/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, April 24, 2013

.

မာန်အောင် NLD ကံစမ်းမဲများ ရောင်း၍ ပါတီ ရန်ပုံငွေ ရှာဖွေမူ အောက်ခြေ ပါတီဝင်များ ကန့်ကွက်


ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တချို့မှ ကံစမ်းမဲများ ရောင်းချ၍ ပါတီရန်ပုံငွေရှာဖွေမူကို အောက်ခြေ ပါတီဝင်များက ကန့်ကွက်ဆန့်ကျင်နေကြသည်ဟု ပါတီ အဖွဲ့ဝင် တစ်ဦး ဖြစ်သူ ကိုသန်းနိုင်က ပြောသည်။


scaned-receipt-copy-NLD-news“ ကျွန်တော်တို့က ဒီကံစမ်းမဲ ရောင်းချတာဟာ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေနဲ့ မကိုက်ညီဘူး။ ကျွန်တော်တို့က ရိုးရိုးသားသားနဲ့ဘဲ ရံပုံငွေ ရှာစေ လိုတယ်။ ဒါကြောင့် ခုလို ကန့်ကွက်ရတာပါ” ဟု ဆိုသည်။

ကံစမ်းမဲဖေါက်ပြီး ရံပုံငွေ ရှာဖွေကြောင်းကို ကန့်ကွက်ကြောင်း ဧပြီလ ၅ ရက်နေ့က ရခိုင်ပြည်နယ် အမျိုး သား ဒီမိုကရေစီ အဖွဲ့ ချုပ် အလုပ်အမှုဆောင် ဥက္ကဌ လည်းဖြစ်၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် တစ်ဦး လည်း ဖြစ်သူ ဦးညီပုထံသို့ စာရေး တိုင်ကြားခဲ့သည်။ ထူးခြားမူ မရှိသည့် အတွက် ဧပြီလ ၂၂ ရက်နေ့က မာန်ေ အာင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလူမော်အား ဥပဒေနှင့် အညီ ဆောင်ရွက်ပေးရန် ထပ်မံ စာရေး တိုင်ကြားခဲ့သည်ဟု ဆိုသည်။

ကံစမ်းမဲ တစ်စောင်ကို တစ်ထောင်(၁၀၀၀) ကျပ်နှုန်းဖြင့် စောင်ရေ သုံးထောင်(၃၀၀၀) ကျပ်ငွေ သိန်း ( ၃၀) ရ ရှိအောင် ရောင်းချနေကြောင်း သူက ဆိုသည်။

၂၀၁၃ ခုနှစ် ဧပြီလ (၁၀) ရက်နေ့ တွင် နောက်ဆုံးထား ရောင်းချခဲ့ပြီး ၂၀၁၃ ခုနှစ် ဧပြီလ (၂၄) ရက်နေ့  တွင် ကံစမ်းမဲ ဖွင့်ပွဲကို မာန်အောင်မြို့ နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်၊ မြို့ နယ်ရုံးတွင် ကျင်းပ မည်ဖြစ်ကြောင်း ကြေညာထားသည်ဟု ကိုသန်းနိုင်က ပြောသည်။

“ ကျွန်တော်တို့က နိုင်ငံရေး ပါတီ တစ်ရပ်အနေနဲ့ တရားမ၀င် ကံစမ်းမဲ ရောင်းချပြီး ရံပုံငွေ ရှာဖွေခွင့် မရှိ ဘူး။ ကျွန်တော်တို့ ပါတီ တစ်ရပ်ဟာ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနဲ့ အညီသာ လုပ်ဆောင် သင့်ပါတယ်။ ကျွန်တော်တို့က ပါတီလမ်းကြောင်းမှန်တစ်ခုကို ရောက်စေလိုတဲ့ဆန္ဒနဲ့ ခုလို ဆန့်ကျင် ရတာသာ ဖြစ်ပါတယ်” ဟု ဆိုသည်။

narinjara.com

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။