/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, April 24, 2013

.

ပြည်တွင်းပဋိပက္ခများနောက်၌ အစိုးရ နှင့် ပြည်ခိုင်ဖြိုး ပယောဂလုံးဝမပါဟု ဦးဌေးဦးဆို

လက်တလောဖြစ်ပွားခဲ့သော မိတ်္ထီလာ ပဋိပက္ခနှင့် မကြာခင်ကာ လဖြစ်ပွား ခဲ့သော ရခိုင်ပြည်နယ်တွင်း ပဋိပက္ခ များ၌ လက်ရှိအစိုးရနှင့် အာဏာရ ပြည်ခိုင်ဖြိုးပါတီမှ နောက်ကွယ်ကြိုး ကိုင်မှုများ ပယောဂများ လုံးဝမရှိ ကြောင်းနှင့် ပဋိပက္ခမှန်သမျှနှင့် ပြည်သူလူထုအား စိုးရိမ်ကြောင့်ကျ စေမည့် ကိစ္စမှန်သမျှအား အစွမ်း ကုန် ဆန့် ကျင်သွားမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌ ဦးဌေးဦးက Hot News သတင်းထောက်နှင့်ေ တွ့ဆုံစဉ် အတိအလင်း ပြောကြား သွားခဲ့ သည်။


“ပဋိပက္ခဆိုတာကိုဆန့်လည်း ဆန့် ကျင်တယ်။ လုံးဝလည်းလက် မခံဘူး။ တချို့က ပြောချင်ကြ တယ်။ အာ ဏာ ပိုင် အဖွဲ့အစည်း တွေ လုပ်တာ၊ နောက်ကနေကြိုး ကိုင်တာ၊ သူတို့ကပြဿနာဖန်တီး ပြီးသူတို့ ကိုယ် တိုင်ဖြေ ရှင်းပြီးတော့ လူထု ရဲ့ အမှတ်ကိုယူနေတာဆိုပြီး ဆိုချင်ကြတယ်။ တချို့တွေဆိုပါတီ ကြီးတွေလိုပါ ရည် ရွယ်ပြီးပြောကြ တယ်။ ကျွန်တော်တို့ ပြည်ခိုင်ဖြိုး ကိုဆိုလိုသလားဆိုတာကိုတော့ ကျွန်တော် ဘာမှမပြောချင်ဘူး။ ပြောရ ရင်ဒီဖြစ်စဉ်တွေနဲ့ ပတ်သက် ပြီး တိုင်းပြည်ကို ချစ်တဲ့သူတိုင်းက ဒါမျိုးဘယ်ဖြစ်စေ ချင်မ လဲ။ တိုင်းရင်းသား တွေအနေနဲ့လည်း ပြည်တွင်းမှ နှစ်ပေါင်းများစွာ အတူယှဉ်တွဲနေထိုင်လာကြတာ ပဋိပက္ခ ဆိုတာ ဘယ်ဖြစ်စေချင်မ လဲ။ ကျွန်တော်တို့လည်းကိုယ့်တိုင်း ပြည်ကိုယ်ချစ်တာပဲ။ တိုင်းပြည် ကိုချစ် တဲ့သူတိုင်း ဟာ တိုင်းပြည် ထဲမှာ မတည်မငြိမ်ဖြစ်တာ၊ ပြည်သူ တွေစိုးရိမ်ကြောင့်ကြနေနေရတာ တွေ ကို ဘယ်ဖြစ် စေချင်ပါမလဲ။ ဒီတော့ ကျွန်တော်ပြောချင်တာက ကျွန်တော်တို့ ဒီပဋိပက္ခဆိုတာကို လုံးဝ ကို လက်မခံဘူး။ နောက်တစ်ခုက ဒီလိုပဋိပက္ခဖြစ်စဉ်တွေနဲ့ နောက်ကွယ်မှာ အစိုးရအနေနဲ့ ရော ကျွန်ေ တာ် တို့ပြည်ခိုင် ဖြိုးပါတီ အနေနဲ့ရောက် လုံးဝပါဝင်ကြိုးကိုင် မှုမရှိဘူး”ဟု ပြည်ခိုင်ဖြိုးပါတီဒုဥက္ကဋ္ဌ ဦးဌေးဦး ကပြော သွားခဲ့ သည်။

လက်တလောဖြစ်ပွားခဲ့သော ပြည်တွင်းပဋိပက္ခများသည်အစိုးရ သစ်အတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်စေခဲ့ပြီး။ အ ချို့သော သူများ ကမူ အဆိုပါဖြစ်ပွားခဲ့သောပြည် တွင်း ပဋိပက္ခများနောက်၌ အာဏာရှိသူတစ်ဦးဦး (သို့) အဖွဲ့ အစည်းတစ်ခုခု၏နောက်ခံကြိုးကိုင် မှုမပါပဲ။ မဖြစ်နိုင်ကြောင်း ပြောဆို လျက်ရှိနေကြသည်။

ခန့်ခန့်(ဒဿနိက)
HotNewsWeekly

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။