/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Sunday, April 28, 2013

.

နိုင်ငံသားတိုင်းနှင့် ဆိုင်သည့် ဒို့တာဝန် အရေး(၃)ပါး

ဂျာနယ် တစ်ခု၏ ကာတွန်းတွင် ဆိုက္ကားစီးသည့် ပုဂ္ဂိုလ်ကြီးမှ ဒို့တာဝန် အရေး(၃)ပါးကို သိလား ဆိုပြီး မေးသည်ကို ဆိုက္ကားသမားမှ ဒို့တာဝန် အရေး (၃)ပါးတော့ မသိဘူး။ စားဝတ်နေရေးပဲ သိတယ် ဆိုသည့် ကာတွန်းအား တွေ့မြင်ဖူးသည်။ ကာတွန်း ဆရာ၏ အတွေးတွင် ဒို့တာဝန် အရေး(၃)ပါးထက် စားဝတ်နေရေးက အရေးကြီးသည်ဟု ဖော်ပြလို ဟန် ရှိသည်။ ထိုသို့သော ကာတွန်းမျိုးကို စတုတ္တ မဏ္ဍိုင်ဟု ခေါင်းစဉ်တပ် သည့် ဂျာနယ် များမှလည်း ဖော်ပြသည်။ ရလာဒ် သည် ကား ပြည်သူများ၏ အမြင်တွင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်း သား စည်းလုံး ညီ ညွှတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဆိုသည့် နိုင်ငံ သား အားလုံး ဆင်းရဲချမ်းသာ ကျား မ ကြီးငယ် မရွေး သက်ဆိုင်သည့် တာဝန်ကြီး (၃)ရပ်မှာ သတင်း စာ ထဲမှ စကားလုံး၊ တာဝန်ရှိသူများ ပြောဆို သည့် စကားလုံးဟုသာ ဖြစ် လာလေတော့သည်။


မြန်မာနိုင်ငံ၏ သမိုင်းတွင် ဒို့တာဝန် အရေး(၃)ပါးကို ကာကွယ်စောင့်ရှောက်နိုင်စွမ်း မရှိ ခဲ့ခြင်းကြောင့် အင် အား တောင့်တင်း ခိုင်မာသည့် နိုင်ငံကြီး အဖြစ် (၃)ကြိမ်သာ တည်ဆောက်နိုင်ခဲ့ သည်။ အေဒီ ၁၀၄၄ မှ စတင် တည်ဆောက်ခဲ့သည့် ပုဂံခေတ် အနော်ရထာမင်း စတည် တည်ဆောက် ခဲ့ သည့် ပထမ မြန် မာနိုင်ငံကြီး သည် ပြည်ပအန္တရာယ်ကြောင့် နှစ်ပေါင်း ၃၀၀ ကျော်ခန့် သာ တည်တံ့ခဲ့သည်။ အေဒီ ၁၅၅၀ တွင် ဘုရင့်နောင် မင်းတရားကြီး ပြည်လည် စုစည်းတည်ဆောက်သည့် ဒုတိယ မြန်မာနိုင်ငံတော်ကြီးသည် ပြည် တွင်း အန္တရာယ် ကြောင့် နှစ်ပေါင်း ၅၀ အတွင်း ပျက်သုန်းရသည်။ ထိုမှ အေဒီ ၁၇၅၂ တွင် အေ လာင်း မင်း တရား စုစည်းသည့် တတိယ မြန်မာနိုင်ငံတော်ကြီးသည်လည်း နှစ်ပေါင်း ၁၃၀ ကျော်တွင် ပြည်ပ အန္တရာယ်ကြောင့် ပျက်သုန်းခဲ့ သည်။သူ့ကျွန်ဘ၀မှ တွန်းလှန်ပြီး ယနေ့တည်ရှိနေသည့် မြန်မာနိုင်ငံ မှာ ၁၉၄၈ ခုနှစ်မှ ၂၀၁၃ ထိ ဆိုပါက နှစ် ပေါင်း ၆၅ နှစ် တည်တံ့လျှက်ရှိပြီး ဒို့တာဝန် အရေး(၃)ပါးကို ကာ ကွယ် စရာမလိုသည့် ရက်စွဲ မရှိခဲ့သေးပေ။

