/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Sunday, April 28, 2013

.

၉၆၉ အမှတ်တံဆိပ်ကို NLD အသုံးပြုပါသလား?


ခေါင်းစဉ်ကိုကြည့်တာနဲ့ မုန်းတဲ့သူအတော်များမယ်မှန်း သိပါတယ်။ မနေနိုင်လို့ရေးတာပါ။

တက္ကစီသမား (NLD)

“၉၆၉ ဆိုတာ တခြားဘာသာက လုပ်ထုံးလုပ်နည်းကို ကူးချထာတာကွ ငါတို့ဘာသာမှာ အက္ခရာနဲ့ သတ် မှတ်ထားတဲ့ အမှတ်တံဆိပ် ဘယ်တုန်းက ကြားဖူးလို့လဲ။ ဗုဒ္ဓဘာသာတွေရဲ့ အဆောင်က (အရဟံ)ပဲရှိ တယ်။ ဒါတွေက နိုင်ငံရေးအနေနဲ့ ဘာသာရေးကိုခုတုံးလုပ်ထားတာ။ လုပ်တဲ့သူတွေအကုန်လုံးက အစိုး ရ ဘက်ကလူတွေချည်းပဲ”
======================================


ရပ်ကွက်ထဲက NLD

“ဒီအမှတ်အသားက တရားဝင်လို့ခေါ်လို့ရလားဆိုတာ မင်းကိုပြန်မေးမယ်။ သာသနာရေးဝန်ကြီး ကိုယ်တိုင် က ဒါကိုတရားဝင်မဟုတ်ပါဘူးလို့ ပြောပြီးပြီပဲ။ မင်းကိုအပြစ်တင်နေတာ မဟုတ်ဘူးနော်။ မင်းယုံကြည်ချက် နဲ့မင်း။ ငါတို့က ဘယ်သူ့ကိုမှ ဒါလုပ်ရမယ်/မလုပ်ရဘူးလို့ မဆွယ်ဘူး။ ဒါပေမယ့် နိုင်ငံကို နောက်ပြန်သွား စေမယ့် အပြုအမူမျိုးတော့ မလုပ်ဖြစ်အောင် သတိထားပေါ့ကွာ”
=====================================

မြို့နယ်အဆင့် ပါတီဂိုဏ်းချုပ်တစ်ဦး

“တို့ဗုဒ္ဓဘာသာဆိုတာ သူများအကျိုးပျက်စီးရာပျက်စီးကြောင်းကို ညွှန်ပြထားတာမှမဟုတ်တာကွာ ဘာသာ ရေးတွေ (ဥပမာကွာ) ဘယ်ဘာသာကိုးကွယ်တယ်ဆိုတာ ခဏထားလိုက် ဈေးရောင်းမှ စားရမယ့် လူတစ် စုကိုအရောင်းအ၀ယ် မဖြစ်အောင်လုပ်တယ်ကွာ သူတို့စားရေးသောက်ရေး အဆင်မပြေဘူးဖြစ်သွားတယ် ဒါဟာ မျှတမှုရှိရဲ့လား? ဘယ်မှာလဲ လူ့အခွင့်အရေး? ဒါတွေပြောပြတဲ့သူ ရှိတော့ ဒီလိုလူကိုမုန်းကြတယ် အမှန်တော့ မျက်စိတစ်ဆုံးမကြည့် တတ်ကြလို့ ဒီပြဿနာတွေတက်နေရတာ ဒီလိုသာသတ်မှတ်ကြရင် ငါတို့တွေ မွတ်ဆလင်နိုင်ငံကအများဆုံးထွက်တဲ့ ရေနံကိုဝယ်မသုံးဘူးကွာ သူတို့နဲ့မပက်သက်ချင်ဘူးပဲ ထားပါတော့ ဖြစ်မလား? လည်ပတ်လို့ ရမလားစဉ်းစားပေါ့ကွာ သဘောပြောတာပါ”
=====================================
=====================================

