွေနဲ့ စည်းကမ်းဖျက် တိမ်းရှောင်ယာဉ်တွေကို လိုက်လံ ဖမ်းဆီးရာမှာ အ သုံးပြုဖို့နဲ့ VIP ရှေ့ပြေး ယာဉ်အဖြစ်လည်း အသုံးပြုသွားမှာဖြစ်တယ်လို့ နေပြည်တော် ယာဉ်ထိန်းရဲ ဋ္ဌာနက ရဲမှူးကြီး ကျော်ထွေးကို ကိုးကားပြီး ယနေ့ ထုတ်ကြေးမုံသတင်းစာက ဖော်ပြထားပါတယ်။ 

ယာဉ်ထိန်းရဲကားကို အခုလို လူကြိုက်များ ပြိုင်ကားအသုံးပြုလိုက်တာကြောင့် ရန်ကုန်မြို့မှာ ည အချိန် မတော် သောင်းကျန်းနေတဲ့ လူကြီးသားသမီးများဆိုတဲ့ ကားပြိုင်မောင်းတာနဲ့ ရမ်းကားမှုတွေ အတွက် ဘယ်လောက် အထောက်အကူဖြစ်မယ်ဆိုတာတော့ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ 

ဧရာဝတီblog

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။