အနောက်အုပ်စု၏ အထောက်အပံ့ဖြင့် ပြည်ထောင်စုကြီးမှ ခွဲထွက်ချင်သည့် လက်နက်ကိုင် တပ်ဖွဲ့ များ ရှိနေ သည်။ တိုင်းရင်းသား လက်နက်ကိုင်များဖြင့် လူမျိုးရေး၊ ဘာသာရေး များကို အကြောင်းပြကာ စည်း လုံး ညီ ညွတ်ရေး ပြိုကွဲနိုင်သည့် အခြေအနေများလည်း ရှိနေသည်။ ပြည်ပနိုင်ငံများ၏ ၀င်ရောက် စွက်ဖက် မှု၊ လက် နက်ကိုင် တပ်ဖွဲ့များ၏ အုပ်စိုးချယ်လှယ်မှု များကြောင့် အချုပ်အခြာအာဏာသည်လည်း နိုင်ငံ အနှံ့ တွင် အပြည့် အ၀ မသက်ရောက်သေး သည်မှာလည်း နယ်စပ်ဒေသများတွင် ဆက်ကြေး များေ ကာက် ခံနေရခြင်း၊ လက်နက် ကိုင် တပ်ဖွဲ့များအတွင်း အတင်းအဓမ္မ စုဆောင်းခံရခြင်းများက သက်သေ ခံနေသည်။

ဤသို့သော အခြေအနေရှိသည့် မြန်မာနိုင်ငံအတွက် အစိုးရ၊ ပြည်သူနှင့် တပ်မတော်တို့မှ ဟန်ချက်ညီ လက် တွဲ ဆောင်ရွက်ကာ ဒို့တာဝန် အရေး(၃)ပါးကို မပျက်စီးရလေအောင် ဆောင်ရွက်လျှက် ရှိသည်။ လူ မျိုးရေး၊ ဘာသာရေးကို အကြောင်းပြ၍ တည်ဆဲအစိုးရကို လက်နက်ကိုင် တော်လှန်သည့် အရိပ်လက္ခဏာ များ ရှိနေသ၍ ဒို့တာဝန် အရေး(၃)ပါး လုံခြုံစိတ်ချရသည့် အခြေအနေ မရှိနိုင်ပါ။

နိုင်ငံငယ်များ စုစည်းထားသည့် ဆိုဗီယက် ပြည်ထောင်စုကြီးသည် အင်အားတောင့်တင်းခိုင်မာမှု အပြည့် အ၀ ရှိ သည့် အတွက် အနောက်အုပ်စုများက ပြိုကွဲစေရန် လုပ်ဆောင်ခဲ့ကြသည်။ ဆိုဗီယက် ပြည်ထောင် စုကြီး အစိတ်စိတ် အမွှာမွှာကွဲသည့် အချိန်တွင်တော့ ထိုပြိုကွဲစေသည့် ခေါင်းဆောင်အား ငြိမ်းချမ်းရေး နို ဘယ် ဆု ပေးခဲ့သည်။ သို့သော် ထို ဆိုဗီယက်မှ ပြိုကွဲသည့် နိုင်ငံများတွင် ဆယ်စုနှစ်များစွာ ကျော် လွန်သော် လည်း စစ်မီးများ မငြိမ်းချမ်းနိုင်သေးပေ။ အိန္ဒိယ နိုင်ငံကြီး တွင် ပါကစ္စတန်၊ ကက်ရှ်မီးယား အရေး အခင်းများ သည် လည်း ယနေ့ထိ အပြည့်အ၀ မငြိမ်းချမ်းနိုင်သေး။ ထို့ပြင် တရုတ်ပြည်သူ့ သမ္မ တနိုင်ငံ သည်လည်း ထိုင်ဝမ် အ ရေး၊ တိဗက် အရေး များဖြင့် ပြည်ထောင်စု မပြိုကွဲရေးကို ယနေ့ထိ အေ လး အနက်ထား ဆောင်ရွက်နေ ရသည်။

အမေရိကန် ပြည်ထောင်စု ပင်လျှင် ပြီးခဲ့သည့် နှစ်အကုန်ပိုင်း၌ အမေရိကန်ပြည်ထောင်စုမှ ခွဲထွက်မည့် မည် သည့် အကြောင်းပြချက်ကိုမှ လက်ခံမည်မဟုတ်ဆိုသည့် ကြေငြာချက်ကို ထုတ်ပြန်ခဲ့ရသည်။ ထို သို့သော နိုင်ငံ ကြီးများ အနက်မှ အိန္ဒိယနှင့် တရုတ် အကြားရှိ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးမှာ ပြည်ပနိုင် ငံများ ၏ ၀င်ရောက် စွက်ဖက်မှုများအကြား နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး တို့ပါဝင်သည့် အမျိုးသားစွမ်း အင် ကို ရေရှည် မတည် ဆောက် နိုင် သရွေ့ ထာဝရ တည်ငြိမ်အေးချမ်းဖို့ မဖြစ်နိုင်ပါ။

ဒို့တာဝန် အရေး(၃)ပါး ကို ထိခိုက်စေသည့် စာသားများ ရေးသားဖော်ပြခြင်း မပြုရဆိုသည့် အချက်ကို လက် မ ခံနိုင် ဆိုသည့် မြန်မာ့စတုတ္တမဏ္ဍိုင်များ သတိပြုဆင်ခြင် စေလိုခြင်းကြောင့် ရေးသားခြင်းသာ ဖြစ်ပါ သည်။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။