/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Sunday, April 28, 2013

.

ဥာဏ်ကြီးရှင် The Voice Weekly အယ်ဒီတာသို့ ဆရာဝန် တစ်ဦး ပေးသည့်စာ

ဥာဏ်ကြီးရှင် The Voice Weekly က Editor ကြီးရေ...

ကျွန်တော်တို့ လူနာအားကိုးရတဲ့ ဆရာဝန်ဖြစ်အောင် ဘယ် လောက် ကြိုးစားခဲ့ရလဲဆို့တာ ဖြုတ်ဦးနှောက်ပဲရှိပြီး ဖွဘို့ လောက် သိတဲ့ ခင်ဗျားတို့ သိမှာမဟုတ်ပါဘူး။ ၆ နှစ်လုံးလုံး ကိုယ့်မိဘအထောက်အပံ့ရယ် တစ်ဖက်က ကိုယ်တိုင် အလုပ် လုပ်ပြီးရလာတဲ့ ငွေကိုအသုံးချပြီး ကျောင်းပြီးအောင် တက်ခဲ့ ရတာပါ ခင်ဗျားတို့ ဆီက ဘာအကူအညီများရခဲ့လို့လဲ? ကျောင်း ပြီးလို့ အလုပ်သင်ဆရာဝန်ဘဝရောက်တော့လဲ ချီးမြှင့်လစာ တစ် လ မြန်မာငွေ ၁၁၅၀ နဲ့ တစ်နှစ်ပတ်လုံး ဆေးရုံမှာ နေ့ရောညပါ တိုင်းပြည်တာဝန် ပြည်သူ့အကျိုးကို ထမ်ေ ဆာင် ခဲ့တာပါ။


တစ်နှစ်ပတ်လုံး ၁၅၀၀၀ မပြည့်တဲ့လစာနဲ့ ပြည်သူတွေရဲ့ကျန်းမာ ရေးကို တတ်နိုင်သလောက် စောင့်ရှောက့်ခဲ့တာပါ။ ဆင်ရဲနွမ်းပါး တဲ့ လူနာတွေဆို မရှိမယ့်ရှိမယ့် ကိုယ်အိတ်ကပ်ထဲ က ပိုက်ဆံကို သုံးပြီး လူနာအတွက် စိုက်ခဲ့ရပါသေးတယ်။ အခုဘွဲ့ရပြီး ဆရာဝန် တစ်ယောက်ဖြစ်တော့လဲ ကိုယ်အား ကိုယ်ကိုးပြီး ကိုယ် ဘဝ ကိုယ် မနဲရပ်တည်နေရတာပါ။အခုလက်ရှိ မြန်မာပြည်မှာရှိတဲ့ ဆရာဝန်တွေ ကိုပေးထားတဲ့ လစာ က လည်တော် များတာကို၊ လူတန်းစေ့နေနိုင်ဖို့ကို တော်တော်ကြိုးစားနေရတယ် အခုထိ မေ နနိုင်သေး ပါဘူး။ ဆရာဝန်တစ်ယောက်ရဲ့လစာဟာ driver တစ်ယောက်ရဲ့ဝင်ငွေထက်နဲရင်နဲနေမှာပါ။

ဒါပေ မယ့် လစာနဲလို့ ငွေမက်ပြီးအလုပ်မဝင်နိုင်တဲ့ဆရာဝန်တွေချည်ဘဲဆို ဆေးရုံမှာဆရာဝန်ရှိ မှာတောင် မဟုတ် ဘူး။ ဒါပေမယ့် ဆရာဝန်တွေက လစာအနည်းအများကိုဂရုမစိုက်ဘဲ ကိုယ့်ဘာဘဲဖြစ်နေဖြစ်နေ တိုင်းပြည် နဲ့လူမျိုးအတွက် တတ်နိုင်သလောက်ဆောင်ရွက်နေတာပါ။ကျွန်တော်ဆေး တက္ကသိုလ် အမိဆေး တက္ကသိုလ်ကြီးက 

(၁) ဆရာဝန်တစ်ယောက်ရဲ့စောင့်ထိန်းရမယ့်ကျင့်ဝတ်ကို သင်ပေးလိုက်ပြီးသားပါ။ဆေးကျောင်း နားေ တာင် မကပ်နိုင်တဲ့ ဥာဏ်ကြီးရှင် editor ကြီးရှင်ကြီးမသိတာတော့ ညဏ်ရည်မမှီ ဗဟုသုတမ ရှိလို့ ဘဲနေ မှာပေါ့။