ရင်းနှီးတဲ့ တက္ကစီသမားတစ်ယောက်ကို ၉၆၉ စတေကာလေးကပ်ဖို့ တိုက်တွန်းမိတော့ အမှတ်မထင် သူပြန်ပြောလိုက်တဲ့ စကားကြောင့် သတိမထားမိခဲ့တဲ့ ကိစ္စတစ်ခုကို စုံစမ်းကြည့်မိ ပါတယ်..မြင်ရသလောက် ကတော့ NLD ပါတီဝင်တွေရဲ့ ဆိုင်တွေ/အိမ်တွေမှာ ၉၆၉အမှတ်တံဆိပ် မသုံး ကြတာကို သိရတယ် ..ကျွန်တော် အထက်ကဆိုခဲ့တဲ့ စကားတွေက လက်လှမ်းမှီရာ NLD ပါတီဝင်တွေကို တီးခေါက်ကြည့်ထားတာပါ ..

ဒီနေရာမှာပြောစရာရှိတာက ၉၆၉ အမှတ်တံဆိပ်သည် တရားဝင်မှတ်ပုံ တင်ထားလားဆိုတော့ တင်မထား ပါ .. တင်စရာလဲလိုမယ်မထင်ပါ .. ဘုရား၊ တရား၊ သံဃာဆိုတဲ့ ရတနာသုံးပါးကို ကိုယ်စားပြုထားတဲ့ ၉၆၉ အမှတ်တံဆိပ်သည် ကျွန်တော်တို့လို ဗုဒ္ဓဘာသာတိုင်းပြည် စစ်စစ်မှာ မှတ်ပုံတင်စရာ လိုမယ်မထင်ပါ ..

ပြီးတော့ အခုဆိုရင် ရပ်ကွက်အလိုက် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ သင်တန်းတွေ ဖွင့်နေကြတာ အားလုံးအ သိပါ ...အဲဒီမှာ ၉၆၉ က ဘာကိုရည်ညွှန်းတာလဲဆိုတာ ကလေးတွေကိုသင်ပါတယ် .. ပညာရေးဝန်ကြီး ဌာနနဲ့ သာသနာရေးဝန်ကြီးဌာန ပူးပေါင်းပြီးတော့ ဒီနှစ်မှာဆိုရင် မူလတန်းပြကျောင်းဆရာ/ဆရာမ တွေပါ ယဉ်ကျေးလိမ္မာ သင်တန်းတက်ရပါတယ် ..ဆရာတွေသီးသန့်ပါ ..ရည်ရွယ်ချက်က ကျောင်းတွေပြန်ဖွင့် တဲ့အချိန်မှာ မူလတန်းကလေးတွေကို ပြန်လည်သင်ကြား ပေးနိုင်ဖို့ပါ..ဒါကို ဆရာ/ဆရာမတွေ သိကြမှာပါ။

(ကျွန်တော်ပြောတာတွေကို မျက်စိမှိတ်ပြီးယုံရမယ်လို့ မဆိုပါ။ နီးစပ်ရာ/ လက်လှမ်းမီရာ NLD ပါတီဝင် အရင့်အမာကြီးတွေရဲ့ အိမ်တွေ/ဆိုင်တွေကို လေ့လာကြည့်ပါ ပြိးတော့မှ မှန်၏ မမှန်၏ ဆုံးဖြတ်ပါ ဒါသည် နိုင်ငံရေး တိုက်ခိုက်မှုတစ်ခုမဟုတ်ပါ ဗုဒ္ဓဘာသာဝင်အကုန်လုံး၏ရင်တွင်း၌ တူညီသောဆန္ဒတစ်ခု သန္ဓေပြု ရန်သာရည်ရွယ်ပါသည်)

Credit : Here

2 comments:

  1. ဒေါ်စုကားမောင်းပေးတာမူစလင်လား ဒါမှမဟုတ် မွေးစားသားလား

    ReplyDelete
  2. အေး ဘူကြီးလဲဟ

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။