/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, April 24, 2013

.

မိုဘိုင်း ဆက်သွယ်ရေး ကွန်ရက် တိုးတက် ဖွံ့ဖြိုးမှု အတွက် တင်ဒါခေါ်ယူ


မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းထုတ်ပြန်ချက်အရ မိုဘိုင်းဆက်သွယ်ရေးကွန်ရက်တိုးတက် ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် တင်ဒါ ဈေးပြိုင် ခေါ်ယူ လျက်ရှိတယ်လို့ သိရပါတယ်။ အခုလို ခေါ်ယူရာမှာလည်း ဆက်သွယ်ရေးနှင့်သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းရဲ့ လက်ရှိမိုဘိုင်းဆက်သွယ်ရေး ကွန်ရက်တိုးတက် ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်လိုတဲ့ အဖွဲ့အစည်းများကို ဈေးပြိုင်တင်ဒါများကို ခေါ်ယူ တာ ဖြစ်ပါတယ်။


အဆိုပါတင်ဒါတင်သွင်းဖို့ အတွက်လိုအပ်တဲ့ အသေးစိတ်အချက်အလက်များနဲ့ တင်ဒါပုံစံများကို ရုံးအမှတ် ၂ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း နေပြည်တော်မှာ ပုံစံတစ်စောင်ကို ငွေကျပ်တစ်သိန်း နှုန်းနဲ့ ဧပြီလ ၂၂ ရက်နေ့ ကစတင်ပြီး ၀ယ်ယူနိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မိုဘိုင်း ဆက်သွယ်ရေး ကွန်ရက်တိုးတက် ဖွံ့ဖြိုးရေးအတွက် ကုန်ကျစရိတ်များကိုတော့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ကျခံမှာ ဖြစ်ပြီး ဈေးပြိုင် တင်ဒါ တင်သွင်းသူတွေ အနေနဲ့ တင်ဒါ တင်သွင်းမှု စည်းမျဉ်းများ အတိုင်း လူကိုယ်တိုင် လာရောက် တင်သွင်းရမှာ ဖြစ်ပါတယ်။ အခုလို တင်ဒါ ပေးသွင်း ရာမှာ လည်း မေလ ၆ ရက်နေ့ ညနေ ၄ နာရီခွဲ မတိုင်မီ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းကို တင်ဒါပေး သွင်းရမှာ ဖြစ်ပြီး ဈေးပြိုင် တင်ဒါများ ကိုတော့ ၂၀၁၃ ခုနှစ် မေလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီမှာ ဖွင့်ဖောက် စစ်ဆေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

MRTV-4

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။