/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, April 24, 2013

.

တစ်ထောင့်ငါးရာတန် ဖုန်းငွေဖြည့်ကတ်များ မည်သည့်နေရာတွင် မဆို ၀ယ်ယူနိုင်မည်

ငွေကျပ် ၁၅၀၀ တန် CDMA 800 MHz ဖုန်း ဆင်းကတ် များကို တိုင်းဒေသကြီးများ နှင့် ပြည်နယ် များ တွင် သက်ဆိုင်ရာ အစိုးရ အဖွဲ့ အသီးသီး၏ စီစဉ်မှု များဖြင့် လာမည့် ဧပြီလ ၂၄ ရက်နေ့၌ ပထမ အသုတ် ရောင်းချ ပေးတော့မည် ဖြစ်သည်။ အဆိုပါ တန်ဖိုးနည်း CDMA 800 MHz ဆင်းကတ် များ ၀ယ်ယူ နိုင်ရန် အတွက် လာရောက် လျှောက် ထားမှုများ သက်ဆိုင်ရာ ရပ်ကွက်များ အတွင်း များပြားလျက် ရှိကြောင်း သိရသည်။အဆိုပါ ပြည် နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ များ၏ ကြီး ကြပ်မှုဖြင့် ရောင်းချမည့် MECTel အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA 800 MHz မိုဘိုင်းလ်ဖုန်း များသည် လက်ရှိ မိုဘိုင်းလ် တယ်လီဖုန်း ဈေးကွက် တွင် ရောင်းချ လျက်ရှိသော CDMA 800 MHz ငွေဖြည့်ကတ် များဖြင့် အသုံးပြု၍ မရဘဲ MECTel အမှတ် တံဆိပ်ပါ ငွေဖြည့်ကတ် များဖြင့်သာ တယ်လီဖုန်း ပြောဆိုခ ငွေဖြည့်တင်း၍ ဆက်သွယ် အသုံးပြု နိုင်မည် ဖြစ်ကြောင်း သိရသည်။


ယခင် CDMA 800 MHz ငွေဖြည့်ကတ် များအား မည်သည့် နေရာတွင် မဆို ၀ယ်ယူ ထည့်သွင်းနိုင်ပြီး ယခု ငွေကျပ် ၁၅၀၀ တန် ငွေဖြည့်ကတ် များကိုမူ MECTel အမှတ်တံဆိပ် ပါ တစ်မျိုးတည်း ထုတ်လုပ်ပြီး နေပြည်တော် ကောင်စီ နယ်မြေတွင် ၅ ဆိုင် ၊ ကချင်ပြည်နယ်တွင် ၃ ဆိုင် ၊ ကယားပြည်နယ် တွင် ၂ ဆိုင် ၊ ကရင်ပြည်နယ် တွင် ၃ ဆိုင် ၊ မကွေးတိုင်း ဒေသကြီး တွင် ၅ ဆိုင် ၊ မန္တလေးတိုင်း ဒေသကြီးတွင် ၁၀ ဆိုင် ၊ မွန်ပြည်နယ် တွင် ၆ ဆိုင် ၊ ရခိုင်ပြည်နယ် တွင် ၄ ဆိုင် ၊ ရန်ကုန်တိုင်း ဒေသကြီး တွင် ၁၂ ဆိုင် ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် ၃ ဆိုင် ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် ၃ ဆိုင် ၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် ၄ ဆိုင် ၊ ဧရာဝတီတိုင်း ဒေသကြီး တွင် ၅ ဆိုင် နှင့် ၄င်းတို့၏ ဆိုင်ခွဲများ တွင် ရောင်းချမည် ဖြစ်၍ ငွေဖြည့်ကတ် နှင့် ပတ်သက်၍ တန်ဖိုးနည်းဖုန်း ၀ယ်ယူမည့် ပြည်သူများ အတွင်း စိုးရိမ်မှုများ ရှိနေကြ ကြောင်း သိရသည်။



အဆိုပါ အခြေအနေ နှင့် ပတ်သက်၍ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း ၊ မိုဘိုင်းလ် ဆက်သွယ်ရေး ဌာန အင်ဂျင်နီယာချုပ် ဦးဌေးင်း အား မေးမြန်းရာ " ၂၄ ရက်နေ့မှာ ရောင်းမဲ့ ၁၅၀၀ တန်ဖုန်း ငွေဖြည့်ကတ် တွေဟာလည်း ယခင် ဖုန်းတွေလို ပါပဲ ဘယ်နေရာမှာ မဆို ၀ယ်ယူနိုင် ပါတယ် ၊ ဘယ်ပြည်နယ် မှာ ဘယ် နှစ်ဆိုင် ဆိုတာက လက်ကားဆိုင် တွေကို ဆိုလိုတာပါ ၊ သူတို့ရဲ့ ဆိုင်ခွဲတွေလည်း အများကြီး ရှိပါတယ် ၊ အရင် ငွေဖြည့်ကတ် တွေလိုပါပဲ ဘယ်မှာ ၀ယ်ဝယ် ၀ယ်လို့ ရပါတယ် ..... " ဟု ပြန်လည် ပြောကြား ခဲ့ကြောင်း သိရှိရသည်။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။