/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, April 24, 2013

.

ဒေါ်စု အတွက် ဒဲ့မေးခွန်းများ


၁။ဒီမိုကရေစီနိုင်ငံပီပြင်စေရန်၂၀၁၅ မှာ ဒေါ်စု မဖြစ်မနေသမ္မတဖြစ်ရန်လိုအပ်ပါသလား

၂။လူထုက ဒေါ်စုကိုအားကိုးချင်တာလားNLD ကိုအားကိုးချင်တာလား(လေနဲ့ဝမ်းနဲ့ရောလွှတ်မိရင် လုံခြည် ခဏခဏ လဲရမှာစိုးလို့ = စကားချပ် )

၃။အမျိုးသားရေးကို လစ်လူပြုပီးနိုင်ငံရေးသရဖူဆောင်းနိုင်တဲ့ လူထုခေါင်းဆောင်မျိုးကမ္ဘာ့နိုင် ငံရေးလော က မှာရှိခဲ့ဘူးပါသလား


၎။ဒေါ်စုအာဏာရခဲ့ရင် နိုင်ငံတကာဆုများရှင်အနေနဲ့ မူလဆုပိုင်ရှင်နိုင်ငံများရဲ့ အလွန်အကျွံ အခွင့်အရေး တောင်း ဆိုလာနိုင်မှုများအပေါ် ငြင်းပယ်နိုင်ခွင့်အင်အားရှိနိုင်ပါ့မလား ဆုများရဲ့ နောက်ကွယ်မှာ ဘာတွေ ရှိခဲ့လဲဆိုတာ ရှင်းပြပေးပါ

၅။ဒေါ်စုအာဏာရခဲ့ရင် ဒေါ်စုနှင့်သူ၏ပါတီမှ သူ့နောက်တော်ပါးများအနေနဲ့ နှစ်နှစ်ဆယ်ကျော် နစ်နာမှု အကြောင်းပြု ထင်ရာမစိုင်း နိုင်ပါဘူးလို့ရော အာမခံနိုင်ပါသလား

၆။ဒေါ်စုပြန်လာရင်အမောပြေဖို့ဆိုပီး ကြံဖန်ဖားတတ်ကြသော အာဏာရှင် ဆန်ဆန်အတင်း ဗုတ်ခိုင်း ခဲ့သော ခွန်ဒီးယမ်တို့လိုသူမျိုးတွေ ဒေါ်စု အနီးကပ် လက်ရင်းတပဲ့(တပြည့်မဟုတ်) များအဖြစ် ရှိနေခြင်း အပေါ် စိုးရိမ်စရာအချက် တစ်ခုလို့မထင်မိကြဘူးလားခွန်ဒီးယမ်နဲ့ သူ၏အပေါင်းအပါများ မျက်နာ ရဖို့ အသုံးချခံလိုက်ရတယ်လို့ရောအခုမထင်မိဘူးလား

၇။ဒေါ်စုအနေနဲ့ ဒီမိုကရေစီမိခင်ကြီးခောတ်ပြောင်းတော်လှန်ရေး လူထုခေါင်းဆောင်နိုဗယ်ဆုရှင်ကြီး စသဖြင့်ပေါ့လေ ဂုဏ်ပုဒ်ပေါင်းများ စွာနဲ့တင် အနိုင်နဲ့ပိုင်းပီး သိက္ခာရှိရှိ အာဏာမရယူပဲ သမိုင်းရေးထိုးခံ သင့်တယ်လို့ရောမထင်မိဘူးလား တကယ်လို့ အဲ့လိုမဖြစ်သင့်ဘူးဆိုရင် ဒေါ်စုကမထင်တာလား ခင်များ တို့က မထင်တာလားသူအခုသမ္မတဖြစ် ချင်နေ တဲ့ဆန္ဒက သူ့ရပိုင်ခွင့်အခွင့်အရေးတစ်ခုလို့ သတ်မှတ်ထား တာလားအဲ့ဆန္ဒကသူ့ကိုအဓိကလွှမ်းမိုးနေ ပီဆိုရင် သူ့ရဲ့ ရှေ့ ဆက်လုပ်ရပ်တွေနဲ့ သူ့ပြောစကားတွေကို ဘယ်လောက်ရာခိုင်နှုန်းလောက် သာယုံကြည်ဖို့သင့်တော့တယ်ထင်ပါသလဲ

၈။ဒေါ်စုရဲ့ မဲဆွယ်ပွဲတွေနဲ့ လူထုဟောပြောပွဲတွေမှာ အကြမ်းဖျင်းအနေဖြင့်သူ့အနေနဲ့ဘာမှအာမ မခံနိုင် ကြောင်းနဲ့လူ ထုကိုသာစိတ်ဓါတ်တွေပြင်ကြ ဖို့ တွင်တွင်ပြောခဲ့တာကိုကြည့်ရင် နိုင်ငံအုပ်ချုပ်ချုပ်မှု ကိစ္စရပ် တွေအတွက် မပိုင်မနိုင် မဝံ့မရဲ စိုးရိမ်ကြောင့်ကြမှုရှိခြင်းမျိုးလား

၉။ဒေါ်စုအာဏာရခဲ့သော် သူ့ရဲ့ အမျိုးသားရေးပေါ်လစီအရ ၁၉၈၂ နိုင်ငံသား ဥပဒေကို အပြင်ဘူးလို့ အာမ ခံနိုင်ပါသလား

