မွန်ဂိုလီးယား သမ္မတ Tsakhiagiin Elbegdorj ၏ဖိတ်ကြားချက်အရ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် မွန်ဂိုး လီးယား နိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီလ ၂၈ ရက် တနင်္ဂနွေနေ့တွင် မွန်ဂို လီးယားသို့ ရောက်ရှိ မည် ဖြစ်ပြီး ညီလာခံကို နိုင်ငံပေါင်း ၁၃၁ နိုင်ငံက နိုင်ငံ့ ခေါင်းဆောင်များနင့် နိုင်ငံတကာ အဖွဲ့အစည်း ၂၀ ကျော်မှ ကိုယ်စားလှယ်များ တက်ရောက်မည့် ဒီမို ကရေစီ ဖွံဖြိုးရေး ဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်သည်။
မွန်ဂိုလီးယား သမ္မတနိုင်ငံ သမ္မတနှင့် ဒေါ်အောင်ဆန်း စုကြည်တို့သည် ဧပြီလ ၃၀ ရက်တွင် မွန်ဂို လီးယားနှင့် မြန်မာနိုင်ငံတို့၏ လွတ်မြောက်ခြင်း လမ်းစဉ်နှင့် သင်ခန်းစာများ(‘Mongolian and Myanmar: Road to Freedom and Lessons Learned’) အကြောင်းကို ပူးတွဲ မိန့်ခွန်းပြောကြား မည်ဖြစ်ကြောင်း ပါတီ ဗဟို အလုပ်မှုဆောင် ဦး၊ဏ်ဝင်းက ရှင်းပြသည်။
ယင်းနောက် မေလသုံးရက်နေ့တွင် မြန်မာ နိုင်ငံ သို့ ပြန်လည် ရောက်ရှိမည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ ခုနှစ်အတွင်း ဗြိတိန်၊ နော်ဝေ၊ အိုင်ယာလန်၊ ပြင်သစ်၊ ဆွစ်ဇာလန်၊ အမေရိကန်ပြည်ထောင်စု၊ ထိုင်းနှင့် အိန၊ိယ နိုင်ငံများသို့ သွားရောက်ခဲ့ပြီး၂၀၁၃ ခုနှစ် တွင် တောင် ကိုရီးယားနှင့် ဂျပန်နိုင်ငံများ သို့ အလည်အပတ် သွားရောက်ခဲ့သည်။
From: The Voice Weekly
No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။