(၂)ဆရာဝန်တစ်ယောက်ဆေးခန်းတစ်ခုထက်ပိုမထိုင်ရလို့ ခင်ဗျားကရေးတယ်။ မြန်မာပြည် လူဦးရေနဲ့ ဆရာဝန် အချိုး ဘယ်လောက်ရှိလဲ ခင်ဗျားတိုသိလို့လား? ဆရာဝန်အင်အားမလုံလောက်လို့ ဆေးခန်းတွေ ခွဲပြီး ဆရာဝန်တွေ ထိုင်ပေးနေရတာလေ။ စီးပွားရေးဆန်ဆန် ဖိလုပ်နေတာ မဟုတ်ဘူး၊ ကိုယ်ကျို တစ်ခု တည်း အတွက်မဟုတ်။ဆေးခန်းတစ်ခုဘဲထိုင်ရမယ်ဆိုတာတော့ရပါတယ် အပင်ပန်းတောင် သက် သာေ သး တယ်။ အဲဒီဆေးခန်းမလာနိုင်တဲ့လူနာတွေကို ခင်ဗျားစရိတ် ခံပြီးလိုက် ပို့ပေးမှာမို့ လားရွှေဥဏ် ရှင်ကြီး ရယ် စဉ်းစဉ်းစားစားလဲပြောပါဦး။

(၃) ဝင်ငွေခွန်စည်းကြပ်ရန်ပြောရအောင် ခင်ဗျားက ဝန်ငွေခွန်အကြောင်းဘယ်လောက်နားလည်လို့လဲ? အခြားနိုင် ငံတွေမှာ ဝန်ငွေခွန်ကောက်ခံတယ်ဆိုတာ အလုပ်ရအောင်ရှာပေးရတယ်၊ ရတဲ့အလုပ်ကို လုပ် လို့ ရ တဲ့ဝင်ငွေကိုမှရာခိုင်နှုန်းနဲ့ကောက်ခံတာလေ။ ကျွန်တော်ဆိုအခုထိ အလုပ်မရသေးဘူး။ ကျွန်တော် လို ဆရာဝန်တွေမြန်မာပြည်မှာ အများကြီး။ ခင်ဗျားအလုပ်ရှာပေးမလား ကျွန်တော်တို့အခွန်ဆောင်ဖို့ လက် မနှေး ပါဘူး editor ကြီးရာ။

အထူးကုမှ သာမန်ဆရာဝန်မှလို့ခွဲခြားလို့မရပါဘူး၊ ဆရာဝန်ဟာ ဆရာဝန်ပါဘဲ။လက်ရှိအဆင်ပြေနေတယ် ချမ်းသာနေတဲ့ဆရာဝန်တွေကလည်းဆရာဝန်အလုပ်နဲ့ချမ်းသာနေတာမရှိသလောက်ပါဘဲ။ မိ ဘဆွေမျိုး သား ချင်း က နဂိုကတည်းကချမ်းသာပြီးသားတွေများပါတယ်။ မြန်မာပြည်မှာ ရှိတဲ့အထူးကု ဆရာဝန် ကြီးတွေ က ပြည်ပမှာအလုပ်သွားလုပ်ရင် ဒီထက်မကတဲ့ အခွင့်အရေးတွေ စည်းစိမ် ချမ်သာတွေ ကိုအ သာလေး ရတယ်။ ဒါတောင်ဆင်ရဲလှတဲ့ ဒီနိုင်ငံမှာနေပြီး နေ့ညမအားဆင်းရဲဒုက္ခခံပြီး၊ပစ္စည်း ကရိယာ မစုံပေ မယ့် မဖြစ်ဖြစ်အောင် လူနာအတွက်ပါလားဆိုပြီး၊ တိုင်းပြည်နဲ့ လူမျိုး အတွက် ဆိုတဲ့စိတ် ကလေး တစ်ခု တည်းနဲ့ တိုင်းပြည်တာဝန်ကိုလက်တွေ့ကျကျ ထမ်းဆောင်နေတဲ့ နိုင်ငံ့သားကောင်းတွေပါ။ ခင်ဗျား တို့ လို အာသမားစေတနာရှင်တွေမဟုတ်ဘူးနော်။တကယ့်မေတ္တာရှင်တွေပါ။