၁၀။သူအာဏာရပီးတဲ့အခါ သူ့ရဲ့ အမျိုးသားရေးပေါ်လစီကြောင့်အမျိုးသားရေး အုံကြွမှုများ ထိမ်းမနိုင် သိမ်းမရ ဖြစ်မလာနိုင်ပါ ဘူးနဲ့ ထိုကဲ့သို့ဖြစ်လာခဲ့သော် စစ်တပ်ကိုအာဏာ ပြန် လွှဲပေး ရလောက် တဲ့ အခြေအနေ မျိုးမရှိနိုင် လို့အာမခံနိုင်ပါသလား

၁၁။အကယ်၍များ ဒေါ်စုကိုယ်တိုင်အခြေအနေပေးပါလျက်နဲ့ အာဏာမရ ယူတော့ပါဘူးလို့ ဆိုလာခဲ့ ရင် အခုအမေအမေနဲ့ တမေထဲမေနေကြတဲ့ ပုဂ္ဂိုလ်များ မေနိုင်ကြပါဦးမည်လား အတင်းကာရော တိုက်တွန်းကြ ပါမည်လား အဘယ့်ကြောင့်နည်း

၁၂။ဒေါ်စုအာဏာရခဲ့သော် ခြုံထဲကဂျိုသွေးပီးစောင့်နေကြတဲ့ ဦးဝင်းတင်နဲ့ ဦးအောင်ထွန်းတို့လို ပုဂ္ဂိုလ်မျိုး တွေကြောင့် နိုင်ငံနောက်ပြန်လှည့်နိုင်တဲ့ အခြေနေမျိုးတွေဖြစ်မလာနိုင်ဟု အာမခံနိုင်ပါသ လားဒေါ်စု အနေနဲ့ရော အဲ့လိုပုဂ္ဂိုလ်မျိုးတွေကို နိုင်နိုင်နင်းနင်းကိုင်တွယ်နိုင်ပါ့မလား နောက်ဆုံး ဦးဝင်းတင် လိုပုဂ္ဂိုလ်မျိုးတွေအနေနဲ့ ဒေါ်စုကိုကန်ချ ကြားဖြတ်ရွေးကောက်ပွဲတွေနဲ့ အာဏာမသိမ်းဘူး ပြောနိုင်ပါ သလား

၁၃။ကျနော်တို့လူထုကရော လက်ရှိအစိုးရနဲ့အာဏာရပါတီကို အမြင်မကြည် တာလေးတစ်ခုအတွက် NLD ကို အာဏာအပ်ဖို့တကယ်ပဲ ဆုံးဖြတ်ထားကြ ပီးပီလား

ဒေါ်စုနဲ့ NLD မှတစ်ပါး အခြားပါတီများအနေနဲ့ အားကိုးလောက် စရာခေါင်းဆောင်မျိုးအား ကိုးလောက်စ ရာခေါင်းဆောင်မှု မျိုး မရှိနိုင်လို့ တထစ်ချယုံကြည်ထားကြ ပါသလား...မှတစ်ပါး အခြားမရှိဆိုတဲ့ သဘော မျိုးလား

၁၄။ဒေါ်စုအလွန်NLDအထက်ပါမေးခွန်းများအား ကြေလည်အောင်ဖြေဆိုပေးနိုင်ပါက ဘာပါတီဝင်မှ မဟုတ်တဲ့ကျနော် NLD ထဲခြေစုံပစ်ဝင် လိုက်မယ်။

(ဆဲဆိုခြင်းသီးမခံပါ )

From:Aunghtut Thet 

Credit : Here

4 comments:

  1. အမေစုကြောင့်မြန်မာကိုကမ္ဘာသိတာပါ

    ReplyDelete
  2. မင်းကလဲ ပုဆိုးပုန်းနဲလက်သီးပြနေတယ် သိချင်ရင်လူကိုတိုင်သွားမေ မင်းကကော ဒေါ်စုကိုမမုန်းပဲဒီစာကိုရေတာပါလို စိတ်သန်ရဲလား

    ReplyDelete
  3. သူများမျက်ချေးကိုချည်းကြည့်မနေပါနဲ့စာရေးသူ၊ ကိုယ့်ဘာသာလည်းပြန်ကြည့်ပါအုံး၊ မင်းလည်းNLD ကိုမ၀င်ပါနဲ့ကွာ၊ မင်းလိုဘာမှနားမလည်တဲ့ ဦးနောက်မရှိတဲ့ကောင်ကို အမြဲရှင်းပြနေရရင် ရှေ့မရောက်ပဲ နောက်ကြောင်းပြန်လည့်သွားမှာပေါ့၊

    ReplyDelete
  4. သူများမျက်ချေးကိုချည်းကြည့်မနေပါနဲ့စာရေးသူ၊ ကိုယ့်ဘာသာလည်းပြန်ကြည့်ပါအုံး၊ မင်းလည်းNLD ကိုမ၀င်ပါနဲ့ကွာ၊ မင်းလိုဘာမှနားမလည်တဲ့ ဦးနောက်မရှိတဲ့ကောင်ကို အမြဲရှင်းပြနေရရင် ရှေ့မရောက်ပဲ နောက်ကြောင်းပြန်လည့်သွားမှာပေါ့၊

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။