/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, April 24, 2013

.

လှိုင်သာယာတွင် အိမ်နီးချင်းဖြစ်ပွားသည့်ရန်ပွဲကို ၀င်ရောက်ဖျန်ဖြေရာမှ သံဃာတစ်ပါး ထိခိုက်ဒဏ်ရာရ

လှိုင်သာယာမြို့နယ် အမှတ် (၆)ရပ်ကွက် အောင်စန္ဒာလမ်း တွင် ဧပြီ ၂၃ ရက်နေ့ ညနေ ၄ နာရီကျော် ခန့် အချိန်က အိမ်နီး ချင်းဖြစ်ပွားသော ရန်ပွဲတစ်ခုအား သံဃာတစ်ပါးက ၀င်ရောက်ဖျန် ဖြေပေးရာမှ အဆိုပါ သံဃာမှာ ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိ သွားကြောင်း သတင်းရရှိသည်။

အဆိုပါနေ့ နံနက်ပိုင်းက အောင်စန္ဒာလမ်း အ ဆောင်(၄)၊ အခန်း(က)တွင် နေထိုင်သော ဒေါ်မြင့်မြင့်သန်းနှင့် ၎င်း၏ ကပ် ရပ်အခန်းနေ ဦးတင့်လွင်တို့သည် ဦးတင့်လွင်၏နေအိမ်တွင် ကွန် ကရစ် ခင်း သည့် ကိစ္စနှင့် ပတ်သက် ၍ နှစ်ဦးနှစ်ဖက် စကားများခဲ့ကြ ကြောင်း အဆိုပါစကားများသည့် ကိစ္စအား မြေပိုင်ရှင် လာေ ရာက်မှ ဖြေရှင်းကြရန် အိမ်နီးနားချင်းများ မှ ၀ိုင်းဝန်းပြောကြားခဲ့သော ကြောင့် ရန်ပွဲပြီး ဆုံးသွား ခဲ့ြေ ကာင်း သိရသည်။


ယင်းနေ့ညနေ ၄ နာရီ ကျော်ခန့်တွင် ဦးတင့်လွင်၏ဇနီး က နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ပြဿနာနှင့် ပတ် သက်၍ ၎င်းင်း၏ နေအိမ်ရှေ့သို့ထွက်ကာ ပတ်ဝန်း ကျင်သို့ မကြားဝံ့မနာသာ ပြော ဆိုနေသောေ ကြာင့် ဒေါ်မြင့်မြင့် သန်း၏ အစ်မဖြစ်သူနှင့် စကား များလုံးထွေး ရန်ဖြစ်ကြကြောင်း၊ ယင်းသို့ ဖြစ်ပွားနေစဉ် ဦးတင့် လွင် ၏သားဖြစ်သူ ဇင်မျိုးလတ်(ခေါ်) အရွတ်မန်းမှ ဓားကိုင်၍ ရောက်ရှိ လာသောကြောင့် နေပြည်တော် ပုဗ်္ဗသီရိမြို့နယ် မှန်ကင်းကျောင်း တိုက်မှ ကြွလာပြီး ရန်ပွဲဖြစ်ပွား သည့်နေအိမ်ရှေ့ရှိ အိမ် တစ်အိမ် တွင် ခေတ္တသီတင်းသုံးနေသော ဆရာတော်ဦးညာန်္ဒိမှ ၀င်ရောက် ဖျန်ဖြေစဉ် ဆရာတော်၏ ၀မ်း ဗိုက်နှင့် တံတောင်တို့တွင် ဒဏ်ရာ အနည်းငယ်ရရှိသွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက် ၍ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက ““ဒီကိစ္စ စဖြစ်တော့ ဦးတို့က အဲဒီ နားက မာရ်အောင် ဓမ္မာရုံမှာ တန်ဖိုးနည်းဖုန်းကတ် တွေမဲနှိုက်ပေးနေတော့ ပြဿနာ ကိုအချိန်မီ ထိန်း သိမ်းနိုင် ခဲ့ပါ တယ်။ ဘာပဋိပက္ခမှလည်း မဖြစ် ဘူး။ အခု အဲဒီမိသားစုကို ရဲစခန်း မှာ ထိန်းသိမ်းထားတယ်။ အမှု လည်းဖွင့်ထားတယ်။ ဆရာတော် ကတော့ အခု မြို့နယ် သံဃနာယကဆရာတော်ကျောင်းမှာ သီတင်း သုံးနေပါတယ်””ဟု ပြော ကြားသည်။

လှိုင်သာယာမြို့နယ် အုပ် ချုပ်ရေးမှူး ဦးထိန်စိုးက ““ဒါဟာ သာမန်ရန်ဖြစ်တဲ့ ဖြစ်ရိုးဖြစ်စဉ်ပါ။ အနည်းငယ် ထိခိုက်မိတာ ကလွဲ လို့ ဘာမှကြီးကြီးမားမားပြဿနာ မဖြစ်ပါဘူး။ ဥပဒေကြောင်းအရ လည်း အရေး ယူ ဆောင် ရွက်နေ ပါတယ်””ဟု ပြောကြားသည်။

အခင်းဖြစ်ပွားသည့်ညတွင် အဆိုပါလမ်းနှင့် ရပ်ကွက်အတွင်း တွင် အမှတ်(၅)ရဲတပ်ရင်းမှ ရဲ ကားနှစ်စီး၊ ရန် ကုန် တိုင်း စစ်ဌာန ချုပ်မှ စစ်ကားနှစ်စီးတို့က လုံခြုံ ရေးဆောင်ရွက်ပေးလျက်ရှိပြီးအဆိုပါဖြစ်စဉ်ကို အ ကြောင်းပြု ကာ မလိုလားအပ်သောပြဿနာ များ ဆက်လက်မဖြစ်ပွားစေရေး အတွက် ဆောင်ရွက်လျက် ရှိ ကြောင်း သတင်းရရှိသည်။

HotNewsWeekly

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။