တကယ်တော်ပြီးတတ်ကျွမ်တဲ့ ဆရာဝန်တွေသာမရှိရင် ခင်ဗျားမိဘ၊ခင်ဗျားဆွေမျို သူငယ်ချင်းတွေ ကျန်း မာရေးကို ဘယ်သူနဲ့ပြမလဲ။ editor ကြီးဖြေပါဦး။ မြန်မာပြည်သူတွေရဲ့ကျန်းမာရေးကို ရမ်ကုတွေ ဗိန္နော ဆရာတွေလက်ထဲထိုးထည့်ချင်းမက ထိုးထည့်နေတဲ့ စေတနာရှင် editor ကြီးရဲ့အကြံကတော့ တော်တော် အံ့မခမ်းလေးစားဖို့ကောင်းပါပေတယ်ဗျာ။ ကျွန်တော်လိုသာမန်ဆရာဝန်တစ်ယောက်တောင် နေ့ရော ညပါ မနားရဘူး။ည ၂နာရီ၃နာရီ လူနာဆိုလဲထကြည်ရတာဘဲ။ ဒါပေမယ့် အဲဒါပိုက်ဆံအတွက်မဟုတ်ဘူးနော် ဆရာ ဝန် ကျင့်ဝတ်နဲ့ လူနာရဲ့အသက်အတွက်ဘဲဆိုတာ ခင်ဗျားမြဲမြဲမှတ်ပါ။လူဘဲနားချင်တာပေါ့ သက်ေ တာင့် သက်သာနေချင်တာပေါ့။ စားကောင်းခြင်းမစားရ အိပ်ကောင်းခြင်မအိပ်ရတဲ့ ဆရာဝန်ဘဝ၊ လူနာ အတွက် ပါလားဆိုတဲ့စေတနာ၊ အနစ်နာ၊ ဆရာဝန်တစ်ယောက်ရဲ့ကျင့်ဝတ်အတွက် အပင်ပန်ခံပြီး လူနာ ကြည့်ေ ပရတာဘဲ။အဲဒီအချိန်ဆို editor ကြီးကတော့ သိုးနေအောင်အိပ်နေမှာလေ။ ကေတီဗွီတို့ မာဆက် တို့မှာ လည်းအေးဆေးပျော်ချင်ပျော်နေမှာပေါ့လေ။

(၄) ဆရာဝန်ကြီးကြပ်ရေးကော်မတီဖွဲ့ခိုင်းရအောင် ခင်ဗျားက ကျန်းဦးစီးကလား၊ မြန်မာပြည်မှာ ရမ်းကား နေတဲ့ဆရာဝန်၊ သူများလက်ညှိုးထိုးပြီးလိုက်ပုတ်ခက်ပြောဆိုနေတဲ့ အောက်တန်းစား စိတ်ဓာတ်ရှိတဲ့ ဆရာဝန်တွေရှိနေလို့လား? အသပြာ ဆရာဝန်လို့ပြောရအောင် ကျွန်တော်တို့ အားလုံးကို အလကား ကုပေးမှစေတနာ ဆရာဝန်ဖြစ်တော မှားလား? ကုန်ကျတဲ့ဆေးဖိုးကို ခင်ဗျား က လာပေး မှာ မို့လို့လား စေတနာရှင်ကြီရာ စဉ်းစဉ်းစားစားလဲပြောပါဦး။ဒါတောင်အောက်ခြေက ကျွန်တော် လို သာမန်ဆရာဝန် တစ်ယောက်ရဲ့ဘဝဘဲရှိသေးတယ်နော်။ သာမန်ဆရာဝန်ဘဲဖြစ်ဖြစ် အထူးကု ဆရာဝန် ကြီး ဘဲဖြစ်ဖြစ် သူတို့ မိသားစုရဲ့စားဝတ်နေရေးရှိတာဘဲလေ ခင်ဗျားမိသားစုတစ်ခုတည်း ပါးစပ်ပါတာ မဟုတ် ဘူးလေ။ ပိုက်ဆံမရှာတော့ ခင်ဗျားကအိမ်ပေါ်ခေါ်တင်ကျွေးထားမှာလား?

လေးစားလောက်ပါပေတယ်၊ အံ့သြလောက်ပါပေတဲ့ the voice weekly က editor ကြီးရေ ခင်ဗျားရဲ့ ဦးနှေက် နဲ့ စဉ်းစား ဥာဏ်ကိုတော့ ပြတိုက့်ပို့ပြီး မှတ်တမ်းတင်ရမလားတောင် မသိတော့ပါဘူးဗျာ။


-----------------------------------------

အပေါ်က စာတွေကတော့ လင့်ခ်ပါ ဆရာဝန် တစ်ဦးရေးထားတဲ့ စာသားတွေပါ။ The Voice ဂျာနယ်ရဲ့ စတုတ္တမဏ္ဍိုင် ပီသမှုတွေကို ဆက်ကြည့်ပါအုံး။

ဒါကတော့ လုပ်ချင်သလို လုပ်ပြီး ဖြစ်ကတတ်ဆန်း တောင်းပန်ယုံနဲ့ ပြီးခဲ့သည့် စတုတ္တမဏ္ဍိုင် အရည်အချင်း

ဒါကတော့ The Voice ၏ အာဘော်မဟုတ်ပါ ဆိုသည့် အသုံးအနှုံး။

Credit : Here

1 comment:

  1. စာရေးသူဆရာဝန်ကြီးခင်ဗျား၊ ဆရာဝန်ကြီးရေးသားထားသည်များမှာ မှန်တော့မှန်ပါသည်။ သို့သော်ကိုယ်တွေ့ခံစားပြီး ဆရာဝန်ကြီးများ၏အချို့ဆောင်ရွက်မှုကြောင့် စိတ်ထဲတွင် မည်သို့ခံစားမည်ကို ကိုယ်တိုင်တွေ့ကြုံရသူများသာသိနိုင်ပါသည်။ ရုံးရှိဝန်ထမ်းများ၏ ကျန်းမာရေးအတွက် ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးနေခြင်းကြောင့် အတွေ့အကြုံများစွာရရှိခဲ့ပါသည်။ အချိန်ကုန်မည်ဆိုးလို့ ဆရာဝန်ကြီးများ၏လုပ်ဆောင်ချက်များထဲမှ ကိုယ်တွေ့အဖြစ်အပျက်တစ်ခုကိုသာတင်ပြပါရစေ၊ ရန်ကုန်မြို့ရှိ နာမည်ကြီးဆေးရုံနှစ်ရုံတွင် ထိုင်ပြီး လူနာအလွန်များပြားစွာကိုကြည့်ရှုနေသော အလွန်တော်သောဆရာဝန်ကြီးတစ်ယောက်ရှိပါသည်။ Booking ပေးလျှင်သုံးလေးရက်ကြိုပေးတာတောင် နောက်ကျသွားရင်မရတော့ပါ။ အဆိုပါဆရာဝန်ကြီးတွင်အချိန်ဆိုတာအလွန်ရှားပါသည်။ တစ်နေ့ကိုလူနာရာနှင့်ချီပြီးကြည့်ပါသည်။ လူနာတစ်ယောက်အတွက် ၃မိနစ်ခန့်ပဲရပါသည်။ Emergency လိုများမှာပြရင် ဘေးမှဆရာဝန်ပေါက်စလေးများက ကြိုကြည့်ထားပြီး၊ ဆရာဝန်ကြီးကထိုဆရာဝန်ပေါက်စလေးများ၏စကားကိုသာအဓိကနားထောင်ပါသည်။ အချိန်ကုန်မည့်ဆိုးလို့ဖြစ်မည်ထင်ပါသည်။ ဘာပဲဖြစ်ဖြစ်ဆရာဝန်ကတစ်မိနစ်ပဲကြည့်ကြည့် လူနာကိုသေချာစွာကြည့်ရင် ဘာမျှပြောစရာမလိုပါ။ သို့ရာတွင်တစ်ရက်တွင် ဆရာဝန်ကြီးက သူ့ကြည့်ချိန်၃မိနစ်လောက်ပဲရှိသည့်ထဲက အချိန်တစ်ဝက်ကျော်ကျော်လောက်ကို သူပေးသည့်ဆေးသည် ယခုဆေးရုံတွင်မရှိကြောင်း၊ ဆေးရုံဘေးကမည့်သည့်ဆိုင်တွင်ရှိကြောင်း၊ ဘယ်လိုသွားရကြောင်း၊ ဘော့ပင်ဖြင့်မြေပုံတောင်ဆွဲပြလိုက်သေးသည်။ ဒီလောက်အချိန်ရှားသည့်ဆရာဝန်ကဆေးဝယ်ဘို့ကိုဘာလို့ဒီလောက်တောင်ရှင်းပြနေရသလဲမသိပါ၊ ထိုဆေးဝယ်ရန်ဘေးမှ ဆရာဝန်ပေါက်စလေးများ၊ သူနာပြုလေးများကပဲမရှင်းပြတတ်လို့လားဟုထင်မိပါသည်။ ဆရာဝန်ကြီးတစ်ယောက်ထဲရှိနေရင်တော့ ရှင်းပြသည်ကိုလက်ခံပါသည်။ ထိုကဲ့သို့ ဆရာဝန်ကြီးရှင်းပြသည်မှာ တစ်ယောက်ထဲမဟုတ်ပါ၊ ကိုယ့်ဘေးနားရှိလူနာနှစ်ယောက်လောက်ကိုလဲထိုကဲ့သို့ ရှင်းပြပါသည်။ (Emergency ခန်းထဲဖြစ်လို့ဘေးကလူနာများကိုမြင်ရခြင်းဖြစ်ပါသည်။) ထိုဥပမာသည်မြောက်မြားစွာသော ဥပမာတွေထဲကတစ်ခုပဲဖြစ်ပါသည်။ ထိုအကြောင်းနှင့်ပတ်သက်လို့လဲ အများကြီးပြောစရာကျန်ပါသေးသည်၊ သိရှိလိုပါက ကိုယ်တိုင်ပြောပြလို့ရနိုင်ပါသည်။

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။